မြေးဖြစ်သူအတွက် Totoro ဘတ်စ်ကားမှတ်တိုင်လေး ပြုလုပ်ပေးခဲ့တဲ့ အဘိုးအို

IG/yokobyb

အနောက်တိုင်းက စင်ဒရဲလား မင်းသမီးလေး ကျော်ကြားသလို ဂျပန် Animation ဇာတ်လမ်းတွေက ကလေးတွေတင်မက ကမ္ဘာပေါ်ရှိ သူတော်တော်များများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဂျပန် Animation ကားတွေထဲမှာ My Neighbor Totoro ဆိုတဲ့ ဇာတ်လမ်းကို အားလုံး ရင်ထဲ မှတ်မိနေဦးမှာပါနော်။ ဆေးရုံတက်နေတဲ့ မိခင် ဖြစ်သူကို တွေ့ချင်တဲ့ ကလေးနှစ်ယောက်က Totoro လို့ ခေါ်တဲ့ ကြောင်ကြီးနဲ့ မိတ်ဆွေဖြစ်သွားခဲ့ပြီး ကြောင်ဘတ်စ်ကားလေးကို စီးပြီး သွားတဲ့ အကြောင်းလေးပေါ့။ ဒီကားထဲက Totoro ကတော့ ကလေးအားလုံးရဲ့ စိတ်ကူးယဉ်စရာ ချစ်စရာ ကြောင်ကြီး ဖြစ်နေခဲ့ပါတယ်။

 

၁၉၈၈ ခုနှစ် ဧပြီလမှာ ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး ဇာတ်လမ်းကတော့ ၈၆ မိနစ်ပဲ ကြာပါတယ်။

READ
အတွင်းခံကြော်ငြာ ရိုက်ကူးခဲ့တဲ့ Jason Statham ရဲ့ ဇနီးချောလေး Rosie

 

 

View this post on Instagram

 

#OMG Grandparents create a life-sized #Totoro #BusStop ☔️ for their grandchildren💓. The replica is now part of the Totoro-theme bus stop in #Miyazaki #Prefecture. Have you been here before? ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ ▪ •••••••••••••••••••••••••••• 📸 images via Miyazaki •••••••••••••••••••••••••••• ⛩️Tag your best photos with @japanesetutormelbourneschool to be featured ❤️ •••••••••••••••••••••••••••• #japanesetutormelbourne #nunawadingjapaneseschool #ghibli #myneighbortotoro #totorolover #anime #japan #japantravel #explorejapan #travel #cooljapan #instajapan

A post shared by JAPANESE TUTOR MELBOURNE 🇯🇵 (@japanesetutormelbourneschool) on

အခုချိန်ထိ Totoro က ပရိသတ်တွေရဲ့ ရင်ထဲရော၊ ကလေးတွေရဲ့ ရင်ထဲမှာပါ ရှိနေတဲ့အကြောင်းကို ဂျပန်နိုင်ငံက အဖိုးအဖွားတွေက သက်သေပြုလုပ်သလို အဖြစ်အပျက်လေး ရှိနေပါတယ်။ အဲ့ဒါကတော့ အဖိုးအဖွားနှစ်ယောက်က သူတို့ရဲ့ မြေးတွေအတွက် Totoro ရုပ်ကြီး အကြီးကြီးကို ပြုလုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

READ
Deepika Padukone နဲ့ Ranveer Singh တို့ရဲ့ Wedding Date ထွက်ပေါ်လာ

 

ဂျပန်နိုင်ငံ Kyushu ကျွန်းရဲ့ Takahuru မြို့လေးမှာ ဒီအရုပ် ရှိနေတာ ဖြစ်ပါတယ်။ အသက် ၇၀ ကျော် အဖိုးအဖွားတွေက သူတို့ရဲ့ မြေးတွေနဲ့ မြေးဖြစ်သူရဲ့ သူငယ်ချင်းတွေအတွက် ဘတ်စ်ကား မှတ်တိုင်မှာ ထားရှိခဲ့ပါတယ်။ Totoro ဘတ်စ်ကား မှတ်တိုင်လေးကတော့ အခုချိန်မှာ ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အပြည့် ရရှိထားပါတယ်။

 

တကယ့်ကို ချစ်စရာကောင်းတဲ့ အဖိုးအဖွားတွေရဲ့ စိတ်ကူးကောင်းလေးပါပဲနော်။

Kham

SHARE