၂၀၂၀ ခုနှစ်အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ပြိုင်ဖို့စဉ်းစားနေတဲ့The Rock

WWE (World Wrestling Entertainment) နပမ်းသမားဟောင်းတစ်ယောက်ဖြစ်တဲ့  The Rock ဟာ အမေရိကန် သမ္မတ တစ်ယောက်ဖြစ်ဖို့အတွက် ၂၀၂၀ ခုနှစ်မှာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့စဉ်းစားနေတယ် လို့သိရပါတယ်။

အစီအစဉ် တင်ဆက်သူတစ်ဦးဖြစ်တဲ့ ဂျင်မီဖောက်လန် (Jimmy Fallon) နဲ့ စကေားပြောဝိုင်းတစ်ခုမှာ နပမ်းသမားဟောင်းနဲ့ ဟော်လိဝုဒ် သရုပ်တစ်ဦးဖြစ်သူ The Rock က ၂၀၂၀ ခုနှစ်မှာ သမ္မတ ရွေးကောက်ပွဲ ၀င်ပြိုင်မှာဖြစ်တယ် ဆိုတဲ့ ကောလာဟာလတွေနဲ့ ပါတ်သတ်ပြီး ဖြေရှင်းခဲ့ပါတယ်။

အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ ဒီဝိန်း ဒေါက်ဂလပ်စ်ဂျွန်ဆင် (Dwayne Douglas Johnson) က အမေရိကန် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မှာလားဆိုတဲ့ မေးခွန်းကို တိုက်ရိုက် ၀န်ခံခြင်းမရှိခဲ့ပေမဲ့ သူဝင်ပြိုင်မယ်ဆိုတဲ့ အရိပ်အမြွက်များကိုတော့ ပြောသွားခဲ့ပါတယ်။

READ
ပရိသတ်တွေကို ရင်ခုန်သံမြန်သွားအောင် လုပ်လိုက်ပြန်တဲ့ နွယ်နွယ်ထွန်း

The Rock ဟာ နိုင်ငံရေး လောက ထဲကို ၀င်ဖို့ သေချာစဉ်းစားလျက်ရှိနေတယ် လို့ပြောဆိုခဲ့ပြီး အနာဂါတ်မှာ လက်ရှိသမ္မတ ထရမ့်နဲ့ ယှဉ်ပြိုင်ရွေးကောက်ခံဖို့ကို စဉ်းစားနေတယ် လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။
” လူထုဟာ တမူထူးခြားတဲ့ ခေါင်းဆောင်တွေကို တောင့်တနေပါတယ်။ဆောရီး ပိုတော်တဲ့ခေါင်းဆောင်တွေကို မျှော်လင့်နေပါတယ်။ ” လို့ပြောဆိုခဲ့တာဖြစ်ပါတယ်။လတ်တလောမှာ ကောက်ယူခဲ့တဲ့စစ်တမ်းများအရ ထရမ့်ဟာ အမေရိကန် နိုင်ငံရေးမှာ လူကြိုက်နည်းနေပြီး The Rock သာ ရွေးကောက်ပွဲဝင်ခဲ့ရင် နိုင်ခြေရှိနေပါတယ်။

” ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်တွေကတည်းက မနက်ပိုင်းစောစောထ အလုပ်သွားပြီး တပ်ဖွဲ့များကို စီမံခန့်ခွဲရတဲ့ အလုပ်တစ်ခုကို လုပ်ချင်နေခဲ့တာပါ။ကျွန်တော်က လူတွေကို ဂရုစိုက်ရတာကို မြတ်နိုးပါတယ်။နောင်လာမဲ့ ၃ နှစ်ခွဲဆိုတဲ့ အချိန်အတွင်းမှာ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ဒီတော့ ကျွန်တော်တို့ ဆက်စောင့်ကြည့်ရအောင်။” လို့ပြောဆိုခဲ့ပါတယ်။

READ
ချစ်ခွင့်ပန်ချင်သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ သင်္ချာဆရာမလေး Oksana

Slash (Shwemom)

Ref : Elite Reader

SHARE