၁၈-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ပလာတီနီ ။      ။ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဥက္ကဌဟောင်း ပလာတီနီ ဟာ (၂၀၂၂) ကမ္ဘာ့ဖလားအိမ်ရှင်ပြုလုပ်ခွင့်အတွက် ကာတာနိုင်ငံဆီကနေ လာဘ်စားကြောင်း စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြင်သစ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံလိုက်ရပြီဖြစ်ပါတယ်။ (၂၀၀၇)ခုနှစ်ကနေ (၂၀၁၅)ခုနှစ်အထိ ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပလာတီနီဟာ ဘောလုံးလောကနဲ့ (၄)နှစ်ကြာ ကင်းကွာနေဖို့ ကနဦးပြစ်ဒဏ်ချမှတ်ခြင်း ခံထားရပြီး လက်ရှိအချိန်မှာတော့ လာဘ်ငွေရယူခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ခိုင်ခိုင်လုံလုံပေါ်ထွက်လာခဲ့တာပါ။

ဆွာရက်ဇ် ။      ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဆွာရက်ဇ်က ဘာစီလိုနာကိုနေမာပြန်ရောက်လာမယ် ဆိုတဲ့သတင်းတွေကို ကြိုဆိုကြောင်းနဲ့ နေမာ ဟာ ဘာစီလိုနာအသင်းနဲ့ထိုက်တန်တဲ့ ကစားသမားဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ နေမာ ဟာ PSG အသင်းကနေ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး အသင်းဟောင်း ဘာစီလိုနာဆီ ပြန်လည်ရောက်ရှိဖို့ အနီးစပ်ဆုံးဖြစ်နေခဲ့တာပါ။

 

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ကော်တင်ဟို က သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ကိုပါအမေရိက ဖလား ပွဲစဉ်ပြီးဆုံးတဲ့အချိန်မှသာ ချမှတ်သွားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ (၂၀၁၈)ခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့တုန်းက လီဗာပူးလ်ကနေ ဘာစီလိုနာကို ပေါင်(၁၀၅)သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းရဲ့ ကစားပုံနဲ့ အံမ၀င်ဖြစ်နေခဲ့ပြီး ဒီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသူပါ။

READ
၁၃-၉-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Nelson Antoine)

ဒီလစ် ။ ။ နယ်သာလန်လက်ရွေးစင် ကစားသမားဟောင်း ဂူလစ် က အေဂျက်ဇ်နောက်ခံကစားသမား ဒီလစ် ဟာ လာမယ့်နှစ်မှာချန်ပီယံလိဂ် ကစားခွင့်မရမယ့်အခြေအနေတွေကြောင့် မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ မစဉ်းစားခဲ့တာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒီရာသီ အမှတ်ပေးဇယားရပ်တည်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတဲ့ မန်ယူဟာ ကစားသမားကောင်းတွေ ခေါ်ယူဖို့ ခက်ခဲနိုင်လိမ့်မယ်လို့ သုံးသပ်ချက်တွေ ရှိနေပြီး နာမည်ကြီးကစားသမားတွေအနေနဲ့ မန်ယူကိုလာချင်ကြမှာမဟုတ်ဘူးလို့ ဒီလစ် က သုံးသပ်လိုက်ပါတယ်။

(AP Photo/Martin Meissner)

ပေါ့ဂ်ဘာ ။       ။ ရီးယဲလ်အသင်းက ပေါ့ဂ်ဘာကို ပေါင်သန်း(၉၀)ပဲ ပေးမယ်လို့ အသိပေးလိုက်တဲ့အချိန်မှာပဲ ဂျူဗင်တပ်စ်အသင်းက ပေါ့ဂ်ဘာအတွက် ပေါင်(၁၂၅)သန်းအထိ ပေးချေသွားဖို့ ပြင်ဆင်နေတယ်လို့ Goal က ဖော်ပြပါတယ်။ မန်ယူအသင်းအတွက်တော့ ပေါ့ဂ်ဘာအတွက် ဂျူဗင်တပ်စ်၊ ရီးယဲလ်တို့ အပြိုင်ကြိုးစားနေတာကို စောင့်ဆိုင်းနေရုံသာ ဖြစ်ပြီး ဂျူဗင်တပ်စ်သာ တကယ်တမ်းကြိုးစားလာခဲ့မယ်ဆိုရင် ရီးယဲလ်အနေနဲ့ ပြောင်းရွှေ့ကြေးကို ပိုမိုတိုးမြှင့်ပြီး ကမ်းလှမ်းရဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
ကမ္ဘာ့ဖလား လူစာရင်း ပေါက်ကြားသွားခဲ့တဲ့ စပိန်အသင်း

နာပိုလီ ။         ။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့ နာပိုလီအသင်းဟာ ရိုးမားနောက်ခံလူ မာနိုလက်စ်ကို ခေါ်ယူဖို့ ဆက်လက်ကြိုးစားနေပါတယ်။ နာပိုလီအသင်းဟာ မာနိုလက်စ်အတွက် ငွေသားအပြင် အသက် (၁၉)နှစ်အရွယ် ကွင်းလယ်ကစားသမား ဒီယာဝါရာ ကိုပါ ထည့်သွင်းပေးသွားဖို့ ကမ်းလှမ်းထားခဲ့ပြီး ရိုးမားအသင်းဖက်ကတော့ မာနိုလက်စ်အတွက် ယူရို (၃၆)သန်း ရရှိဖို့သာ မျှော်လင့်နေပါတယ်။

ဘင်နီတက်ဇ် ။  ။ တရုတ်စူပါလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဒါလီယန်အသင်းဟာ နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်ကို တစ်နှစ်လုပ်ခလစာ (၁၂)သန်းနဲ့ ကမ်းလှမ်းလိုက်ပါတယ်။ ဒီလကုန်ရင် နယူးကာဆယ်အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးပြီဖြစ်တဲ့ ဘင်နီတက်ဇ်ဟာ အသင်းပိုင်ရှင် အပြောင်းအလဲကာလမှာ နယူးကာဆယ်ကနေ ထွက်ခွာသွားရဖို့ရှိနေပြီး တရုတ်စူပါလိဂ်ဆီ ရောက်ရှိသွားဖို့ နီးစပ်နေတယ်လို့ The Times ကဖော်ပြပါတယ်။

Linn

Source : Mirror , Goal , TheSun

SHARE