၁-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းတိုများ

အမ္ဘက္ပီ ။    ။ ပြင်သစ်အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတဲ့ လူငယ်ကစားသမားလေးဟာ မန်ယူအသင်းပရိသတ်တွေရဲ့အလိုချင်ဆုံးတိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘက်ပီရဲ့ စွမ်းဆောင်ရည်ကို မန်ယူအသင်းပရိသတ်တွေက သဘောကျခဲ့ကြပြီး ဘက်ပီကိုခေါ်ယူပေးဖို့အတွက် နည်းပြမော်ရင်ဟိုကို တွစ်တာကတစ်ဆင့်တောင်းဆိုလိုက်ကြပါတယ်။

ရော်နယ်ဒို ။     ။ ပေါ်တူဂီအသင်းရဲ့နည်းပြ ဆန်းတို့စ်က အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုကို နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားမယူစေချင်သေးဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပြီး ရော်နယ်ဒိုအနေနဲ့ လူငယ်ကစားသမားလေးတွေကို လက်တွဲခေါ်ယူသွားပေးသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်ကတော့ သူ့ရဲ့နိုင်ငံအသင်းကစားသမားဘ၀ကိုဆုံးဖြတ်ဖို့ စောသေးတယ်လို့ ဆိုလိုက်ပါတယ်။

ပိုလီတာနို ။      ။ အင်တာမီလန်အသင်းဟာ ဆက်ဆူအိုလိုအသင်းရဲ့ တိုက်စစ်မှူး ပိုလီတာနိုကို တစ်နှစ်အငှားစာချုပ်နဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းအနေနဲ့ အဲဒီအတွက် ပေါင် ၅ သန်းပေးချေခဲ့ရပြီး အငှားစာချုပ်ပြည့်သွားချိန်မှာ ပေါင် ၂၅ သန်းနဲ့ခေါ်ယူမယ်ဆိုတဲ့အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ရပါတယ်။

READ
Facebook ရဲ့ ရှယ်ရာ ၉ ၉ %ကိုလှူဒါန်းမယ့် Mark Zuckerbergတို့ မိသားစု
(AP Photo/Martin Meissner)

ဂျိမ်းရိုဒရီဂွက်ဇ် ။                   ။ ကိုလံဘီယာအသင်းရဲ့ကွင်းလယ်ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ လက်ရှိအချိန်အထိပါဝင်နိုင်ခြင်းမရှိသေးတာကြောင့် အင်္ဂလန်အသင်းနဲ့ ကစားရမယ့် ရှုံးထွက်ပွဲစဉ်တွေကို လွဲချော်ဖို့သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။

ပီကေး ။                   ။ စပိန်အသင်းရဲ့နောက်ခံကစားသမား ပီကေးဟာ အသင်းရဲ့နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ ဂိုးသမား ရိန်နာနဲ့ ထိခိုက်မိခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်နောက်ခံလူဟာ စပိန်အသင်းရဲ့အဓိက ခံစစ်သမားအဖြစ် နေရာယူထားပြီး သူ့အနေနဲ့ ဒီညကစားမယ့် ရုရှားအသင်းနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ ရာခိုင်နှုန်းအနည်းငယ်သာရှိပါတယ်။

ဒိန်းမတ် ။        ။ ဒိန်းမတ်အသင်းရဲ့အသင်းခေါင်းဆောင် ဆိုင်မွန်ခါဂျာက ခရိုအေးရှားအသင်းနဲ့ကစားရမယ့်ပွဲစဉ်မှာ အသင်းရဲ့အဓိက ကစားသမားက ဂိုးသမားကက်စပါရှမိုက်ကယ် ဖြစ်လာလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒိန်းမတ်အသင်းရဲ့ အဓိက ဂိုးသမားဟာ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပြင်သစ်အသင်းနဲ့ပွဲစဉ်မှာ အကောင်းဆုံးလက်စွမ်းကိုပြသခဲ့ပြီး သူ့အနေနဲ့ အဲဒီပုံစံကောင်းကို ဆက်ထိန်းနိုင်လိမ့်မယ်လို့ ဆိုင်မွန်ခါဂျာက မျှော်လင့်နေပါတယ်။

READ
ချစ်စရာငါးမန်းလေးဆိုပြီး အစာကျွေးမိလို့ လက်ကို ငါးမန်းအကိုက်ခံရတဲ့အမျိုးသမီး

Linn

Source : Dailymail , TheSun , Marca

SHARE