လည်ပင်း ၊ ဂုတ်ပေါ်က အမည်းကြောင်းတွေက အရမ်းဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လည်ပင်းပေါ်မှာ အမည်းကြောင်းဖြစ်နေတာက လူကို စိတ်မသက်သာစေပါဘူး။ အသက်အရွယ်ကြောင့် ၊ နေရောင်ထိထားတာကြောင့် ၊ တကိုယ့်ရည်သန့်ရှင်းမှုအားနည်းတာကြောင့် ၊ ဆီးချိုရောဂါကြောင့် ၊ မျိုးရိုးကြောင့် ၊ ၀ိတ်တတ် ၊ ၀ိတ်ကျသွားတာကြောင့် ၊ ကိုယ်ဝန်ရှိနေတာကြောင့် ၊ အစားအသောက်မမှန်တာကြောင့် ၊ အရေပြားပိုးဝင်တာကြောင့် စတဲ့ပြဿနာတွေကြောင့် အခုလို ဖြစ်ရတာပါ။
(၁) Baking Soda
Bakind Soda ကတော့ အသားအရည် ပြောင်းတာတွေ ၊ အမည်းကြောင်းဖြစ်တာတွေအတွက် ကောင်းစေတယ်။ ပါဝင်ပစ္စည်းတွေကတော့ Baking Soda နဲ့ ရေတို့ပဲဖြစ်ပါတယ်။
- ရေနဲ့ Baking Soda တို့ကို ရောပေးပါ။
- ရလာတဲ့အနှစ်ကို ဂုတ်ပေါ်မှာ လိမ်းပေးပါ။
- (၁၅)မိနစ်လောက် ထားပေးပါ။
- ရေနဲ့ဆေးချလိုက်ပါ။
Baking Soda ရဲ့ တခြားအသုံးဝင်ပုံတွေကိုလည်း ဒီနေရာမှာ ကြည့်ရှုလို့ရပါတယ်။
(၂) သံပရိုသီး
သံပရိုသီးက မီးဖိုချောင်ထဲမှာ အလွယ်တကူရှာဖွေ့ပြီး အသုံးပြုလို့ရပါတယ်။ သံပရိုသီးမှာ အချဉ်ဓာတ်ပါတာကြောင့် အမည်းကြောင်းတွေကို ဖြူအောင် ချွတ်ပေးနိုင်တယ်။ ဒါကြောင့် သင့်ရဲ့အမည်းကြောင်းတွေကို ဖြူလာအောင် လုပ်ပေးနိုင်မယ့် နည်းရှိပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ သံပရိုရည် ၊ နနွင်း နဲ့ ဂွမ်း တို့ပဲဖြစ်ပါတယ်။
- သံပရိုရည် နဲ့ဂုတ်ပေါ်က အမည်းကြောင်းတွေကို လိမ်းပေးပါ။ (၁၀-၁၅)မိနစ်လောက် အခြောက်ခံထားပေးပါ။ ရေနဲ့ ဆေးချပေးပါ။
- နောက်တစ်နည်းကတော့ သံပရိုရည်ထဲကို နနွင်းမှုန့်ထည့်ပေးပြီး အမည်းကြောင်းနေရာကို လိမ်းပေးပါ။ (၁၀-၁၅)မိနစ်လောက်ထားပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးပေးပါ။
မှတ်ချက် ။ ။ သံပရိုရည်ကို ဂုတ်ပေါ် လိမ်းပေးပြီး နေပူထဲ မထွက်မိပါစေနဲ့။
(၃) အာလူး
အာလူးက အသားအရေကို နဂိုအတိုင်းပြန်ဖြစ်လာစေဖို့ ချွတ်ပေးနိုင်တဲ့ အကောင်းဆုံး ကုသနည်းပဲဖြစ်ပါတယ်။ အာလူးမှာ catecholase ဆိုတဲ့ ဓာတ်ပါတာကြောင့် လည်ပင်း၊ ဂုတ်ပေါ်မှာ ရှိနေတဲ့ အမည်းကြောင်းတွေကို ပြန်ဖြူလာစေနိုင်တယ်။
- အာလူးကို ပါးပါးလှီးပေးပြီး လည်ပင်း ၊ ဂုတ်တွေကို (၅-၁၀)မိနစ်လောက်ပွတ်ပေးပါ။ ဒီအတိုင်း (၂-၃)လ လောက်ပုံမှန်လုပ်ပေးပါ။
- ပိုပြီး မြန်မြန်ပျောက်ချင်တယ်ဆိုရင်တော့ သံပရိုရည်နဲ့ အာလူးရည်ကို ရောပေးပြီး လည်ပင်း ၊ ဂုတ်တွမှာ လိမ်းပေးပါ။ (၁၅)မိနစ်လောက်ထားပေးပြီး ရေနဲ့ပြန်ဆေးပေးပါ။
source : rapidhomeremedies