အသက် ၂၀ အရွယ်မှာ ကျွန်တော်တို့အနေနဲ့ တစ်လ ဝင်ငွေ ၃ သိန်းရဖို့တောင်မသေချာတဲ့အခြေအနေမျိုးမှာ သူကတော့ ဇိမ်ခံကားကြီးတစ်စီးလုံးကို ရွှေတောင်ကပ်နိုင်နေပါပြီတဲ့။

သူ့နာမည်ကတော့ Gurvin Singh ပါ။ အသက်ကတော့ ၂၀ ရှိနေပါပြီ။ သူ့ရဲ့စိတ်ကူးအိပ်မက်ကတော့ အသက် ၂၁ နှစ်အရွယ်မှာ မီလီလျံနာတစ်ဦးဖြစ်ဖို့ပါပဲတဲ့။ ဒါပေမဲ့ အခုလိုချမ်းသာလာအောင် Singh အနေနဲ့ ဘယ်လိုရှာဖွေကြိုးစားခဲ့ရတာလဲဆိုတာ အားလုံးပဲ သိချင်နေကြမယ်လို့ထင်ပါတယ်။ Lad Bible မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
Singh ရဲ့ အဓိကလုပ်ငန်းကတော့ နိုင်ငံခြားငွေကစားတာပါပဲ။ လုပ်ငန်းကိုစခဲ့တာဟာ အမေရိကန်ဒေါ်လာ ၁၃၀ ထဲနဲ့စခဲ့တာပါတဲ့လေ။ နောက်တော့ သူ့ရဲ့ဈေးကွက်မြင်မှုကြောင့် လပိုင်းအတွင်းမှာပဲ ဒေါ်လာထောင်ချီအမြတ်ရနေခဲ့ပါပြီ။ အခုဝယ်ထားတဲ့ အီတလီ rose gold ကပ်ကားဟာလည်း ကိုယ်ပိုင်ဝင်ငွေထဲကမှ ဒေါ်လာ ၆၅၀၀၀ သုံးပြီး ဝယ်ခဲ့ခဲ့တာပဲဖြစ်ပါတယ်တဲ့။ မနှစ်တုန်းက Audi A5 နဲ့ Audi A1 နဲ့ BMW 7 Series တို့ကို ဝယ်ခဲ့ပေမယ့် ပြန်ရောင်းခဲ့ပါတယ်တဲ့လေ။ သူ့မှာ ကားတွေအများကြီးရှိနေပေမယ့်လို့ အခုစီးနေတဲ့ Maserati ကိုတော့ အကြိုက်ဆုံးပါပဲတဲ့။ ဒါပေမဲ့ ၂၀၂၀ ကျရင်တော့ ရွှေချထားတဲ့ Lamborghini ဖို့ စိတ်ကူးထားပါတယ်လို့လည်း ပြောခဲ့ပါတယ်။


Singh ရဲ့ မိသားစုဟာ လန်ဒန်ရဲ့ သာမန်ဝန်ထမ်းဘဝအဖြစ် Singh ကို ပျိုးထောင်ပေးခဲ့တာပါ။ ငယ်ကတည်းက ပန်းနာရင်ကြပ်ရောဂါသည်လေးမလို့ ဆေးရုံနဲ့အိမ်ကို အိမ်ဦးနဲ့ကြမ်းပြင်သဖွယ်အမြဲ ကူးလူနေခဲ့ရပါတယ်။ ဆေးရုံရောက်တိုင်း သူ့ကို သက်သာအောင်လုပ်ပေးနေကျဆရာဝန်ကြီးတွေကို အားကျရပြီး ကြီးလာရင် ဆရာဝန်တစ်ယောက်ဖြစ်အောင်ကြိုးစားမယ်ဆိုပြီး ၁၀ နှစ်သားလောက်ကတည်းက ဘယ်အရာမဆိုကြိုးစားလာခဲ့ပြီးနောက် အခုအချိန်မှာလည်း Singh ဟာ Plymouth မှာ ဆေးတက္ကသိုလ်တက်ရောက်နေပါတယ်။
ပထမနှစ်မှာပဲ စီးပွားရေးသင်တန်းတစ်ခုတွဲတက်ခဲ့ပြီး အဲဒီကနေမှတစ်ဆင့် ရရှိခဲ့တဲ့ပညာရပ်တွေနဲ့ ဆေးကျောင်းတက်ရင်းအလုပ်လုပ်လာခဲ့တာပါတဲ့။ ဝင်ငွေကတော့ အရမ်းဆိုးဝါးပြီးငွေကစားမကောင်းတဲ့လတွေမှာဆိုရင်တောင် ဒေါ်လာ ၁၅,၀၀၀ မှ ၁၈,၀၀၀ ကြားဝင်နေပါတယ်။

Penny