တစ်ခြားဆင်တွေ အသတ်ခံရတိုင်း အဖော်ဆင်တွေငိုလေ့ရှိကြောင်း ဖော်ပြထားတဲ့ဗွီဒီယို

ဥရောပနိုင်ငံတွေနဲ့ ယူကေနိုင်ငံတွေကတော့ တိရစ္ဆာန်တွေကို အကာအကွယ်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ဆိုပေမယ့်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အမဲလိုက်ခြင်းဟာ အပျော်သဘောနဲ့ ထားရှိသင့်တယ်လို့ဆိုကြောင်း Metro က ဖော်ပြထားပါတယ်။

WWF

ဒါပေမယ့် ဒီဖော်ပြချက်ဟာ အမေရိကန်သမ္မတကို အမြင်စောင်းသွားစေဖို့ တမင်ဖော်ပြထားတာလို့ အမေရိကန်အခြေစိုက်တွေက တုန့်ပြန်ထားပါတယ်။ မည်သို့ပင်ဆိုစေကာမူ သက်ရှိသတ္တ၀ါတိုင်းဟာ မိမိအသက်ခန္ဓကိုယ်တော့ အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုကြပါတယ်။

WWF

ဒီလိုပဲ နီးစပ်ရာကို သံယောဇဉ်တွယ်တာတတ်ပြီး၊ တစ်ဦးသေဆုံးတဲ့အခါ တစ်ဦးက ကြေကွဲငိုကြွေးကြရတာ ဓမ္မတာပါဘဲ။ ဒီလို လောကနိယာမတွေဟာ တိရစ္ဆာန်တွေမှာလည်း ရှိတယ်ဆိုတာကို ဗွီဒီယိုဖိုင်တစ်ခုက ဖော်ကျူးထားပါတယ်။

WWF

ဒီဗွီဒီယိုကို World Wildlife Fund က ဖန်တီးထားတာ ဖြစ်ပြီး၊ ” တိရစ္ဆာန်တွေကလည်း ကျနော်တို့လိုပါဘဲ”ဆိုတဲ့ လှုပ်ရှားမှုအတွက် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ မုဆိုးတွေ သေနတ်နဲ့ဝိုင်းပစ်လို့ သေသွားတဲ့ အဖော်ဆင်အတွက်၊ ကျန်ရစ်နေတဲ့ ဆင်တစ်ကောင်ရဲ့ ကြေကွဲမှုကို ပြသထာပါတယ်။

WWF

ဒီဗွီဒီယိုဟာ အသိပညာပေး ကြော်ငြာသဘောမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပြီး၊ ကြေကွဲစရာအကောင်းဆုံး ကြော်ငြာလို့လည်း ဆိုပါတယ်။ ဗွီဒီယိုထဲမှာ မုဆိုးတွေဟာ ဆင်ကို အစွယ်ရလိုမှုအတွက် သတ်ဖြတ်နေကြောင်း မြင်သာစေခဲ့ပြီး၊ အသတ်ခံရပြီးနောက် ဘာဖြစ်မယ်ဆိုတာကို ဆင်ကြီးက သိနေတဲ့သဘောမျိုးကိုလည်း ပြသနိုင်ခဲ့ပါတယ်။

READ
နေ့စဉ်ရက်ဆက်ငှက်ပေါင်း (၆၀၀၀) လောက်ကို အစာပုံမှန်ကျွေးရင်းဒါနပြုနေတဲ့အမျိုသား
WWF

WWF က အကြီးအကဲ Tanya Steele က ” ကျနော်တို့လိုပဲ ဆင်တွေက ခံစားတတ်ပါတယ် … ကျနော်တို့လိုပဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေါင်းသင်းဆက်ဆံရေးတွေ ရှိပြီး  ကျနော်တို့လိုပဲ သူတို့မှာ တူညီတဲ့ အသွင်အပြင်တွေ ရှိပါတယ် “လို့ ပြောပါတယ်။

WWF ရဲ့ အဆိုအရ ဆင်တွေဟာ မွေးကတည်းက အမဲလိုက်ခြင်းခံခဲ့ရကြောင်း၊ ဆင်စွယ်ဟာ လက်ရှိအချိန်မှာ အလွန်ကို ဈေးကောင်းရနေခြင်းကလည်း ဆင်မျိုးစု သုဉ်းစေမယ့် ကံဆိုးမိုးမှောင်ကျခြင်းဖြစ်ကြောင်း ဆိုပါတယ်။

နတ်စည်တော် (Shwemmom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE