အတတ်ဆန်းထွင်ပြီး ဂိမ်းကစားမိလို့ ဂိမ်းကုမ္ပဏီက တရားစွဲတာခံရတဲ့ (၁၄)နှစ်သား ချာတိတ်လေး

ဆယ်ကျော်သက်အရွယ်ဟာ ပြိုင်ဆိုင်လိုစိတ် ပြင်းထန်ပြီး ရေပန်းစားလိုစိတ် အရမ်းများတဲ့ အရွယ်ပါ။ အမေရိ ကန်နိုင်ငံ ကယ်ရိုးလိုင်းနားပြည်နယ်က အသက်(၁၄)နှစ်အရွယ် လူငယ်လေးတစ်ဦးဟာ တစ်ကမ္ဘာလုံးမှာ အရမ်းရေပန်းစားနေတဲ့ အွန်လိုင်းဂိမ်း Fortnite ကို ဒီအတိုင်း ကစားနေရရုံနဲ့ မကျေနပ်နိုင်ပါဘူး။ တကယ့် ငွေကြေးအစစ်နဲ့ ၀ယ်ရတဲ့ ဂိမ်းထဲက ပစ္စည်းတွေရအောင်၊ ဂိမ်းကစားတဲ့ အခါမှာလည်း အမြဲအနိုင်ရနေအောင် ကြံစည်ခဲ့ပါတယ်။

Youtube

ကောင်လေးဟာ သူ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ နည်းလမ်းရှာတွေ့ သွားခဲ့ပြီး ကိုယ်တိုင် ပရိုဂမ်ရေး ဖန်တီးထားတဲ့ Cheat Software ကိုသုံးပြီး ကစားခဲ့ပါတယ်။ ဒီလောက်နဲ့တင် မကျေနပ်နိုင်သေးဘဲ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးပြီး သူ့အပေါ် အထင်ကြီးလေးစားတဲ့သူ၊ ဆရာတင်တဲ့သူတွေ များစေချင်လို့ သူသုံးတဲ့ Cheat နည်းလမ်းတွေနဲ့ Cheat Software တွေကို တစ်ခြားဂိမ်မာတွေအတွက် YouTube မှာ Livestream ပြခဲ့ပါတယ်။ သူ့လုပ်ရပ်တွေဟာ Fortnite ကို ထုတ်လုပ်ထားတဲ့ Epic Games ကုမ္ပဏီက သတ်မှတ်ထားတဲ့ စည်းကမ်းချက် တွေနဲ့ ငြိစွန်းနေပေမယ့် လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။

Epic Games

 

Fornite ဟာ ဂိမ်းထဲကို ၀င်ကစားဖို့ ပိုက်ဆံပေးစရာ မလိုတဲ့ Free-to-Play အွန်လိုင်းဂိမ်းပါ။ ကုမ္ပဏီရဲ့ အဓိက ၀င်ငွေ ကတော့ ဂိမ်းထဲက ပစ္စည်းတွေကို ၀ယ်ချင်ရင် အသုံးပြုရမယ့် ဂိမ်းထဲက ငွေကြေးလို အရာတွေကို ဂိမ်မာတွေဆီမှာ တကယ့်ငွေကြေးအစစ်နဲ့ ပြန်လည်ရောင်းချရာကနေ ရရှိတာပဲဖြစ်ပါတယ်။ ဒါကြောင့် ဂိမ်မာတွေကို ဂိမ်းထဲ ၀င်ကစားခွင့်ပေးတည်းက Cheat မလုပ်ပါဘူးလို့ ၀န်ခံကတိပေးခိုင်း ထားပါတယ်။ သူတို့ ကုမ္ပဏီက သတ်မှတ်တဲ့ စည်းကမ်းကို ချိုးဖောက်သူ မည်သူ့ကိုမဆို အသက်အရွယ်ကြောင့် ညှာပေးမှာ မဟုတ်ပဲ တရားစွဲမယ်လို့လည်း ကြေညာထားပါတယ်။

READ
Candy Crush ဂိမ်းရဲ့ သင်မသိသေးတဲ့ အံ့သြဖွယ်ရာ အချက်အလက်များ
Epic Games

Epic Games ကုမ္ပဏီဟာ (၂၀၁၈)နှစ်ဆန်းပိုင်းလောက်က သူတို့ရဲ့ဂိမ်းကို Cheat လုပ်ပြီး ကစားတဲ့လူ(၂) ယောက်ရှိနေသလို အဲဒီနှစ်ယောက်လုံးကိုလည်း တရားစွဲမယ်လို့ ကြေငြာခဲ့ပါတယ်။ Cheat တွေကို အခမဲ့ မျှဝေနေလို့ အွန်လိုင်းပေါ်မှာ ဂိမ်းထဲကနာမည် Caleb နဲ့ ကျော်ကြားနေတဲ့ (၁၄)နှစ်သား ချာတိတ်လေးက တော့ သူတရားစွဲခံရမယ်လို့ လုံးဝမထင်ခဲ့ပါဘူး။ မတ်လဆန်းလောက်မှာ သူ့အိမ်ကို  တရားရုံးက ဆင့်ခေါ်စာ ရောက်ခဲ့တော့မှ Caleb အပါအ၀င် သူတို့တစ်အိမ်လုံး အံ့သြထိတ်လန့် သွားပါတယ်။

WBUR

သူများစီးပွားရေးကို ဖျက်ဆီးသလို ဖြစ်နေတဲ့ Caleb ရဲ့ လုပ်ရပ်အတွက် သက်သေ အထောက်အထားတွေ ခိုင်မာခဲ့ရင် သူဟာ ကြီးလေးတဲ့ ဒဏ်ငွေ (သို့မဟုတ်) အနည်းဆုံး (၁)နှစ်ထက်ပိုတဲ့ ထောင်ဒဏ် တစ်ခုခု ကျခံရတော့မှာပါ။ Caleb ရဲ့ မိခင်ဖြစ်သူ Lauren Rogers ကတော့ သူမသားရဲ့ အမှုကို စီရင်ချက်ချမယ့် မြောက်ကယ်ရိုလိုင်းနားပြည်နယ် တရားရုံးက တရားသူကြီး Malcolm Howrad ကို အချက်(၄)ချက်ပါတဲ့ အ သနားခံစာ ပို့ခဲ့ပါတယ်။ သူမနေထိုင်ရာ ပတ်ဝန်းကျင်နဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း တရားသူကြီးကို အသနားခံစာထဲမှာ သူမရေးသားခဲ့တဲ့ အချက်(၄)ချက်ကို ထောက်ခံဖို့ အကူအညီတွေ တောင်းခံနေပါတယ်။

READ
မိုဘိုင်းဖုန်းမှာ ကစားခွင့်ရဖို့ နီးစပ်နေပြီဖြစ်တဲ့ နာမည်ကျော်ဂိမ်း Crash Bandicoot

စာထဲမှာပါတဲ့ ပထမအချက်ကတော့ သူမသားရဲ့လုပ်ရပ်ကြောင့် Epic Games ကုမ္ပဏီဟာ ငွေကြေး ဆုံးရှုံးမှုတွေ ရှိတယ်လို့ ဘယ်သူမှ သက်သေမပြနိုင်ကြောင်း၊ ဒုတိယအချက်ကတော့ Epic Games ကုမ္ပဏီဟာ မီဒီယာတွေကို တရားစွဲခံထားရတဲ့ သူမသားရဲ့ နာမည် ပြောပြခဲ့တာ တစ်ဖက်သက် ဆန်ပြီး တရားမ၀င်ကြောင်း ရေးသားခဲ့ပါတယ်။

တတိယအချက်ကတော့  ငွေကြေး ဆုံးရှုံးမှု ပမာဏကို မပြနိုင်သရွေ့ သူမသားရဲ့ လုပ်ရပ် တွေဟာ Epic Game အပေါ် ဘာအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ သတ်မှတ်နိုင်ကြောင်းနဲ့ စတုတ္ထအချက်မှာ တော့ (၁၈)နှစ်အောက် ကလေးတွေကို အရွယ်မရောက်သေးသူတွေလို့ ဥပဒေက သတ်မှတ်ထားတဲ့အတွက် စာချုပ်စာတမ်းတစ်ခုခုမှာ ၀န်ခံကတိ လက်မှတ်ထိုး မယ်ဆိုရင် အုပ်ထိန်းသူတစ်ဦးပါမှ တရားဝင်တာကြောင်း၊ ဒါကြောင့် Epic Games ကုမ္ပဏီကို Caleb ၀န်ခံကတိပေးခဲ့တာ အလိုလို ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရေးသားထားပါတယ်။

Source : Ladbible

SHARE