ပြီးခဲ့တဲ့ အင်္ဂါနေ့(၂၉.၈.၂၀၂၀)တုန်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ EFL Cup ပွဲစဉ်ကတော့ ဘောလုံးပရိသတ်တွေ အကြိုက်တွေ့ခဲ့စေမယ့် ပွဲတစ်ပွဲပဲ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိန်းတန်းအသင်းနှစ်သင်းဖြစ်တာနဲ့အညီ ယှဉ်ပြိုင်ကစားတဲ့ပုံတွေကလည်း တစ်ဖက်နဲ့ တစ်ဖက် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလွန်းလှပါတယ်။ ဒါပေမယ့် ပွဲကြည့်ပရိသတ်တွေ သတိမထားမိလိုက်တဲ့ အဖြစ်အပျက်တစ်ခု အဆိုပါပွဲစဉ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ စပါးအသင်းရဲ့ နောက်တန်းကစားသမားတစ်ဦးဖြစ်တဲ့ Eric Dier ဟာ ဒုတိယပိုင်းပွဲပြီးခါနီးအချိန်မှာ ကွင်းထဲကရုတ်တရက်ထွက်ခွာသွားပြီး အိမ်သာထဲ ပြေးသွားခဲ့တာပဲ ဖြစ်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း စပါးနောက်ခံလူ Eri ဟာ ပွဲချိန် ၇၆ မိနစ်မှာ ကွင်းထဲကနေ ရုတ်တရက် ထွက်ခွာသွားခဲ့ပြီး အိမ်သာထဲကို အပြေးတစ်ပိုင်း ဝင်ရောက်သွားခဲ့ပါတယ်။ သူထွက်သွားတဲ့အချိန်မှာ စပါးအသင်းဟာ ချဲလ်ဆီးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့အနောက်ကို စပါးအသင်းရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကြီးကတော့ ဒေါသတစ်ကြီးလိုက်သွားပြီး Eric ကို ပြန်ခေါ်နေတာပဲ ဖြစ်ပါတယ်။ မြင်တွေ့ရတဲ့ အတိုင်း Eric ဟာ မော်ရင်ဟိုကို ဘာမှပြန်မပြောပဲ အိမ်သာထဲကို တန်းဝင်သွားခဲ့သလို မော်ရင်ဟိုပါ အိမ်သာထဲကို လိုက်ဝင်သွားခဲ့ပါတယ်။ ခဏအကြာမှာတော့ Eric တစ်ယောက် ပြန်ထွက်လာခဲ့ပြီး မော်ရင်ဟိုလည်း ပါးစပ်က ပွစိပွစိနဲ့ အိမ်သာထဲက ပြန်ထွက်လာခဲ့ပါတယ်။ Erc တစ်ယောက် ကွင်းထဲ ပြန်ရောက်ပြီး မိနစ် ၈၀ ကျော်မှာ စပါးအသင်းက ချေပဂိုးတစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ စပါးအသင်း အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပါတယ်။
– Mourinho at the center of attention again as he walks away from the game after Dier decided to catch a quick toilet-break (?). pic.twitter.com/MPQsUsOSP7
— (@TheEuropeanLad) September 29, 2020
“Eric က တော်တော်မလွယ်တဲ့ အကောင်ပါ။ အစကတော့ ကျွန်တော်ဒေါသတော်တော်လေးထွက်သွားတယ်။ အသင်းက ရှုံးနေတဲ့အချိန်မှာ ရုတ်တရက် ကွင်းထဲကထွက်သွားပြီး ကျွန်တော့်ကိုလည်း ဘာမှမပြောသွားပါဘူး။ အိမ်သာထဲရောက်မှ သိလိုက်ရတာ သူအရမ်းအပေါ့သွားချင်နေတာကြောင့် ဘာမှ မပြောနိုင်တာပါတဲ့။ ကျွန်တော့်မှာ ရယ်ပဲရယ်ရမလား၊ ဆူပဲဆူရမလားတောင် မသိပါဘူး။ ဒါပေမယ့် အဆုံးသတ်မှာ အနိုင်ရရှိခဲ့တဲ့အတွက်ကြောင့် တော်တော်လေးကို ပျော်မိပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw