ခံတွင်းရေယုန်နာကို အမြန်ဆုံးသက်သာစေမယ့် အိမ်တွင်းဆေးဝါးကုထုံးများ

instagram/dr.mo.ibrahim

မှီဝဲတဲ့အစာအာဟာရမမျှတဲ့အခါ၊ အာဟာရချို့တဲ့တဲ့အခါတွေမှာ ခံတွင်းရေယုန်နာတွေပေါ်လာတတ်ပါတယ်။ ပါးစပ်ထဲ ရေယုန်ပေါက်တဲ့အခါ ခံတွင်းမှာ နာကျင်ပြီး အစာစားတဲ့အခါမှာလည်း အဆင်မပြေနဲ့ စိတ်မသက်မသာဖြစ်ရပါတယ်။ ပါးကို အမှတ်တမဲ့ကိုက်မိတာ၊ ပါးစပ်မှာ အဖုအပိန့်ထတာ၊ ဒါမှမဟုတ် ပိုးဝင်တာ စတာတွေကြောင့် ခံတွင်းရေယုန်နာဖြစ်တတ်ပါတယ်။ အခုအခါမှာတော့ ခံတွင်းရေယုန်နာပေါက်ရင် အမြန်ဆုံးသက်သာအောင်ပြုလုပ်နိုင်စွမ်းရှိတဲ့ အိမ်တွင်းဆေးဝါးတွေကို pinkvilla က တဆင့်ဖော်ပြပေးလိုက်ပါတယ်။

ပျားရည်

ပျားရည်ဟာ ပိုးသတ်နိုင်တဲ့အစွမ်းရှိတဲ့အတွက် ခံတွင်းထဲက အနာရဲ့နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။ ရေယုန်ပေါက်တဲ့နေရာကို ပျားရည်မကြာခဏသုတ်လိမ်းပေးနိုင်ပါတယ်။

pexels/Kaboompics .com

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါနဲ့ရေကိုရောကာ အနှစ်ရအောင်လုပ်ပြီး ရေယုန်ပေါ်လိမ်းကာ ခြောက်သွားပါစေ။ ခြောက်သွားတာနဲ့ ရေနဲ့ ဆေးပြီး ပလုတ်ကျင်းလိုက်ပါ။ တစ်နေ့သုံးကြိမ်ပြုလုပ်ပေးပါ။

ဆားရည်

ရေနွေးနွေးတစ်ဖန်ခွက်ထဲ စားပွဲတင်ဇွန်းနဲ့ ဆားတစ်ဇွန်းထည့်မွှေလိုက်ပါ။ ပြီးတော့ အနာသက်သာစေဖို့ ဆားရည်ကို ပလုတ်ကျင်းပေးပါ။ တစ်နေ့သုံးကြိမ်လုပ်ပေးရင် ပါးစပ်နာနေတာ သိသိသာသာ သက်သာလာပါလိမ့်မယ်။

READ
မနက်စားမစားတဲ့သူတွေ နှလုံးရောဂါ ခံစားရဖို့ ရာခိုင်နှုန်း အလွန်များကြောင်းတွေ့ရှိ
pexels/Dana Tentis

အုန်းဆီ

အုန်းဆီဟာလည်း ခံတွင်းနာတွေကို ပိုးသတ်နိုင်စွမ်းရှိပါတယ်။ အုန်းဆီကို အနာပေါ်မှာ မိနစ်အနည်းငယ်လောက်သုတ်လိမ်းပေးပါ။ ညအချိန်အိပ်ရာဝင်တဲ့အခါလည်း အနာပေါ်အုန်းဆီလိမ်းပြီးအိပ်နိုင်ပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးမှာလည်း ပိုးသတ်နိုင်တဲ့အစွမ်းရှိပါတယ်။ အနာကြောင့် နာကျင်ရောင်ရမ်းတာကို သက်သာစေပါတယ်။ သွားတိုက်ဆေးကို အနာဖြစ်တဲ့နေရာမှာ အနည်းငယ်သုတ်လိမ်းပြီးထားပေးပါ။ မိနစ်အနည်းငယ်ကြာထားပြီးရင်တော့ ဆေးပစ်နိုင်ပါပြီ။

လေးညှင်းဆီ

လေးညှင်းဆီကိုတော့ သွားကိုက်တဲ့အခါ၊ ခံတွင်းထဲ အနာပေါက်တဲ့အခါတွေမှာ အသုံးပြုနိုင်ပါတယ်။ လေးညှင်းဆီကို ဂွမ်းလေးနဲ့တို့ယူပြီး ခံတွင်းအနာပေါ်မှာ လိမ်းပေးနိုင်ပါတယ်။

ShweMom

SHARE