နေ့တိုင်း ငှက်ပျောသီး ပုံမှန်စားပေးရင် ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားမလဲ..

pexels/Luis Quintero

တစ်နေ့ ပန်းသီးတစ်လုံးစားပေးရင် ဆရာဝန်မလိုဘူးဆိုတဲ့ ဆိုရိုးတစ်ခုကို စာဖတ်သူတွေကြားဖူးကြမှာပါ။ ဒါပေမဲ့ ပန်းသီးနည်းတူ နေ့တိုင်းစားသုံးပေးသင့်တဲ့ သစ်သီးတစ်မျိုးကတော့ ငှက်ပျောသီးဖြစ်ပါတယ်။ ငှက်ပျောသီးဟာ ကျန်းမာရေးအတွက်အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်ပါတယ်။ ငှက်ပျောသီးထဲ ဗီတာမင်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် ငှက်ပျောသီးကို အလွန်အကျွံတော့မဟုတ်ဘဲ တစ်နေ့တစ်လုံး သို့မဟုတ် နှစ်လုံး ပုံမှန်စားပေးသွားရင် ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးကိုအထောက်အကူပြုစေမှာဖြစ်ပါတယ်။

အူကျန်းမာရေးကို ကောင်းမွန်စေတယ်

၂၀၁၇ခုနှစ်ကပြုလုပ်တဲ့ Nutrition Bulletin ထဲမှာပါတဲ့ လေ့လာချက်တစ်ခုအရ ငှက်ပျောသီးတွေမှာ ခုခံအားကောင်းစေတဲ့ကစီဓာတ်တွေပါဝင်ပြီး ၄င်းတို့ဟာ အူအတွက်ကောင်းမွန်စေတဲ့ short-chain fatty acid တွေကို ထုတ်လွှတ်ပေးတယ်ဆိုပါတယ်။ ဒါကြောင့် ငှက်ပျောသီးဟာ အူလမ်းကြောင်းတည်ငြိမ်အောင်ထိန်းသိမ်းပေးနိုင်စွမ်း ရှိပါတယ်။

နှလုံးကျန်းမာရေးကို အထောက်အကူပေးတယ်

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပါတယ်။ ပိုတက်ဆီယမ်ဟာ နှလုံးကိုသန်စွမ်းစေဖို့ ကူညီပေးပါတယ်။ လူအများစုက နေ့စဉ်အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ်ကို အလုံအလောက်မစားဖြစ်ကြပါဘူး။ ဒါကြောင့် နောက်ပိုင်း သွေးဖိအားထိန်းချူပ်မှုအပေါ်မှာ သက်ရောက်မှုဖြစ်စေပြီး နှလုံးကျန်းမာရေးရဲ့အခြားသောအစိတ်အပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ Healthline ကတော့ ပိုတက်ဆီယမ်ကြွယ်ဝတဲ့ငှက်ပျောသီးကို နေ့စဉ် တစ်လုံးစီစားပေးရင် နှလုံးရောဂါကို ၂၇ရာခိုင်နှုန်းအထိ လျော့ကျစေတယ်ဆိုပါတယ်။

READ
E စီးကရက်ကလည်း ကင်ဆာဖြစ်ပွားစေနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်များသတိပေး
pexels/Luis Quintero

ကိုယ်အလေးချိန်ကျစေနိုင်တယ်

ငှက်ပျောသီးကို ပုံမှန်စားသုံးပေးရင် ဝိတ်ကျတယ်ဆိုတဲ့အချက်ကို လူသိနည်းပါတယ်။ ငှက်ပျောသီးမှာ အမျှင်နဲ့ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အကြာကြီးဗိုက်ပြည့်စေကာ အဆာခံနိုင်တာကြောင့် ဖြစ်ပါတယ်။

အသားအရည်ကောင်းစေတယ်

အသားအရည်ကောင်းဖို့အကြောင်းတွေးတဲ့အခါ ဆော်လမွန်ငါး၊ ထောပတ်သီး၊ သစ်ကြားသီးစတာတွေကို တွေးမိပါလိမ့်မယ်။ ဒါပေမဲ့ ငှက်ပျောသီးကလည်း အရေပြားကျန်းမာရေးအတွက် ဆေးကောင်းတစ်ခုပါပဲ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါလို့ ကော်လာဂျင်ပမာဏကို တိုးမြှင့်ပေးနိုင်ပါတယ်။ အရေပြားမှာ ဝက်ခြံပေါက်တာ၊ ပါးရည်တွန့်တာ၊ အသားအရည်ခြောက်တာတွေအတွက် ငှက်ပျောသီးတစ်နေ့တစ်လုံးစားခြင်းက အကူအညီဖြစ်စေသလို တစ်ချို့ကလည်း ငှက်ပျောသီးmask တွေကို အသုံးပြုကြပါတယ်။

အမြင်အာရုံတိုးလာမယ်

National Institute of Health အရ ငှက်ပျောသီးမှာ ဗီတာမင်အေပါဝင်တဲ့အတွက် မျက်လုံးကိုကာကွယ်ပေးခြင်း၊ ပုံမှန်အမြင်အာရုံဖြစ်အောင်ထိန်းညှိပေးခြင်း၊ ညအချိန် အမြင်အာရုံကိုကောင်းမွန်စေခြင်း စတဲ့အချက်၃ချက်ကို လုပ်ဆောင်ပေးနိုင်တယ်ဆိုပါတယ်။ မျက်လုံးအားကောင်းဖို့အတွက် မုန်လာဥနီတစ်မျိုးတည်းပဲ စားစရာရှိတာမဟုတ်ပါဘူး။ ငှက်ပျောသီးကို တစ်နေ့တစ်လုံးစားသုံးပေးရင်တော့ အမြင်အာရုံကောင်းလာမှာဖြစ်တဲ့အပြင် ခွန်အားပြည့်ပြီး အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ခံစားရမှာဖြစ်ကြောင်း eatthis သတင်းစာမျက်နှာကနေတဆင့် ဖော်ပြပေးလိုက်ရပါတယ်။

READ
Adeleကိုဆေးလိပ်ပြတ်အောင်ကူညီပေးခဲ့တဲ့ အိပ်မွေ့ပညာရှင်ရဲ့ ဆေးလိပ်ဖြတ်နည်း

ShweMom

SHARE