၁၁-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟီဂူအင် ။       ။ အေစီအသင်းရဲ့ တိုက်စစ်မှူး ဟီဂူအင်ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက် အသင်းဟောင်း ဂျူဗင်တပ်စ်နဲ့ ကစားရမယ့်ပွဲစဉ်မှာ ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဟီဂူအင်ဟာ နောက်ကျောဒဏ်ရာကြောင့် ဘက်တစ်အသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ပြီးနောက် ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့တာပါ။ ဟီဂူအင်ဟာ ဒီရာသီမှာ အေစီအသင်းအတွက် (၉) ပွဲကစားပြီး (၅) ဂိုးသွင်းယူထားနိုင်တာမို့ နည်းပြ ဂတ်တူဆိုက သူ့ရဲ့တိုက်စစ်ပိုင်းဟာ ဟီဂူအင်ကြောင့် အားသာချက်တွေရှိလာလိမ့်မယ်လို့ ပြောဆိုထားခဲ့ပါတယ်။

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ပတ်သက်တဲ့မေးခွန်းတွေကို မှတ်ချက်ပေးဖို့ ငြင်းဆိုလိုက်ပြီး သူ့အနေနဲ့ ပြိုင်ဖက်အသင်းတွေရဲ့နည်းစနစ်ပိုင်းကိုပဲ အာရုံစိုက်ထားချင်ကြောင်းဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လက်တစ်လုံးခြားပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေကို ရင်ဆိုင်နေရပြီး အဲဒီအပေါ် မော်ရင်ဟိုရဲ့အမြင်ကို သတင်းထောက်တွေက မေးမြန်းခဲ့ကြတာပါ။ မော်ရင်ဟိုက သူ့အနေနဲ့ ပြိုင်ဖက်အသင်းရဲ့ အရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြောစရာစကားမရှိကြောင်း သတင်းထောက်တွေကို ဖြေဆိုသွားခဲ့ပါတယ်။

(AP Photo/Dave Thompson)

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ကတော့ မော်ရင်ဟိုနဲ့ ဆန့်ကျင်ဖက်အမြင်ရှိပြီး ဘဏ္ဍာရေးစည်းမျဉ်းဖောက်ဖျက်တဲ့အသင်းတိုင်းကို အရေးယူဖို့ တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ ကလော့ပ်က မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်းဖောက်ဖျက်မှုအကြောင်းကို သူ သေချာမသိသေးပေမယ့်လည်း ဥရောပဘောလုံးအဖွဲ့ချုပ်အနေနဲ့တော့ ဒီလို စည်းကမ်းဖောက်တဲ့အသင်းတိုင်းကို အရေးယူသင့်တယ်လို့ တိုက်တွန်းလိုက်တာပါ။ ဒါဟာ အသင်းကို နစ်နာစေချင်တဲ့သဘောမျိုးမဟုတ်ပဲ စည်းကမ်းတွေဆိုတာ လိုက်နာသင့်တာကြောင့်သာ ဖြစ်ကြောင်း ကလော့ပ်က ပြန်လည်ဖြေရှင်းချက်ပေးသွားခဲ့ပါတယ်။

READ
ဒူဘိုင်းတိရစ္ဆာန်ရုံရောက် မန်ယူသရဲနီများ၊ တိရစ္ဆာန်တွေကို ကြောက်တတ်တဲ့ လူကာကူ
(AP Photo/Darko Vojinovic)

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းနဲ့ ပေါ်တူဂီအသင်းရဲ့ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ပေါ်တူဂီနိုင်ငံမှာတော့ နိုင်ငံရဲ့ အမှတ်အသားတစ်ခုလို ဖြစ်နေကြောင်း ချီးကျူးလိုက်ပြီး ရော်နယ်ဒိုနဲ့ မော်ရင်ဟို ဟာ ပေါ်တူဂီနိုင်ငံသားတိုင်း အားကျရတဲ့သူတွေဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဆေးလ်ဗားက သူဟာလည်း အခြားပေါ်တူဂီလူမျိုးတွေလို သူတို့နှစ်ယောက်ကို အားကျနေမိသူဖြစ်ကြောင်း ၀န်ခံလိုက်တာပါ။ ဒါပေမယ့် ဒီနေ့ညရဲ့ ဒါဘီပွဲမှာတော့ မော်ရင်ဟို ကို စိတ်မကောင်းစွာနဲ့ပဲ အနိုင်ယူရလိမ့်မယ်လို့ ဘာနာဒိုဆေးလ်ဗားက ဆိုလိုက်ပါတယ်။

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဟာဇက် က ပြိုင်ဖက်ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုတွေကနေ အကာအကွယ်ပေးဖို့ ကွင်းလယ်ဒိုင်တွေကို တောင်းဆိုလိုက်ပါတယ်။  ပရီးမီးယားလိဂ်ရဲ့ ပြစ်ဒဏ်ကျူးလွန်အခံရဆုံး ကစားသမားစာရင်းမှာ အဆင့်(၄) အဖြစ် ရပ်တည်နေတဲ့ ဟာဇက် ဟာ (၂၈) ကြိမ်အထိ ပြစ်ဒဏ်ကျူးလွန်ခံခဲ့ရပြီးပါပြီ။ ဟာဇက် က နောက်ခံကစားသမားတွေဟာ သူတို့အလုပ်ကို သူတို့လုပ်နေကြတာဖြစ်ပေမယ့် ကွင်းလယ်ဒိုင်တွေအနေနဲ့တော့ အဆိုးရွားဆုံးအခြေအနေတွေအထိ ဖြစ်မသွားအောင် ထိန်းသိမ်းပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဟာဇက်က ပြောဆိုသွားခဲ့ပါတယ်။

READ
၂၁-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Matt Dunham)

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ တစ်ဦးတည်းသော ပစ်မှတ်အဖြစ် ဘာစီလိုနာကွင်းလယ်လူ ဒမ်ဘီလီ ကို ရည်ရွယ်ထားခဲ့ပေမယ့် ကစားသမားရဲ့ စည်းကမ်းပိုင်းဆိုင်ရာအခြေအနေတွေကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်လာနိုင်ဖို့မရှိဘူးလို့ ဗြိတိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ TheSun သတင်းစာကတော့ အာဆင်နယ်အသင်းဟာ ဒမ်ဘီလီကို မခေါ်ယူတော့ဘူးဆိုရင် သူတို့ရဲ့ ပစ်မှတ်က မန်ယူအသင်းကွင်းလယ်ကစားသမား မာတာ ဖြစ်လာဖို့ ရှိနေပြီး မန်ယူနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားဟာ အာဆင်နယ်အသင်းဆီရောက်လာဖို့ရှိနေတယ်လို့ ရေးသားခဲ့ကြပါတယ်။

Dailymail , TheSun , Mirror

SHARE