Elon Musk အမြဲကျင့်သုံးတဲ့ ရိုးသားပြီးစွမ်းဆောင်ရည်ပြည့်ဝတဲ့ ဝန်ထမ်းရွေးချယ်နည်း

instagram/elonrmuskk

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Elon Musk ဟာ သူ့ထံအလုပ်လာလျှောက်တဲ့သူတွေကို ငှားရမ်းတော့မယ်ဆိုရင် ရိုးသားသူဟုတ်မဟုတ် အရင် စစ်ဆေးကြည့်လေ့ရှိပါတယ်။ Musk အဆိုအရ သူ့ဆီအလုပ်လုပ်မယ့်လူဟာ အတန်းပညာအရည်အချင်းဘယ်လောက်ပဲဖြစ်ဖြစ်၊ ဘယ်ကျောင်းပဲတက်ခဲ့တက်ခဲ့ ကိစ္စမရှိကြောင်းနဲ့ ကောလိပ်ဒီဂရီ သို့မဟုတ် အထက်တန်းကျောင်းအောင်လက်မှတ် မရှိတောင်ရတယ်ဆိုပြီး Auto Bild နဲ့ အင်တာဗျူးတစ်ခုမှာ  ၂၀၁၄ တုန်းက ပြောခဲ့တာပါ။

 

View this post on Instagram

 

A post shared by Elon Musk Now (@elonrmuskk)

Musk ဟာ သူ့ဆီမှာ အလုပ်လုပ်မယ့်သူကိုရှာဖွေတဲ့အခါ ဒီလူ့မှာ ထူးထူးခြားခြားအောင်မြင်မှုမျိုးရှိခဲ့လားဆိုတာကို အရင်လေ့လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ကိုကြိုးကြိုးစားစားလုပ်ပြီး အောင်မြင်မှုတွေရရှိထားတဲ့လူတစ်ယောက်ဟာ အနာဂတ်မှာလည်း အောင်မြင်မှုတွေရနိုင်တယ်လို့ သူက ယူဆလို့ဖြစ်ပါတယ်။ အလုပ်လိုချင်တဲ့သူတိုင်းကတော့ အလုပ်ရှင်သဘောကျအောင် သူတို့သာ စွမ်းဆောင်မှုအရှိဆုံး၊ လုပ်ရည်ကိုင်ရည်အရှိဆုံးဆိုတာကို ပြသကြတဲ့အတွက် ဝန်ထမ်းရွေးချယ်တဲ့နေရာမှာ အခက်အခဲတွေ့နိုင်ပါတယ်။ ဒါကြောင့် Musk က သူကျင့်သုံးတဲ့ ဝန်ထမ်းရွေးချယ်နည်းကို ၂၀၁၇ ခုနှစ် World Government Summit မှာ ဖော်ပြခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Elon Musk Now (@elonrmuskk)

Musk က သူဟာ သူ့ဆီ အင်တာဗျူးလာဖြေတဲ့သူတိုင်းကို မေးခွန်းတစ်ခုပဲမေးတယ်ဆိုပါတယ်။ အဲ့ဒါကတော့ ထိုသူကြုံတွေ့ခဲ့ဖူးတဲ့ အခက်ဆုံးပြဿနာတွေနဲ့ အဲ့ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့လဲဆိုတဲ့ မေးခွန်းပါပဲ။ အကြောင်းရင်းကတော့ ပြဿနာကို တကယ်ဖြေရှင်းတဲ့လူတွေဟာ ဒီပြဿနာပြေလည်အောင် ဖြေရှင်းပုံနည်းအဆင့်ဆင့်ကို အတိအကျသိတဲ့အတွက်ကြောင့်ဖြစ်ပြီး အသေးစိတ်လေးတွေကအစ တဆင့်ချင်း ရှင်းပြနိုင်လို့ဖြစ်ပါတယ်။ တကယ်လို့ လိမ်ညာဖြီးဖြန်းပြီး ပြောတဲ့သူကျတော့ တစ်ဖက်လူယုံကြည်လက်ခံလာတဲ့အထိ အသေးစိတ်ကအစ သေချာမရှင်းပြနိုင်တာကြောင့်လို့လည်း CNBC အရ သိရပါတယ်။

READ
ISIS တွေမကျရှုံးသေးသရွှေ့၊ အိမ်မပြန်ဘူးလို့ ဆိုလာတဲ့ ဘဏ်လုပ်ငန်းရှင်ဟောင်း စစ်သားကြီး

ShweMom

SHARE