e-စီးကရက်သည် ဆေးလိပ်ကဲ့သို့ပင် ကျန်းမာရေးကိုဆိုးရွားစေနိုင်ဟုတွေ့ရှိ

e-စီးကရက် သောက်သုံးခြင်းဟာ ဆေးလိပ်သောက်ခြင်းကဲ့သို့ပင် ကျန်းမာရေးကို ဆိုးရွားစေနိုင်ကြောင်း ကျွမ်းကျင်သူ
တွေက သတိပေးပြောကြားခဲ့ပါတယ်။ e-စီးကရက်ကို ဆေးလိပ်အစားထိုး ကိရိယာအဖြစ် ဗြိတိန်လူမျိုးပေါင်း 2 သန်း
ကျော်က အသုံးပြုနေကြပြီး ဘေးထွက်ဆိုးကျိုး လုံးဝ မရှိနိုင်ဘူးလို့ ယုံကြည်နေကြပါတယ်။

အခုအခါမှာတော့ လေ့လာတွေ့ရှိမှုအသစ်အရ e-စီးကရက် သောက်သုံးခြင်းဟာ ဆေးလိပ်ကဲ့သို့ပင် လူကို ကျန်းမာရေးထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ e-စီးကရက်ဟာ နှလုံးရဲ့ ဘယ်ဘက်သွေးပြန်ကြောကို သာမာန်ဆေးလိပ်တွေ ထိခိုက်
စေသလိုမျိုး ထခိုက်စေနိုင်ပါတယ်။

British Heart Foundation မှ ပါမောက္ခ/ဆေးပညာဒါရိုက်တာဖြစ်တဲ့ Peter Weissberg က ” e-စီးကရက် သောက်သုံး
ခြင်းဟာ သာမာန်ဆေးလိပ်တွေ သောက်သလိုပဲ ….ခန္ဓာကိုယ်ရဲ့ ပင်မသွေးကြောကြီးကို ပိတ်ဆို့ကျဉ်းမြောင်းစေပါ
တယ် … “လို့ ပြောပါတယ်။

READ
အိပ်ပျော်နေချိန်မှာ အမြင့်ကပြုတ်ကျသလို ခံစားမှုမျိုး ဘာကြောင့် ခံစားရတာလဲ …?

ပြီးခဲ့တဲ့နှစ်က e-စီးကရက်ကို သောက်သုံးခဲ့တဲ့သူတွေကိုသာ သီးသန့်စစ်တမ်းလုပ်ခဲ့ပါသေးတယ်။ အဲဒီမှာ e-စီးကရက်
သောက်သုံးသူ 95%ဟာ နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ၊ သွေးကြောကျဉ်းရောဂါတွေနဲ့၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို သာမာန်ဆေးလိပ်သောက်သူတွေလိုပဲ ခံစားခဲ့ရတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ မှတ်တမ်းမှတ်
ရာဖြစ်ပြီး e-စီးကရက်ကို လွတ်လပ်စွာ သောက်သုံးခွင့် မပြုသင့်ဘူးဆိုတဲ့ အဆိုကိုလည်း အတိအလင်း ထောက်ခံရာ
ရောက်ပါတယ်။

e-စီးကရက်ကို ဆေးလိပ်အစားထိုးအဖြစ် သို့မဟုတ် ဆေးလိပ်ဖြတ်ရန် ခက်ခဲသူတို့အတွက် တီထွင်ခဲ့တာ ဖြစ်ပြီး အချို့
နိုင်ငံတွေမှာ ဆေးလိပ်အစား တရားဝင်ရောင်းချခွင့်တွေပါ ပေးခဲ့တဲ့အထိ e-စီးကရက်လုပ်ငန်းက အောင်မြင်ခဲ့ပါတယ်။ ဒါ
ပေမယ့် လက်တလောတွေ့ရှိချက်တွေအပေါ်မှာ ပြည်သူကျန်းမာရေးအတွက် စိုးရိမ်စရာကို ဦးတည်နေပြီဖြစ်လို့ e-စီးက
ရက် သုံးစွဲခွင့်ကိုလည်း မကြာခင် နိုင်ငံကြီးတော်တော်များများမှာ ကန့်ကွက်ဖို့ရှိတယ်လို့လည်း ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်နေပါတယ်။

READ
ခံတွင်းအနံ့ဆိုးဝါးခြင်းကိုကုစားဖို့ ဆောင်ရန်ရှောင်ရန်များ

e-စီးကရက်ကို ထုတ်လုပ်ရောင်းချနေတဲ့ Electronic Cigarette Industry Trade Association ကုမ္မဏီရဲ့ ပြောရေးဆို
ခွင့်ရှိသူ Tom Pruen ကတော့ ” သွေးလွှတ်ကြောကို ထိခိုက်စေနိုင်တဲ့ အရာတွေ အများကြီးပါဘဲ … ဒါဟာ တွေ့ရှိချက် အသစ်မဟုတ်ပါဘူး “လို့ တုန့်ပြန်ခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

source : mirror.co.uk

SHARE