လျှပ်စစ်ဌာနက ဝန်ထမ်းတွေဘဝဟာလည်း နေ့စဉ်ရက်ဆက်ဆိုသလို အသက်ဘေးအန္တရာယ်ကို အံတုရင်း ပြည်သူတွေ လျှပ်စစ်ပုံမှန်ရရှိဖို့အတွက် လုပ်ဆောင်ပေးနေကြရတာပါ။ လျှပ်စစ်ဝန်ထမ်းတွေထဲ တစ်ကမ္ဘာလုံးမှာမှ တစ်ယောက်ပဲရှိတဲ့ လျှပ်စစ်ဝန်ထမ်းလေးတစ်ယောက်ရဲ့ ထူးထူးခြားခြားဗီဒီယိုလေးကို ပရိတ်သတ်တွေကို မျှဝေပေးချင်ပါတယ်။
ဗီဒီယိုကိုတော့ All India Radio News ရဲ့ Twitter မှာ တင်ထားခဲ့တာပါ။
သင်တို့တစ်သက်လုံး မီးတိုင်တွေ၊ ဓာတ်တိုင်တွေကို တက်ပြင်တဲ့ အမျိုးသမီးလျှပ်စစ်ဝန်ထမ်းရှိတယ်ဆိုတာ ကြားဖူးလား။ တကယ်လို့ ရှိတယ်ပဲထားဦး ဒီလောက် အိမ်တစ်အိမ်စာတောင် ကျော်တဲ့ ဓာတ်တိုငအမြင့်ကြီးတွေကို တက်ဖို့ဆိုတရင် ပစ္စည်းကိရိယာတွေ အကူအညီတော့ ရယူရမှာပါပဲ။
ဒါပေမဲ့ သူကတော့ အဲလိုမဟုတ်ပါဘူး။ သူမနာမည်ကတော့ Usha Jagdale ပါတဲ့။ Maharashtra ဒေသမှာ လျှပ်စစ်ဝန်ထမ်းအဖြစ် ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ Usha ဆိုရင် တစ်နယ်လုံး မသိတဲ့လူရယ်လို့ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သူမဟာ အမျိုးသမီး လျှပ်စစ်ဝန်ထမ်းတစ်ဦးဖြစ်တဲ့အပြင်ကိုမှ ဓာတ်တိုင်ပေါ်တက်ပြီး ကိုယ်တိုင်ပြင်ပေးရတဲ့ ပညာရှင်ဖြစ်နေလို့ပါပဲ။


အဒီထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Usha ရဲ့ ဓာတ်တိုင်တက်နည်းပါပဲ။ ဘယ်လောက်ပဲ ကျွမ်းကျင်တယ်ပြောပြော ဓာတ်တိုင်ပေါ်တက်ပြီး မီးပြင်မယ်ဆိုရင် အနည်းဆုံးတော့ လှေကားတော့ သုံငးရမှာပဲ။ ဒါပေမဲ့ Usha ကတော့ ကာကွယ်ရေးဝတ်စုံတွေ၊ ကြိုးတွေ လုံးဝမပါတဲ့အပြင်ကိုမှ လှေကားပါမသုံးဘဲ လက်ဗလာခြေဗလာနဲ့ ဓာတ်တိုင်ကို တွယ်တွယ်တက်သွားခဲ့တာပါပဲ။

နောက်မြန်ဆန်လိုက်ပုံများလည်း မျောက်လေးများလားတောင် ထင်မှတ်နေရပါတယ်။ လူတချို့ကတော့ သူမရဲ့ ကျွမ်းကျင်မှုကို ချီးကျူးနေကြပေမယ့်လို့ တချို့ကတော့ အိန္ဒိယရဲ့ အောက်ခြေဝန်ထမ်းတွေဘဝဟာ ကာကွယ်မှုမရှိ၊ ပစ္စည်းကိရိယာအစုံမရှိတဲ့အတွက်ကြောင့် တော်တော်လေးကို စိုးရိမ်နေပါတယ်လို့ ပြောလာခဲ့ပါတယ်။
ဒါကေတာ့ Usha ရဲ့ ဓာတ်တိုင်တက်နေတဲ့ပုံလေးတွေပါ။
Ever heard of a woman climbing electric poles, fixing snapped wire? Usha Jagdale working in #Maharashtra‘s Beed is exception in male dominated profession.
By addressing grievances of consumers effectively she ensured uninterrupted power supply during #lockdown
Report: Shashi pic.twitter.com/D2ix4jWO7T
— All India Radio News (@airnewsalerts) August 10, 2020
Penny