အဖေသာရှိရင် “Young Rock” တီဗီစီးရီးကို အရမ်းသဘောကျမှာဆိုတဲ့ Dwayne Johnson

instagram/therock

NBC က ထုတ်လွှင့်မယ့် Young Rock ဟာ Dwayne Johnson ရဲ့ ငယ်ဘဝအကြောင်းတွေကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒါပေမဲ့ Johnson ရဲ့ငယ်ဘဝဟာ အားလုံးအဆင်ပြေခဲ့တာချည်းပဲတော့မဟုတ်ပါဘူး။ Young Rock မှာတော့ Johnson က ပရိသတ်တွေသဘောကျအကြိုက်တွေ့စေအောင် သူ့ဘဝကို အရိုးသားဆုံးဖော်ပြနိုင်ဖို့ မျှော်လင့်နေပါတယ်။

သူ့ဘဝဟာ တကယ်ပဲ ရှုပ်ထွေးခဲ့ကြောင်းနဲ့ ကြမ်းကြမ်းတမ်းတမ်းနဲ့ ကြီးပြင်းလာခဲ့တဲ့အကြောင်းလည်း Johnson က ပြောပြခဲ့တာပါ။ Young Rock မှာတော့ Johnson ရဲ့ငယ်ဘဝက အသက်၁၀နှစ်အရွယ်၊ ၁၅နှစ်အရွယ်၊ ၁၈နှစ်အရွယ် အပိုင်း၃ပိုင်းကို အဓိကဦးတည်ထားပါတယ်။ ဒါ့ပြင် ၂၀၃၂ ခုနှစ်မှာလည်း သမ္မတအဖြစ် သူကမ်ပိန်းတွေလုပ်နေတဲ့ပုံကိုလည်း တစ်လှည့်တွေ့မြင်ရဦးမှာပါ။ တီဗီစီးရီးမှာတော့ Adrian Groulx, Bradley Constant, နဲ့ Uli Latukefu တို့က Johnson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ မိသားစုကတော့ Johnson ကို Dewey လို့ ခေါ်ပါတယ်။

 

View this post on Instagram

 

A post shared by therock (@therock)

Young Rock မှာတော့ Johnson ရဲ့ ငယ်ဘဝအကြောင်းအပြင် သူ့ရဲ့ဖခင် နပန်းသမားကြီး Rocky Johnson ရဲ့အကြောင်းတွေကိုပါ ဖော်ပြထားပါတယ်။ Rocky Johnson ရဲ့နေရာမှာတော့ Joseph Lee Anderson က သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး WWE အကျော်အမော်ဖြစ်တဲ့ Rocky Johnson ဟာ အသက် ၇၅နှစ်အရွယ် ဇန်နဝါရီ ၂၀၂၀ခုနှစ်မှာပဲ ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

READ
မွေးနေ့အမှတ်တရ အတွက် Fan တွေကို ကျေးဇူးတင်စကား ဆိုလိုက်တဲ့ Song Ji Hyo

“ဒီဇာတ်ဝင်ခန်းတွေကို ပြန်ကြည့်တိုင်း ကျွန်တော့်ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့အချိန်တွေကို ပိုပြီးတန်ဖိုးထားတတ်လာတယ်။” လို့ Johnson က ဆိုပါတယ်။ Johnson ရဲ့ငယ်ဘဝမှာတော့ ကောင်းတဲ့အရာတွေလည်း အများကြီးရှိခဲ့ပါသေးတယ်။ ငယ်ငယ်တုန်းက ခရီးတွေသွားရတာ၊ နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေနဲ့ ဆုံရတာ၊ ချောမောလှပတဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံရတာ၊ နာမည်ကျော် နပန်းသမားကြီးတွေနဲ့ ရင်းနှီးရတာ စတာတွေလည်းပါဝင်ပါတယ်။ Johnson ကတော့ ကွယ်လွန်သူ ဖခင်သာ Young Rock ကိုကြည့်သွားခွင့်ရရင် အရမ်းကောင်းမှာပဲလို့ ဆိုခဲ့ပြီး ဒီအတွက် ဂုဏ်ယူနေမှာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ Young Rock ကိုတော့ ဖေဖော်ဝါရီ ၁၆ရက်နေ့ကျရင် NBC မှာ ပထမဆုံးထုတ်လွှင့်ပြသသွားမယ်လို့လည်း CNN အရ သိရပါတယ်။

ShweMom

SHARE