ကြင်နာတတ်တဲ့ အမျိုးသမီးတစ်ဦးကျွေးတဲ့ ညစာကြောင့်ငိုကျွေးခဲ့ရတဲ့ သနားစရာအဖွားအို

အသက်အရွယ်ကြီးနေပြီဖြစ်တဲ့ အဖွားအိုတစ်ဦးက ညစာအတွက် စားသောက်ဆိုင်က စားကြွင်းစားကျန်လေးတွေကို လိုက်လံ တောင်းရမ်းနေပါတယ်။ အဲဒီမှာ သနားညှာတာစိတ်ရှိတဲ့ အမျိုးသမီးတစ်ဦးက ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ်ရှိလှတဲ့ သူမအတွက် ညစာကိုဝယ်ယူကျွေးမွေးခဲ့တာကြောင့် အဘွားအိုက ၀မ်းသာလွန်းလို့ငိုခဲ့ရတဲ့ အကြောင်းကို RachFeed သတင်းမှာတွေ့ရှိရပါတယ်။

လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ပေါ်မှာ ပျံ့နှံ့သွားခဲ့တဲ့ ပို့စ်တစ်ခုအရ Carmen Mendez ဆိုသူ အမျိုးသမီးက သူမရဲ့ ယောင်္ကျားလေးသူငယ်ချင်းဖြစ်သူနဲ့ ကယ်လီဖိုးနီးယားက ရေပန်းစားနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ညစာစားဖို့သွားခဲ့ပါတယ်။  သူမသတိပြုမိတာက အစားအသောက်အကြွင်းအကျန်တွေကို  လိုက်တောင်းနေတဲ့ အဘွားအိုတစ်ဦးပါ။ ဒါပေမယ့် ညစ်ပတ်ပေကျန်နေပြီး ဘိုသီဘတ်သီဖြစ်နေတဲ့ သူမကို လူတွေကရှောင်သွားကြပါတယ်။ လာစားသောက်နေတဲ့ လူတွေက မကုန်ဘဲနဲ့ကျန်နေတဲ့အစားအသောက်တွေကိုတောင် မပေးချင်တဲ့အပြင် သူမကို မောင်းထုတ်နေပါတယ်။

Photo credit: Carmen Mendez / Facebook

Mendez ရေးသားထားတာကတော့ အဘွားအိုကို ဒီလိုမျိုးလျစ်လျူရှု ဆက်ဆံတာ မြင်ရတဲ့အခါ သူမအလွန်စိတ်မကောင်းဖြစ်မိတဲ့အကြောင်းပါ။ နောက်ပြီးတော့ သူမကအိမ်ခြေရာမဲ့တွေအတွက် လုပ်အားပေးတစ်ယောက်အနေနဲ့ ယခုတိုင် ချစ်ခင်မှုအပြည့်နဲ့ ကူညီနေဆဲဖြစ်ကြောင်း သူမရဲ့ Facebook စာမျက်နှာမှာမျှဝေထားပါတယ်။

READ
အလိုက်သိလွန်း ကြင်နာတတ်လွန်းတဲ့ ခင်ပွန်းကြောင့် ကွာရှင်းခွင့်တောင်းခဲ့တဲ့ အမျိုးသမီး
Photo credit: Carmen Mendez / Facebook

ညစာစားပြီးတဲ့နောက်မှာ Mendez က ကျန်တဲ့ကြက်သားတွေကို အဘွားအိုကိုပေးဖို့ သွားခဲ့ပါတယ်။ ဒါပေမယ့် အဘွားအိုကို မတွေ့တော့တာကြောင့် လွှတ်ပစ်ဖို့ကို တွေးနေတုန်းမှာ အဘွားအိုကလာပြီး သူမကို ပေးလိုက်ဖို့တောင်းပါတယ်။ ဒါနဲ့ Mendez က သူမစားတာကြည့်နေတုန်းမှာပဲ အကျန်တွေကျွေးနေတာဆိုတဲ့စိတ်ကြောင့် ကိုယ်တိုင်မလုံမလဲခံစားခဲ့ရပါတယ်။ ပြီးနောက်မှာ အဘွားကြီးကို သင့်လျော်လတ်ဆတ်တဲ့ ညစာတစ်ပွဲဝယ်ကျွေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူမကိုယ်တိုင် အဘွားကို ဆိုင်ထဲခေါ်လာပြီး ဆိုင်ဝန်ထမ်းတွေကိုလည်း အဘွားကို မောင်းမထုတ်ပစ်ဖို့ ပြောဆိုခဲ့တာပါ။ အဲဒါနဲ့ မှာထားတဲ့ ညစာရောက်လာတဲ့အခါ အဘွားအိုက ကျေနပ်မှုနဲ့ အတူ ၀မ်းသာလုံးဆိုပြီး ကျေးဇူးတင်တဲ့ အနေနဲ့ Mendez ကို ဖက်ကာငိုကြွေးခဲ့ပါတယ်။

SHARE