ဆာဗေ့ခ်ျ ။ ။ Mirror ရဲ့ ဆောင်းပါးရှင်တစ်ဦးအဖြစ် ရပ်တည်နေပြီး ဘောလုံးပွဲခန့်မှန်းချက်တွေ ပြုလုပ်ပေးနေတဲ့ ရော်ဘီဆာဗေ့ခ်ျကတော့ ဒီနေ့ည ကစားမယ့် လီဗာပူးလ်-အာဆင်နယ် ပွဲစဉ်မှာ လီဗာပူးလ်အသင်းက (၃-၁)လောက်နဲ့ နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။ မန်ယူနဲ့ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်မှာလည်း မန်ယူအသင်းက အိမ်ကွင်းမှာ (၃-၀)နဲ့ နိုင်လိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းသွားခဲ့ပြီး ချယ်လ်ဆီးကလည်း နော်ဝှစ်ခ်ျကို ဂိုးမပြတ်ပဲ နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ဆန်းချက်ဇ် ။ ။ မန်ယူအသင်းဟာ တိုက်စစ်မှူး ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ အသင်းမှာထားမယ်ဆိုရင် သူ့ရဲ့လုပ်ခလစာတွေနဲ့ထပ်ဆောင်းအပိုကြေးတွေအတွက် ပေါင်(၉၃.၅)သန်းအထိ ကုန်ကျမှာဖြစ်တယ်လို့ စာရင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူနဲ့ဆန်းချက်ဇ်တို့ရဲ့ စာချုပ်ဟာ (၂၀၂၂)ခုနှစ်အထိ ရှိနေပြီး လက်ရှိအခြေအနေမှာတော့ မန်ယူက ဆန်းချက်ဇ်ရဲ့သွင်းဂိုးတစ်ဂိုးအတွက် ပေါင်(၁၁)သန်း၊ ဂိုးဖန်တီးမှုတစ်ကြိမ်အတွက် ပေါင်(၆.၁)သန်းလောက် ပေးချေနေရတဲ့သဘောမှာရှိနေတယ်လို့ Goal က တွက်ချက်ပြသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဆန်းချက်ဇ်ရဲ့ပြောင်းရွှေ့ကြေးနဲ့ လုပ်ခလစာတွေအတွက် ငွေကြေးအမြောက်အများကုန်ကျထားခဲ့ရပေမယ့်လည်း ဆန်းချက်ဇ်ကတော့ မန်ယူအတွက် သွင်းဂိုး(၅)ဂိုးနဲ့ ဂိုးဖန်တီးမှု (၉)ကြိမ်သာ ပြုလုပ်ထားနိုင်ခဲ့သေးတာပါ။
Cost of Alexis Sanchez at Man United.. pic.twitter.com/FYKlho0sZj
— Engr Frosh 🇳🇬 (@EngrFrosh) August 22, 2019
ကွန်ပနီ ။ ။ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီ သွားရောက်ကစားနေတဲ့ အန်ဒါလက် အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာလည် ဂန့်ခ်အသင်းကို (၁-၀)နဲ့ ရှုံးနိမ့်ခဲ့ပြီး ရာသီအစ (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှု ဖြစ်လာခဲ့ပါတယ်။ ဒီရလဒ်ဟာ အန်ဒါလက်အသင်းရဲ့ သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ရာသီအစရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ကွန်ပနီကိုယ်တိုင်လည်း ကစားသမား/နည်းပြအဖြစ် တာဝန်ယူနေရာကနေ နည်းပြအဖွဲ့ထဲက နုတ်ထွက်ထားခဲ့ရပြီဖြစ်ပါတယ်။
The injured player-manager. Anderlecht lost 1-0 against champions KRC Genk – that’s 2 points out of 15 for Kompany and company. And he’s possibly out for his own testimonial in 3 weeks. #mcfc pic.twitter.com/CUnQ4aMKuj
— Kristof Terreur 📰🎥 (@HLNinEngeland) August 23, 2019
မူစတာဖီ ။ ။ အာဆင်နယ်နောက်ခံလူ မူစတာဖီရဲ့ အေးဂျင့်ဖြစ်သူက မူစတာဖီတစ်ယောက် အာဆင်နယ်အသင်းကနေ ထွက်ခွာသွားတာဟာ နှစ်ဖက်စလုံးအတွက် အကျိုးရှိတဲ့ ကိစ္စသာဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက မူစတာဖီအနေနဲ့ အသင်းကနေ ထွက်သွားဖို့ ဆန္ဒရှိနေတယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားနိုင်ကြောင်း အသိပေးလိုက်ပြီးတဲ့နောက် မူစတာဖီ တစ်ယောက် အာဆင်နယ်ကနေ ဒီအပြောင်းအရွှေ့မကုန်ခင် ထွက်ခွာမှာဖြစ်ကြောင်း သူ့ရဲ့အေးဂျင့်က ပြန်လည်ပြောဆိုသွားခဲ့ပါတယ်။
Shkodran Mustafi’s father and agent provides update on transfer away from Arsenal https://t.co/NrFkcBi8sZ pic.twitter.com/Znp5j3LA5D
— Mirror Football (@MirrorFootball) August 23, 2019
ဘစ်ဆာကာ ။ ။ မန်ယူအသင်းနောက်ခံလူသစ် ဘစ်ဆာကာ က ဒီနေ့ည ယှဉ်ပြိုင်ကစားရမယ့် ပဲလေ့စ်အသင်းနဲ့ပွဲစဉ်အတွက် ဖိအားတစ်စုံတစ်ရာမရှိကြောင်းနဲ့ အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရမယ့်အတွက်လည်း စိတ်မပူမိကြောင်း ပြောဆိုလိုက်ပါတယ်။ ဘစ်ဆာကာ က သူ့အနေနဲ့ မန်ယူအသင်းနဲ့အတူ အကောင်းဆုံး ကစားသွားဖို့သာ ဆန္ဒရှိနေပြီး တခြား ဘာဖိအားမှ ရှိမနေဘူးလို့ ပဲလေ့စ်နဲ့ပွဲမတိုင်မီ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့တာပါ။
ဆာရီ ။ ။ ဂျူဗင်တပ်စ်အသင်းရဲ့နည်းပြ ဆာရီ ဟာ အဆုတ်ရောဂါကြောင့် ဆေးရုံတက်နေရပြီး ဂျူဗင်တပ်စ်အသင်းရဲ့အဖွင့်ပွဲစဉ် (၂)ပွဲကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ အသင်းတာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။ ဆေးလိပ်အလွန်အကျွံသောက်သုံးသူ နည်းပြကြီးဟာ နမိုးနီးယားရောဂါခံစားနေရတာဖြစ်ပြီး သူ့ရဲ့အဆုတ်နဲ့ပတ်သက်လို့ ကင်ဆာဖြစ်နိုင်တဲ့အခြေအနေတွေတောင် တွေ့ရှိနေရတယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။ ဆာရီဟာ ဂျူဗင်တပ်စ်ရဲ့ ရာသီအဖွင့်ပွဲစဉ်တွေဖြစ်ကြတဲ့ ပါးမား၊ နာပိုလီ အသင်းတို့နဲ့ ကစားရမယ့်ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။
ကန်တီ ။ ။ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီ ဟာ လေ့ကျင့်ရေးအစီအစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပြီး ဒီတစ်ပတ် ကစားမယ့် နောဝှစ်ခ်ျနဲ့ပွဲမှာ ပါဝင်ဖို့မသေချာဘူးလို့ နည်းပြ လမ်းပတ်က ဖွင့်ဟလိုက်ပါတယ်။ ဒူးဒဏ်ရာကြောင့် ချယ်လ်ဆီးရဲ့ ရာသီကြိုခြေစမ်းပွဲတွေ အားလုံးကို လွဲချော်ခဲ့ရတဲ့ ကန်တီဟာ လီဗာပူးလ်၊ လက်စတာတို့နဲ့ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ ဒဏ်ရာ ထပ်မံ ရရှိသွားခဲ့တာပါ။
Linn
Source : TheSun , Mirror , Goal