RS တစ်ခုမှာ အမျိုးသားတွေပြုလုပ်လေ့ရှိတဲ့ အမှားများ

Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအနေနဲ့ RS တစ်ခုမှာ အမျိုးသားတွေ ဘယ်လိုအမှားတွေ ကျူးလွန်လေ့ရှိသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ ဆင်ခြင်စရာရှိတာ ဆင်ခြင်နိုင်ဖို့ပါ။

(၁) ကလေးအဖေ မဖြစ်လိုခြင်း

သမီးရည်းစားဘ၀မှာ အမျိုးသားတွေ အကြောက်ဆုံးစကားကတော့ ချစ်သူကောင်မလေးက ကျွန်မမှာ ကိုယ်ဝန်ရနေပြီဆိုတဲ့ စကား ဖြစ်ပါတယ်။ အဲဒီစကား ကြားလိုက်ရရင် တီကောင်ကို ဆားနဲ့တို့လိုက်သလိုဖြစ်သွားပြီး ဆက်တိုက်အမှားတွေ ကျူးလွန်တော့တာပါပဲ။ အဆိုးဆုံးက ဆောက်တည်ရာမရ ဖြစ်နေတဲ့အချိန်မှာ ” ဒီကိုယ်ဝန်က ငါနဲ့ရတာ ဟုတ်သလား “ဆိုပြီး ရူးကြောင်မူးကြောင် မေးမိတတ်ပါတယ်။ ဒါဟာ မဟာအမှားတွေပါဘဲ။

(၂) ၀ါသနာများကိုစွန့်လွှတ်လိုက်ခြင်း

ချစ်သူရပြီဆိုတာနဲ့ ချစ်သူ အလိုကျနေထိုင်ဖို့အတွက် ၀င်ငွေစိတ်မချရတဲ့ ၀ါသနာကို အရင်းတည်ထားတဲ့ လုပ်ငန်းတွေကို လှည့်မကြည့်ချင်တော့ပါဘူး။ ၀င်ငွေရမယ့် လုပ်ငန်းကိုသာ လုပ်ချင်ကြပါတော့တယ်။ ဒါကြောင့်လည်း ထွန်းပေါက်တဲ့သူ နည်းသွားတာ ဖြစ်နိုင်ပါတယ်။ တစ်ချို့ဆိုရင် ကိုယ်ပိုက်ဆံနဲ့ကိုယ် သီချင်းလေး တစ်ခွေလောက် လုပ်ထားပြီး အောင်မြင်မှုလည်း အထိုက်အလျှောက် ရနေတာတောင် ချစ်သူနဲ့ပတ်သက်လာတဲ့အခါ ဆက်ပြီး မလုပ်ဖြစ်တော့တာမျိုး ရှိပါတယ်။

READ
ပုရိသတွေသိထားသင့်တဲ့ Gentelman တစ်ယောက်၏ အပြုအမူများ

(၃) Sex ကိစ္စကို အရေးထားခြင်း

နောက်တစ်ခုက အမျိုးသားတွေရဲ့ မဟာအမှားတွေထဲမှာ ကောင်မလေးက ချစ်တယ်လို့အဖြေပေးလိုက်ကတည်းက ဟိုကိစ္စအတွက် အမြဲတမ်း ချောင်းမြောင်းနေတယ်၊ ဖျားယောင်းနေတတ်တယ်၊ သွေးဆောင်နေတတ်တယ်။ ဒါဟာ ချစ်သူကို အရေးမထားလို့ မဟုတ်ပါဘူး။ တစ်ခါတလေ သူငယ်ချင်းတွေက မြှောက်ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။ အဲဒီလို မဆင်မ
ခြင် လုပ်ပြီးကာမှ နံပတ်(၁)အချက်ကို ကြုံတွေ့ရတဲ့အခါ ဆောက်တည်ရာမရ ဖြစ်တတ်ပါတယ်။

(၄) ကတိတွေအများကြီးပေးမိခြင်း

အမျိုးသားတော်တော်များများဟာ ကတိပေး ပတ်စက်လေ့ရှိပါတယ်။ အဲဒီကတိတွေကိုလည်း ပေးချင်လွန်းလို့ ပေးတာမျိုး မဟုတ်ပါဘူး။ အမျိုးသမီးလုပ်သူက အရမ်းပူဆာလွန်းလို့ နားအေးရင် ပြီးတာပဲဆိုပြီး ခပ်တည်တည် ပေးလိုက်တယ်။ မကြာခင်မှာ မေ့ပျောက်သွားလေ့ရှိပြီး အဲဒီအချက်ဟာ အမျိုးသမီးတော်တော်များများနဲ့ ခွာပြဲရတဲ့ ပြဿနာ ဖြစ်ပါတယ်။

READ
ကြက်သွန်ဖြူကအိမ်ထောင်ရေးမှာ ယောက်ျားတွေကိုစွဲဆောင်မှုပိုရှိစေ

(၅) စိတ်ခံစားချက် ပြင်းလွန်းခြင်း

အမျိုးသားတွေဟာ ချစ်သူနဲ့ပတ်သက်ရင် စိတ်ခံစားချက် ကြီးမားလွန်းပြီး အရမ်းကြီးမျှော့်လင့်တတ်ပါတယ်။ ဒါတွေကပဲ အမျိုးသမီးတစ်ယောက်ရဲ့ ဖောက်ပြန်မှုတစ်ခုခုကို သံသယရှိတဲ့အခါ အဆုံးစွန်သော တုံ့ပြန်မှုတွေ ဖြစ်လာရခြင်းဖြစ်ပါတယ်။ ဒါကိုလည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။

လင်းဇော်ကို (Shwemom)

sm

SHARE