
အခုပြောပြချင်တဲ့ ကောင်မလေးတ်စယောက်ကတော့ အသက် ၁၇ နှစ်သာရှိသေးတဲ့ အမျိုးသမီးနှင်းလျှောစီးသမားလေးတစ်ယောက် အကြောင်းပဲ ဖြစ်ပါတယ်။ သူမရဲ့ နာမည်ကတော့ Eileen Gu ဖြစ်ပြီး အမေရိကန်-တရုတ်လူမျိုး တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်နိုင်ငံ၊ San Francisco မြို့မှာ နေထိုင်နေတဲ့ Gu ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့မှာ ကျင်းပခဲ့တဲ့ X Games ပြိုင်ပွဲမှာ မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Gu ဟာ ၂၄ နာရီအတွင်း ပြိုင်ပွဲ ၃ ခုဝင်ပြိုင်ပြီး ဆု ၃ ဆုလုံးကို ရရှိခဲ့လို့ပဲဖြစ်ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့(၂၉.၁.၂၀၂၁)တုန်းက စတင်ယဉ်ပြိုင်တဲ့ အမျိုးသမီး Ski Big Air ပြိုင်ပွဲမှာ Gu ဟာ ကြေးတံဆိပ်ကို စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီညမှာပဲ အမျိုးသမီး Ski Superpipe ပွဲစဉ်မှာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့သလို နောက်တစ်နေ့မှာ ယှဉ်ပြိုင်တဲ့ အမျိုးသမီး နှင်းလျှောစီးပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုကို ထပ်မံဆွတ်ခူး ရရှိခဲ့ပြန်ပါတယ်။ ဒီလိုမျိုး X Games ပြိုင်ပွဲတွေမှာ တရုတ်လူမျိုးတစ်ယောက်အနေနဲ့ ရွှေတံဆိပ်ဆု ရရှိတာ ပထမဦးဆုံးဖြစ်ပါတယ်။ ဒါ့အပြင် X Games ပြိုင်ပွဲကျင်းပလာတဲ့ ၂၅ နှစ်သက်တမ်းတစ်လျှောက်မှာလည်း ဒီလိုမျိုး ၂၄ နာရီအတွင်း ဆုတံဆိပ် ၃ ခုကို ယူနိုင်တဲ့ ပထမဦးဆုံး ပြိုင်ပွဲဝင်ကတော့ Gu ပဲ ဖြစ်ပါတယ်။
Eileen Gu becomes the first Chinese athlete in @XGames history to win gold
She is also the first rookie to win gold in superpipe. pic.twitter.com/9MG7ciCfcX
— SportsCenter (@SportsCenter) January 30, 2021
“ဒီလိုမျိုး စံချိန်အသစ်တစ်ခု ရရှိခဲ့တဲ့အတွက်ကြောင့် အရမ်းပျော်ပါတယ်။ အစကတော့ အဲဒီလောက်အထိ ရရှိုင်မယ်လို့ ကိုယ့်ကိုယ်ကို မထင်ထားခဲ့ပါဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင်နေတဲ့ တောက်လျှောက်မှာ ပြိုင်ပွဲအပေါ်ကို တော်တော်အာရုံစိုက်ပြီး ကြိုးစားခဲ့လို့ အခုလို ဖြစ်လာခဲ့တာပါ။ Gu ကို တောက်လျှောက်အားပေးနေတဲ့ ပရိသတ်တွေကိုလည်း အရမ်းကျေးဇူးတင်မိသလို Gu ရဲ့ အေင်မြင်မှုအတွက်လည်း ပရိသတ်တွေ ဝမ်းသာနေမယ်လို့ မျှော်လင်ပါတယ်”လို့ Gu က သူမရဲ့ Instagram မှာ ဖော်ပြခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw