၁၄-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Foxsports

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီက ကစားသမားဘ၀တစ်လျှောက်မှာ ဂျာစီအင်္ကျီလဲခဲ့ဖူးတဲ့ ကစားသမားတစ်ဦးသာ ရှိကြောင်းနဲ့ အဲဒီကစားသမားရဲ့အမည်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက်ဆီက TyC Sports နဲ့ အင်တာဗျူးမှာ လက်ရှိရီးယဲလ်နည်းပြ ဇီဒန်းတစ်ယောက် ရီးယဲလ်မှာ ကစားခဲ့စဉ်က ဂျာစီအင်္ကျီလဲဖို့ ကြိုးစားခဲ့ဖူးပြီး သူ့ဘ၀မှာ ဂျာစီလဲခဲ့ဖူးတဲ့ တစ်ယောက်တည်းသော သူ ဖြစ်တယ်လို့ ဖွင့်ဟလိုက်တာပါ။ မက်ဆီက သူ့ရဲ့ဂျာစီကိုရဖို့ ကစားသမားတချို့က တောင်းယူခဲ့ဖူးပေမယ့်လည်း သူ့အနေနဲ့တော့ ဇီဒန်းရဲ့ဂျာစီကလွဲလို့ တခြားကစားသမားတွေဆီက မတောင်းခဲ့ဖူးဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

ကာဗာနီ ။        ။ အင်တာမီယာမီအသင်းနဲ့အတူ မေဂျာလိဂ်ရာသီသစ်ကို စတင်တော့မယ့် ဒေးဗစ်ဘက်ခမ်ဟာ သူ့ရဲ့အသင်းမှာ လာရောက်ကစားဖို့အတွက် PSG တိုက်စစ်မှူး ကာဗာနီ ကို ကမ်းလှမ်းထားကြောင်း TheSun က ဖော်ပြပါတယ်။ လာမယ့်နွေရာသီမှာ PSG နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကာဗာနီ ဟာ လက်ရှိအချိန်မှာ ဘက်ခမ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီလို့ သတင်းရင်းမြစ်တွေက ပြောဆိုခဲ့ကြောင်း TheSun က ဖော်ပြပါတယ်။

 

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းဟာ စာချုပ်သက်တမ်းမတိုးတော့တဲ့ ၀ီလီယံကို ဒီရာသီအကုန်မှာ လက်လွှတ်ရတော့မှာဖြစ်ပြီး ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့ဆီရောက်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်လူအတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူရာမှာ အကျွမ်းကျင်ဆုံးအသင်း ဂျူဗင်တပ်စ်က ပိုပြီး မြန်မြန်ဆန်ဆန် ချဉ်းကပ်နေတယ်လို့ Mirror က ဖော်ပြပါတယ်။

ဝီလ်ဆင် ။       ။ လီဗာပူးလ်အသင်းကနေ ဘုန်းမောက်အသင်းဆီ အငှားသွားရောက်ကစားနေတဲ့ ကွင်းလယ်လူ ဟယ်ရီဝီလ်ဆင် က လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်ဆီက အားပေးမှုကို ရခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်လူဟာ မန်စီးတီးအသင်းနဲ့ တွေ့ဆုံတဲ့ပွဲစဉ်မှာ ပြစ်ဒဏ်ဘောကနေ တိုက်ရိုက်ဂိုးကန်သွင်းနိုင်ခဲ့ပြီးတဲ့နောက် ကလော့ပ်ဆီက ချီးကျူးတဲ့ မက်ဆေ့ခ်ျတစ်စောင် ရရှိခဲ့တဲ့အကြောင်းနဲ့ မက်ဆေ့ခ်ျထဲမှာ ကလော့ပ်က သူ့ရဲ့ခြေစွမ်းကို စောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်း ထည့်သွင်းရေးသားခဲ့တယ်လို့ ဖွင့်ဟသွားခဲ့ပါတယ်။

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်း ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ ခြေကျင်းဝတ်ဒဏ်ရာ ဟာ ဒီဇင်ဘာ (၇)ရက်နေ့၊ မန်စီးတီးနဲ့ ကစားရမယ့် ဒါဘီပွဲမတိုင်မီ သက်သာလာလိမ့်မယ်လို့ အသင်းတာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ အာဆင်နယ်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်က စလို့ မန်ယူအသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခြင်းမရှိတော့တဲ့ ပေါ့ဂ်ဘာ ဟာ လက်ရှိအချိန်မှာ တစ်ကိုယ်ရေ လေ့ကျင့်ခန်းတွေ လုပ်နေပေမယ့်လည်း သူ့ရဲ့ကြံ့ခိုင်မှုက ပွဲထွက်ကစားဖို့ စိတ်မချရသေးတဲ့အခြေအနေ ဖြစ်နေခဲ့တာပါ။

READ
၃-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE