၁၅-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖာဂူဆန် ။       ။ မန်ယူအသင်းရဲ့ နည်းပြဟောင်းကြီး ဖာဂူဆန်ကတော့ မော်ရင်ဟိုအနေနဲ့ နည်းပြဘ၀မှာ အောင်မြင်မှုတွေပိုရဖို့၊ ပိုပြီး သက်သောင့်သက်သာရှိဖို့အတွက် အပြောအဆိုတွေကို ဆင်ခြင်ရမှာဖြစ်ကြောင်းနဲ့ သူ့ရဲ့ပြဿနာအများစုဟာ အဲဒီကနေ စတင်နေကြောင်း အကြံပေးလိုက်ပါတယ်။ ဖာဂူဆန်က မော်ရင်ဟိုအနေနဲ့ ကွင်းလယ်ဒိုင်တွေကို ဝေဖန်နေခြင်းအပေါ် ပြန်လည်သုံးသပ်သင့်သလို ကစားသမားတွေကို စိတ်ထင်သလို ပြောဆိုနေတာကိုလည်း သုံးသပ်သင့်တယ်လို့ ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူနည်းပြကို လှမ်းပြီး အကြံပေးလိုက်ပါတယ်။

ဂျိုအာချင်လို ။   ။ ဂျာမနီအသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်ပိုင်းတွေကြောင့် ဂျိုအာချင်လိုရဲ့ နည်းပြရာထူးက လှုပ်ခတ်မှုတွေရှိနေပြီး နောက်ထပ်ရှုံးပွဲတွေ ရင်ဆိုင်နေရဦးမယ်ဆိုရင် ရာထူးက ထုတ်ပယ်ခံရနိုင်ချေရှိတယ်လို့ ဂျာမန်သတင်းစာ Bild က ရေးသားသွားခဲ့ပါတယ်။ ဂျိုအာချင်လို ဟာ အသင်းနဲ့ (၂၀၂၂) ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် အသင်းရဲ့ ဆိုးရွားနေတဲ့ ရလဒ်ပိုင်းကို မပြင်ဆင်နိုင်သေးတာမို့ ဂျာမနီ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြန်လည်စဉ်းစားနေကြပြီလို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

(AP Photo/Olivier Matthys)

ဘာကာယိုကို ။  ။ ဒီရာသီမှာ ချယ်လ်ဆီးအသင်းကနေ အငှားခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဘာကာယိုကို ကို အငှားစာချုပ်ဖျက်သိမ်းပြီး ချယ်လ်ဆီးကို ပြန်လည်စေလွှတ်ဖို့ စဉ်းစားနေတယ်လို့ နည်းပြ ဂတ်တူဆိုက ဆိုလိုက်ပါတယ်။ ဂတ်တူဆို က အေစီအသင်းအနေနဲ့ ဘာကာယိုကိုရဲ့ အတွေ့အကြုံကို အားကိုးသွားဖို့ စဉ်းစားခဲ့ပေမယ့်လည်း ဒီကစားသမားက ဘောလုံးကို ဘယ်လို ရအောင်ယူရမလဲဆိုတာတောင် သေချာမသိဘူး လို့ ဝေဖန်လိုက်တာပါ။ ဘာကာယိုကို ဟာ အေစီအသင်းအတွက် ပွဲထွက်ကစားခွင့် (၂) ပွဲသာ ရရှိထားခဲ့ပြီး အဲဒီ (၂) ပွဲကလည်း ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

READ
၂၂-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Peter Dejong)

ဒီပေး ။ ။ မန်ယူအသင်း ပရိသတ်တွေက အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်းအတွက် လိုင်ယွန်အသင်းရဲ့ တောင်ပံကစားသမား ဒီပေးကို ပြန်လည်ခေါ်ယူစေချင်နေကြပါတယ်။ ဒီပေးဟာ မန်ယူအသင်းကို ပေါင် သန်း (၃၀) နဲ့ ပြောင်းရွှေ့လာခဲ့ဖူးပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် (၂၀၁၇) ဘောလုံးရာသီမှာ မန်ယူအသင်းကို စွန့်ခွာသွားခဲ့တာပါ။ ဒီပေး ကိုယ်တိုင်ကလည်း မန်ယူအသင်းကို သတိရနေဆဲဖြစ်ကြောင်း အရိပ်အမြွက်ပြောဆိုခဲ့တာကြောင့် မန်ယူပရိသတ်တွေက ဒီပေးကိုခေါ်ယူပေးဖို့ အသင်းဆီ တောင်းဆိုနေကြတာပါ။

အေစီ ။ ။ စီးရီးအေကလပ် အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူရို (၁၂၆)သန်း အရှုံးပေါ်ခဲ့ပြီး အဲဒီ ပမာဏဟာ အသင်းရဲ့ သမိုင်းတစ်လျှောက် စံချိန်တင် အရှုံးပေါ်ခဲ့မှုလည်း ဖြစ်ပါတယ်။ အေစီမီလန်အသင်းကို နှစ်ပေါင်း (၃၀)ကြာ ပိုင်ဆိုင်ခဲ့တဲ့ အသင်းပိုင်ရှင် ဘာလူစကိုနီဟာ အသင်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင် လီယောင်ဟွန်းရဲ့ လက်ထဲကို ရောင်းချလိုက်ပြီးတဲ့နောက် အသင်းအနေနဲ့ စံချိန်တင်အရှုံးပေါ်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေစီအသင်းရဲ့ ၀င်ငွေက ယူရို (၂၅၅)သန်းအထိ မြင့်တက်လာခဲ့ပေမယ့်လည်း သုံးစွဲမှုက ယူရို (၃၅၄)သန်းအထိ ရှိနေခဲ့တာဖြစ်ပါတယ်။

READ
၁၀-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
thesefootballtimes

အာစင်ဝင်းဂါး ။  ။ အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခြင်းခံလိုက်ရတဲ့ နည်းပြ အာစင်ဝင်းဂါးက သူ့အနေနဲ့ နည်းပြ ဘ၀ထဲကို ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်ရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းမှာ (၂၂) နှစ်ကျော် အချိန်ကုန်ခဲ့တဲ့ ၀င်းဂါးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြရာထူးအတွက် ရေပန်းစားနေပြီး ဘိုင်ယန်တာဝန်ရှိသူတွေက ရလဒ်တွေဆိုးရွားနေတဲ့ နီကို ကိုဗက် ရဲ့နေရာမှာ ၀င်းဂါးကို အစားထိုး ခန့်အပ်ချင်နေတာဖြစ်ပါတယ်။

Linn

Source : Dailymail , TheSun , Mirror

 

SHARE