၂၄-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မိုရာတာ ။        ။ အက်သလက်တီကို အသင်းက အငှားနဲ့ခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာရဲ့ အပြောင်းအရွှေ့ဟာ ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ အက်သလက်တီကိုမှာ ကစားခဲ့ဖူးတဲ့ မိုရာတာကို နည်းပြ ဆီမြွန်နီက အငှားနဲ့ခေါ်ယူချင်နေပြီး ချယ်လ်ဆီးကတော့ အပြီးသတ်ရောင်းချဖို့သာ အလိုရှိနေတာမို့ အပြောင်းအရွှေ့ဟာ ကြန့်ကြာနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ လက်ရှိဆွေးနွေးမှုတွေအရတော့ အက်သလက်ဟာ မိုရာတာကို (၆)လ အငှားနဲ့ခေါ်ဖို့ရှိနေပြီး (၆)လ ပြည့်သွားချိန်မှာတော့ အပြီးသတ် စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရတာပါ။

မန်ယူ ။ ။ ဇန်န၀ါရီအပြောင်းအရွှေ့ကာလပြီးဖို့ (၇)ရက်သာ လိုတော့တဲ့အချိန်မှာ မန်ယူအသင်း ကစားသမားသစ် မခေါ်ယူနိုင်သေးတဲ့အခြေအနေနဲ့ ပတ်သက်ပြီး နည်းပြ ဆိုးလ်ရှားက စိတ်ပူနေတယ်လို့ မန်ယူရဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း ဆိုးလ်ရှားက အသင်းအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ကိုတော့ မတောင်းဆိုရဲဘူးလို့ သတင်းတွေက ဖော်ပြနေကြတာပါ။ မန်ယူအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝါ့ဒ်ဟာ ဒီနေ့မနက်ပိုင်းမှာ မန်ယူအသင်းလေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပြီး နည်းပြဆိုးလ်ရှားနဲ့ လာရောက်တွေ့ဆုံခဲ့ပေမယ့် ကစားသမားခေါ်ယူမှုတွေကတော့ အကောင်အထည်ပေါ်လာခဲ့ခြင်း မရှိသေးပါဘူး။

Twitter

စပါး ။   ။ ဒီနေ့ည ကစားမယ့် ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ဒဏ်ရာက ပြန်လည်သက်သာလာပြီဖြစ်တဲ့ တိုက်စစ်မှူး လူးကပ်စ်မိုရာ ပါဝင်လာမယ့်လို့ စပါးနည်းပြ ပိုချက်တီနိုက အတည်ပြုလိုက်ပါတယ်။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်း ၊ အယ်လီ တို့ ဒဏ်ရာရနေချိန်မှာ မိုရာတစ်ယောက် ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့လို့ ပိုချက်တီနို အသက်ရှူချောင်သွားခဲ့ပြီး စပါးရဲ့တိုက်စစ်မှာ လာမယ်လာ ၊ မိုရာနဲ့ အဲရစ်ဆင် တို့ ကစားကြမှာပါ။ စပါးအသင်းဟာ သူတို့အိမ်ကွင်းမှာကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့တစ်လုံးတည်းသော ပင်နယ်တီဂိုးနဲ့ အနိုင်ရထားခဲ့တာဖြစ်ပါတယ်။

READ
၂၀၁၇-၁၈ပရီးမီးယားလိဂ်ပွဲစဉ်အချိန်ဇယားထွက်ပေါ်ခဲ့ပြီး ချန်ပီယံချယ်လ်ဆီး ပွဲကျပ်နေ
Twitter

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ဒီအပြောင်းအရွှေ့ကာလမှာ ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကိုခေါ်ယူဖို့ကလွဲလို့ တခြားမျှော်လင့်ချက်မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ အပြောင်းအရွှေ့ရာသီ ပြီးဆုံးဖို့ (၇) ရက်သာ လိုတော့ချိန်မှာ အာဆင်နယ်ဟာလည်း မန်ယူအသင်းနည်းတူ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်နိုင်ခြင်းမရှိသေးပဲ ပစ်မှတ်ထားတဲ့ ကစားသမားတွေကိုလည်း ခေါ်ယူနိုင်မှုမရှိသေးပါဘူး။ အမ်မရီကတော့ ဘာစီလိုနာကနေ အငှားနဲ့ခေါ်ဖို့ ပြင်နေတဲ့ ဆွာရက်ဇ်ကသာ အာဆင်နယ်ရဲ့ တစ်ဦးတည်းသော ခေါ်ယူမှု ဖြစ်လာနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်။

Twitter

အွန်နရီ ။         ။ မိုနာကိုအသင်းနည်းပြ ဂျာဒင် နေရာကို အစားဝင်လာခဲ့တဲ့ အွန်နရီဟာ လက်ရှိအချိန်မှာတော့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီလို့ Mirror က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ မိုနာကိုအသင်းနည်းပြ ဖြစ်လာခဲ့တဲ့ အွန်နရီဟာ အသင်းရဲ့ ရလဒ်ပိုင်းကို ကောင်းမွန်အောင် စွမ်းဆောင်ပေးနိုင်ခြင်းမရှိခဲ့ပဲ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ပွဲစဉ် (၁၂) ပွဲမှာ (၂) ပွဲသာ အနိုင်ရထားခဲ့တာပါ။ ဒီအခြေအနေမှာ မိုနာကိုနည်းပြဟောင်း ဂျာဒင်အနေနဲ့ အသင်းကို ပြန်ရောက်လာလိမ့်မယ်လို့ သတင်းတွေထွက်နေပြီး အွန်နရီကတော့ ထုတ်ပယ်ခံရလိမ့်မယ်လို့ Mirror က ဖော်ပြသွားခဲ့တာပါ။

READ
လက်စတာကိုဓာတ်ပုံတစ်ပုံနဲ့ သတိပေးခြိမ်းခြောက်လိုက်တဲ့ဟယ်ရီကိန်း
Twitter

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ အီတလီရဲ့ ဘူဖွန်အငယ်စားလေးလို့ ချီးကျူးခံနေရတဲ့ ဂျီနိုအာဂိုးသမားလေးကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ အသက် (၁၇)နှစ် အရွယ်သာ ရှိသေးတဲ့ ဂျီနိုအာ ဂိုးသမား အလက်ဇန်ဒရို ရက်ဆို ရဲ့အေးဂျင့်ဖြစ်သူကို ဂျူဗင်တပ်စ်က ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ အီတလီသတင်းစာတွေမှာ ဖော်ပြနေကြတာပါ။ ရက်ဆို ကို PSG အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဂျီနိုအာနဲ့ ဆက်ဆံရေးကောင်းတွေရှိနေတဲ့ ဂျူဗင်တပ်စ်က အသာစီးရသွားဖို့ရှိနေတယ်လို့ Calciomercato က ဖော်ပြပါတယ်။

Linn

Source : Mirror , ESPN , Goal

 

SHARE