Emma Watson ကတော့ မတ်လထုတ် Vogue Australia ကာဗာမှာ ပါဝင်ပေးခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းကိုတော့ ဖေဖော်ဝါရီ (၂၆)မှာ ဖြန့်ဝေရောင်းချမှာပါ။ Emma Watson ကတော့ လုံးဝလန်းနေတဲ့ မြင်နေကျနဲ့မတူ ထူးခြားတဲ့ စတိုင်လ်တစ်မျိုးနဲ့ ပါဝင်ပေးခဲ့ပါတယ်။ ဓါတ်ပုံဆရာကတော့ Peter Lindbergh ပါ။



ကာဗာမှာတော့ အသက် (၂၇)နှစ်အရွယ် Emma Watson ကတော့ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မိတ်ကပ် ( natural )ပုံစံမျိုးနဲ့ ပါးပါးလေးပဲ လိမ်းချယ်ထားပြီး သဘာဝအလှနဲ့ တွေ့ရပါတယ်။



ပုံတစ်ပုံမှာတော့ Emma က သစ်သားစားပွဲပေါ်မှာ ထိုင်နေတဲ့ပုံပါ။ အပြင်စီးရှူးဖိနပ်ကို စီးထားပြီး၊ ဘယ်ရီကတ်ဦးထုပ် ကို ဆောင်းထားပါတယ်။ ကာဗာကလွဲရင် ပုံတွေအားလုံးက အဖြူအမည်းပုံတွေပါ။

ဒီမဂ္ဂဇင်းမှာ ပါဝင်ခွင့်ရပြီး၊သူမရဲ့ အကြောင်းတွေကို sharing လုပ်ခွင့်ရလို့ Vogue Australia ကို ကျေးဇူးတင်ကြောင်း ပြောထားပါတယ်။ ဒါ့အပြင် ဓါတ်ပုံကို အကောင်းဆုံးဖန်တီးရိုက်ကူးပေးတဲ့ Peter Lindbergh ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ဒီရိုက်ကူးမှုမှာ ပါဝင်ပေးခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း၊ ၀ယ်ယူဖတ်ရှုသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ Emma က ပြောထားကြောင်း vogue မှာဖော်ပြထားပါတယ်။

