အသားလုံးအီတလီခေါက်ဆွဲကို အသားမပါဘဲ အရာသာရှိအောင် ဟင်းရွက်နဲ့ချက်နည်း

Freepik- natalyhanin

သတ်သတ်လွတ်စားသုံးခြင်းဟာ အသားအရေလှစေနိုင်တယ်၊ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တယ်၊ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရတဲ့အပြင်ကိုမှ သူတစ်ပါးရဲ့အသက်ကို ကိုယ့်ဝမ်းစာအတွက် မထိခိုက်စေဘူးဆိုတော့ အပြန်အလှန်အကျိုးပြုနိုင်တဲ့ ကိစ္စတွေ ဖြစ်လာနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ သတ်သတ်လွတ် အသားလုံးအီတလီခေါက်ဆွဲ လုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။ အီတလီခေါက်ဆွဲခေါ် spaghetti တွေဆိုတာ ဒီမှာတော့ ဆိုင်ကြီးတွေမှာ သွားရလေ့ရှိတဲ့ အစားအသောက်တစ်မျိုးပေါ့။ ဒါပေမဲ့လည်း အိမ်မှာပဲ လွယ်လွယ်ကူကူနဲ့ လုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

အဆင့် (၁)

Spaghetti ခေါက်ဆွဲခြောက်ကို ဆားအနည်းငယ်ထည့်ထားတဲ့ ရေနွေးထဲကို ထည့်ပြီး ပြုတ်ပါ။ အနေတော်လောက်ရပြီဆိုရင် ရေအေးနဲ့ ဆေးချပြီး ရေစစ်ထားပါ။

အဆင့် (၂)

Soya Granules လို့ခေါ်တဲ့ အသင့်စား ပဲနို့လုံးအမှုန့်ထုပ်လေးတွေ စူပါမားကတ်ကြီးတွေမှာရှိပါတယ်။ အဲဒီအထုပ်လေးကို သုံးပြီးတော့ အနည်းငယ်ယူ၊ ကြကသွန်ဖြူနဲ့ နီတို့ကို နုတ်နုတ်စင်း၊ ငရုတ်ပွသီးထည့်၊ ပြောင်းဂျုံမှုန့် ၂ ဇွန်း၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ကို ရောနယ်ပါ။

READ
ရှူးရှဲကြက်သားမျှစ်ချိုကြော်
Freepik- Lecithin

အဆင့် (၃)

ပြီးရင်တော့ ရလာတဲ့အနှစ်ကို အသားလုံးအတိုင်း အလုံးကြီးတွေ လုံးပြီးတော့ ဟင်းရွက်ဆီနဲ့ ကျော်ပေးပါ။ ရွှေညိုရောင်ဖြစ်လာတဲ့အထိ ထားပါ။

အဆင့် (၄)

ဆီကိုအပူပေး၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းအနည်းငယ်တို့ကို နုတ်နုတ်စင်းပြီး ဆီသတ်မယ်။ ပြီးရင် ကြက်သွန်နီထည့်မယ်။ ခရမ်းချဉ်သီး ၂ လုံးလောက်နဲ့ စူပါမားကတ်မှာရောင်းတဲ့ spaghetti ချက်တဲ့အခါသုံးတဲ့ ခရမ်းချဉ်သီးဆော့ရယ်ကို ထည့်မွှေပြီး ၂ မိနစ်လောက် နှပ်ထားပါ။

Freepik- valeria_aksakova

အဆင့် (၅)

နောက်ဆုံးအဆင့်ရောက်ပါပြီ။ ဆားအနည်းငယ်၊ oregano အနည်းငယ်၊ ငရုတ်သီးခြောက် အနည်းငယ်တို့ကို ခုဏကအနှစ်ထဲ ရောနယ်ပြီးတော့ ပဲအလုံးကြီးတွေနဲ့ ရောချက်ပါ။ ၃ မိနစ်လောက် မီးအေးအေးနဲ့ နှပ်ထားပါ။ နောက်တော့ ရေစစ်ထားတဲ့ ခေါက်ဆွဲကိုထည့်ပြီး ချက်ကာ စားနိုင်ပါပြီ။

Freepik- timolina

penny

SHARE