ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဖြစ်သလို လူတွေအပေါ် သစ္စာအရှိဆုံး အိမ်မွေးတိရစ္ဆာန်လေးတွေဆိုလည်း မမှားပါဘူး။ သခင်ဖြစ်သူတွေအပေါ်လဲ အရွယ်ကြီးတွေနဲ့ မလိုက်အောင် အမြဲလိုလို ချွဲတတ်ကြတာလဲ ခွေးကလေးတွေပါပဲ။ အခုပြောပြချင်တဲ့ ခွေးကလေးကတော့ ထိုင်းနိုင်ငံမှာ နာမည်ကြီးနေတဲ့ ခွေးကလေးတစ်ကောင်အကြောင်းပါပဲ။ အဆိုပါ ခွေးကလေးကတော့ ဒူးရင်းသီးသည်ခွေးကလေး Jubjib ပဲ ဖြစ်ပါတယ်။

Jubjib ဟာ ထိုင်းနိုင်ငံရှိ ဒူးရင်းသီးခြံကြီးထဲမှာ သခင်မိသားစုနဲ့အတူတူ နေထိုင်တဲ့ Golden Retriver ခွေးကလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ Jubjib ရဲ့ သခင်ဖြစ်သူတွေဟာ Jubjib လေးကို ငယ်စဉ်ကတည်း မွေးစားခဲ့တာ ဖြစ်ပြီး အဆိုပါ ဒူးရင်းသီးခြံထဲကိုတော့ လွန်ခဲ့တဲ့ ၇ နှစ်ကတည်းက ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ ရောက်ခါစမှာတော့ Jubjib ဟာ ဒူးရင်းသီး အနံ့တွေကြောင့် မနေတက်မထိုင်တက်တွေ ဖြစ်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်း အသားကျသွားခဲ့တာ ဖြစ်ပါတယ်။


သခင်ဖြစ်သူတွေ ဒူးရင်းသီးခူးတဲ့ အချိန်ကတော့ Jubjib လေးတစ်ကောင် အပျော်ဆုံးပါပဲ။ အဲဒီလို အချိန်မျိုးဆိုရင် Jubjib လေးဟာ အလုပ်သမားဝတ်စုံလေးနဲ့ ဒူးရင်းသီးခြံအနှံ့ကို လျှောက်သွားပြီး ပဲများနေတတ်တာပါ။ ဒီလိုနဲ့ နောက်ပိုင်းမှာကျတော့ သခင်ဖြစ်သူတွေဟာ Jubjib လေးရဲ့ ဓာတ်ပုံတွေကို Facebook ပေါ်တင်ရင်း Jubjib လေးအတွက် Jubjib Durian လို့ အမည်ရတဲ့ Page တစ်ခု ထောင်ခဲ့ပါတယ်။ အဲဒီ Page မှာတော့ Jubjib လေးရဲ့ ဓာတ်ပုံတွေကို အမြဲလိုလို တင်လေ့ရှိတဲ့အပြင် ဒူရင်းသီးတွေကိုလည်း လက်လီလက်ကားရောင်းချကြောင်း သိရှိရပါတယ်။


“Jubjib က ကျွန်တော်တို့အတွက် အရမ်းကံကောင်းစေတဲ့ ခွေးကလေးပါပဲ။ သူဒီခြံကို ရောက်လာပြီးနောက်ပိုင်းမှ ဒူးရင်းသီးတွေ အထွက်တိုးခဲ့သလို အရောင်းအဝယ်တွေလည်း တက်လာခဲ့တာပါ။ Jubjib က လူယဉ်သလို အရမ်းလူချစ်လူခင်ပေါများတဲ့ ခွေးကလေးပါ။ သူ့ရဲ့မျက်နှာကြည့်ပြီး လူတွေက ကျွန်တော်တို့ဆီက ဒူးရင်းသီးတွေကို မှာယူအားပေးနေကြတာပါ”လို့ Jubjib ရဲ့ သခင်ဖြစ်သူတစ်ဦးက Bored Panda သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw