MCU ရဲ့ WandaVision စီးရီးထဲက မင်းသမီးလေး Elizabeth Olsen ရဲ့ ဘ၀ဇာတ်ကြောင်း

Instagram_ElizebathOlsen

သူမကိုတော့ အကုန်လုံးက Scarlet Wutch အဖြစ် Marvel ထဲမှာ သိကြမှာပါ။ အခုလည်း Vision နဲ့ သူမတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပုံဖော်ထားတဲ့ Wanda Vision ဇာဆ်လမ်းတွဲကို DISNEY+ မှာ ပြသနေပါပြီ။

သူမကဘယ်သူလဲ၊ စိတ်ဝင်စားစရာအချက်တွေကရော ဘာတွေများရှိမလဲဆိုတာ ကြည့်လိုက်ကြရအောင်နော်။

Twitter- Elizabeth Olsen

သူမနာမည်ကတော့ Elizabeth Olsen ပဲဖြစ်ပါတယ်။ သူမဲး့ ညီအစ်မနှစ်ယောက်က အရင်ဆုံးအနုပညာလောကထဲကို ဝင်ခဲ့ကြတာပါ။ ဒါကြောင့် Elizabeth ဟာလည်း အနုပညာလောကထဲကို ဘုမသိဘမသိနဲ့ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ၁၀ နှစ်တောင် မပြည့်သေးတဲ့မချိန်မှာ အလုပ်ဒဏ်ခံလာရတဲ့အတွက် စိတ်ညစ်ကာ ထွက်ပစ်ချင်စိတ်ဖြစ်ခဲ့ပါတယ် စိတ်လည်း လုံဝ မပါတော့ပါဘူးတဲ့။ ဒါပေမဲ့ မိဘတွေက လမ်းပြပေးတာကြောင့် သရုပ်ဆောင်တာ သုမရဲ့ ဝါသနာအစစ်ဆိုတာ ရှာတွေခဲ့ပြီး ဒီလိုခံစားနေရတာလည်း ပုံမှန်ပဲဆိုတာ သိလိုက်တယ်လို့ CNN နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

READ
ပုံအလန်းလေးတွေနဲ့ ဆွဲဆောင်လိုက်ပြန်တဲ့ လုလုအောင်

YouTube/Marvel Studios

ပါပါရာဇီတွေကိုလည်း မုန်းတယ်လို့ ပြောခဲ့ဖူးပါတယ်။ ဘာကြောင့်ဆိုရင် သူဆို့ ညီအစ်မတွေ အပြင်ထွက်လည်တာကို ပါပါရာဇီတွေလိုက်လို့ ကားတိုက်မလိုတောင် ဖြစ်ခဲ့လို့ပါပဲ။

Elizabeth ဟာ လူတွေရဲ့ အာရုံစိုက်ခြင်းကို မလိုလားသူပါ။ ဒါကြောင့်လည်း အထက်တန်းကျောင်းတုန်းက နာမည်ကြီးနေခဲ့တဲ့ သု့အမွှာအစ်မနှစ်ယောက်နဲ့ တွဲမြင်မိမှာမလို့ဆိုပြီးတော့ နာမည်ကို Olsen ကနေ Chase အဖြစ်ပြောင်းခဲ့ပါတယ်။ နောက် social media လည်း သိပ်ပြီး မသုံးပါဘူး။
အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်ကို ထိန်းချုပ်သလိုဖြစ်နေလို့ ဘာသာရေးကို မကြိုက်တဲ့အတွက် ဘာသာမဲ့တစ်ယောက်အဖြစ်ခံယူထားပါတယ်။

YouTube/Marvel Studios

အနုပညာလောကထဲ အောင်မြင်ပြီဆိုရင် မြောက်ကြွမြောက်ကြွဖြစ်လာတဲ့ သူတွေကို ကြည့်လို့မရသလို သူမကိုယ်တိုင်လည်း အနုရုပ်ရှင်တွေထဲပါရလို့ တစ်မူးသာတယ်လို့လည်း မခံစားရပါဘူးတဲ့လေ။

Elizabeth ဟာ လှပဖို့ အစားလျှော့တာ ရှောင်တာတွေကို မုန်းတီးသူတစ်ယောက်ပါ။ အဲဒီကိစ္စနဲ့ အစ်မဖြစ်သူနဲ့တောင် ရန်ဖြစ်ခဲ့ရပါသေးတယ်တဲ့။

READ
ရုပ်ရှင်သက်ကြီးပူဇော်ပွဲမှာ ဘူးသီးကြော်စတုဒီသာ လှူခဲ့တဲ့ နန်းဆုရတီစိုး
YouTube/Marvel Studios

အနုပညာလုပ်ငန်ူကချည်းရတဲ့ စုငွေတွေဟာ အခုချိန်မှာတော့ ၉မီလီယံဒေါ်လာရှိနေပါပြီ။

penny

SHARE