ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုကြောင့် ပရိသတ်တွေ ဆုံးရှုံးနေရတဲ့ Ellie Goulding

IG/elliegoulding

လူတိုင်းမှာ ခံယူချက်ကိုယ်စီနဲ့ လက်ခံထားတဲ့ အတွေးအခေါ် ကိုယ်စီ ရှိကြပါတယ်။ အဆိုတော်တွေနဲ့ အနုပညာရှင်တွေကတော့ ခံယူချက်တွေကြောင့် အလုပ်တွေ ထိခိုက်တတ်ကြောင်းကို Ellie Goulding က သက်သေပြလိုက်သလိုပါပဲ။

အသက် ၃၃ နှစ်ရှိပြီ ဖြစ်တဲ့ Ellie Goulding ကတော့ နာမည်ကျော် ပေါ့အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် တေးရေးဆရာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမ ကုလသမဂ္ဂရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သံအမတ် တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူမက ဒီအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေအတွက် ပြောရတာတွေ လှုပ်ရှားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ဒီလို လုပ်နေတဲ့ စည်းရုံးလုပ်ဆော်မှုတွေကြောင့် သူမရဲ့ ပရိသတ်တွေကို တစတစ ဆုံးရှုံးနေရတာတွေ ရှိတယ်လို့ ဝန်ခံထားပါတယ်။

https://www.instagram.com/p/B_Su5dSjUvw/

သူမကတော့ ဒီလို တက်ကြွတဲ့လှုပ်ရှားမှုတွေက သူမရဲ့ အလုပ်ကို လာထိခိုက်နေတယ်လို့ ယုံတယ်လို့ ပြောထားပါတယ်။ သူမက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဆိုင်တဲ့ အရာတွေနဲ့ ပတ်သတ်ပြီး လူမှုကွန်ယက်အပေါ် ရေးသားတဲ့အခါတွေမှာ သူမရဲ့ Follwer တွေ လျော့လျော့သွားပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လူတွေက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကို follow လုပ်ရတာက သဘာဝ ပတ်ဝန်းကျင်ကြောင့် မဟုတ်တဲ့ သူမရဲ့ အနုပညာကြောင့်သာ ဖြစ်တယ်လို့လည်း ဖြေထားပါတယ်။

ဒါ့အပြင် သူမ ရေးသားထားတဲ့အရာတွေကိုလည်း သူမရဲ့ follower တွေဆီကနေ “ ဘာတွေ တင်နေတာလဲ… ငါတို့က ဒါတွေ သိချင်တာ မဟုတ်ဘူး…ငါတို့ စိတ်မဝင်တာတွေ တင်နေတာ ရပ်လိုက်ပါတော့…ရာသီဥတု ပြောင်းလဲရေးဆိုတာက လက်တွေ့မဆန်ဘူး” စသဖြင့် တုံ့ပြန်မှုတွေကို အမြဲ ရနေတယ်လို့ ဆိုပါတယ်။

READ
One Love Manchester ပွဲမှာ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းယူခဲ့တဲ့ JB

ဒီလို ဝေဖန်ပြစ်တင်မှုတွေ ရတိုင်း သူမကတော့ အရမ်းကို ခက်ခဲခဲ့သလို သူမရဲ့ အတွေးကတော့ ဒီလိုမျိုး ကိုယ့်ရဲ့ အတွေးအမြင်နဲ့ အယူအဆတွေ ထုတ်ပြောတာမျိုး အနုပညာရှင်တွေ မလုပ်တာက အလုပ်ကို ထိခိုက်မှာကို စိုးရိမ်နေကြလို့ဆိုပြီး ပြောဆိုခဲ့ပါသေးတယ်။

 

Ellie ကတော့ ဒီနှစ်တွေမှာ ပိုပြီး ခံနိုင်ရည်ရှိလာပါတယ်။ သူမရဲ့ ပိုစ့်တွေမှာ ဝေဖန်ပြစ်တင်မှုတွေ သိပ်မပါဖို့ သူမ သင်ယူနေခဲ့တယ်လို့လည်း ဆိုပါတယ်။ So Hot Right Now အစီအစဉ်မှာလည်း သူမက အများကြီး အလှောင်ခံ အရယ်ခံခဲ့ရကြောင်းကိုလည်း ပြောကြားသွားဖူးပါတယ်။ ဒါပေမယ့်လည်း သူမကို စိတ်ပျက်လက်လျော့သွားစေတဲ့ အခြေအနေတော့ မရှိဘူးလို့ ဆိုပြီး ဖြေသွားခဲ့ပါတယ်။

READ
Rain ပြောတဲ့ Kim Tae Hee ရဲ့ အလှဆုံးအချိန်…

မကြာခင်မှာတော့ သူမက သူမရဲ့ ဘဝနဲ့ ပတ်သတ်တဲ့ Album အသစ်ထွက်ရှိတော့မှာ ဖြစ်ပြီး ဇူလိုင်လမှာ Brightest Blue လို့ အမည်ရတဲ့ Album အသစ်ထွက်တော့မှာ ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ အကြောင်းတွေကို သိပ်ပြောပြလေ့ မရှိပေမယ့် ဒီလိုအကြောင်းတွေကို သီချင်းတွေအတွက်တော့ သိမ်းထားတတ်တယ်လို့ ဆိုပါတယ်။

Kham

SHARE