သားလေးအတွက် မွေးနေ့ဆုတောင်း ပေးခဲ့ကြတဲ့ ပြေတီဦးနဲ့ အူဝဲ

အူဝဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင် တစ်ယောက် သားဖြစ်သူရဲ့ မွေးနေ့အတွက် Birthday wish ကို Video call နဲ့ပဲ လုပ်ပေးခဲ့ရတယ်လို့သိရပါတယ်။ကလေးတွေရဲ့ အနားမှာ ရှိမနေတဲ့ အခုလိုပဲ video call ခေါ်ပြီး မွေးနေ့ဆုတောင်းပေးခဲ့ရတယ်လို့ သူမရဲ့ fb ပေါ်မှာ ရေးထားပါတယ်။

“ဒီနေ့ သားလေး၂နှစ်ပြည့်တဲ့နေ့ မှာမေမေကအနားမှာမရှိ😩video callလေးနဲ့ ပဲBirthday wish လုပ်ရတယ်..” ဆိုပြီး တင်ထားခဲ့ပါ တယ်။ အူဝဲဟာ လက်တလောမှာတော့ ကြီးလေးကြီး ဆိုတဲ့ ဇာတ် ကားကို တခြားအနုပညာရှင်တွေနဲ့ အတူရိုက်ကူးနေ တာဖြစ်ပါတယ်။

ပြေတီဦးကလည်း သားဖြစ်သူရဲ့ နှစ်နှစ်ပြည့် မွေးနေ့အတွက် ” Happ y Birthday ပါ သားသား ပြေဓီရ ရေ….ဖေဖေ့အတွက် အားအင်ေ တွ အများကြီး ရစေတဲ့ သားလေး..ဘဝတစ်လျှောက်လုံး ကျန်းမာေ ပျာ်ရွှင်စွာနဲ့ လူတွေကို အကျိုးပြုနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါစေလို့ ဖေဖေဆုတောင်းပေးပါတယ်…ပြေဓီရက…မျက်နှာပြောင်တတ်တယ်….မျက်နှာချိုတယ်….

“အားကစားလည်း အရမ်းဝါသနာပါတယ်…အခုကတည်းက တင်းနစ် ရိုက်နေပြီ….ပြေဓီရကတော်တော်များများ ဖေဖေနဲ့ အကုန်နီးပါး တူတယ်..မတူတာတစ်ခုတော့ ရှိတယ်…အဲဒါဘာလဲဆိုတာ သိရင်ပြောပြကြပါ….” ဆိုပြီး တင်ထားခဲ့ပါတယ်။

Photos from Eain dara Kyaw Zin & pyap ti oo’s fb

SHARE