၂၈-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒီတစ်ပတ် ကစားရမယ့် အာဆင်နယ်အသင်းနဲ့ပွဲစဉ်ကို အပြည့်အ၀ အာရုံစိုက်ထားကြဖို့ အသင်းသားတွေကို တိုက်တွန်းလိုက်ပါတယ်။ ကလော့ပ်က ဒီပွဲစဉ်ဟာ လီဗာပူးလ်အတွက် ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ ခန့်မှန်းလိုက်ပြီး အာဆင်နယ်အသင်းဟာ သူတို့ရဲ့အကောင်းဆုံး ပုံစံမှာရှိနေတယ်လို့ မှတ်ချက်ပေးခဲ့ပါသေးတယ်။ လီဗာပူးလ်အသင်းဟာ မနက်ဖြန်ည ၁၂ နာရီအချိန်မှာ အာဆင်နယ်အသင်းကို အန်ဖီးလ်မှာ လက်ခံကစားရမှာဖြစ်ပြီး အဲဒီပွဲပြီးရင်လည်း မန်စီးတီးအသင်းနဲ့အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကြရဦးမှာပါ။

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီက တစ်ချိန်တုန်းက လက်တွဲခဲ့ရတဲ့ တိုက်စစ်မှူးနေမာ ၊ နည်းပြ ဂွာဒီယိုလာတို့နဲ့ ပြန်လည် လက်တွဲချင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက်ဆီနဲ့ နေမာ တို့ဟာ လာလီဂါချန်ပီယံဆုဖလားနှစ်ကြိမ်ကို အတူ ဆွတ်ခူးခဲ့သူတွေဖြစ်ပြီး (၂၀၁၇) သြဂုတ်လမှာတော့ နေမာက PSG ကို ပြောင်းရွှေ့သွားခဲ့တာပါ။ မက်ဆီက သူ့အနေနဲ့ ဒီလူတွေနဲ့အတူ နောက်တစ်ကြိမ်ပြန်လက်တွဲချင်သေးပြီး လက်ရှိအနေအထားအရတော့ သူတို့အသင်းတွေက လက်လွှတ်ဦးမှာမဟုတ်ဘူးလို့ မှတ်ချက်ပေးသွားခဲ့တာပါ။

Marca

မိုဒရစ် ။ ။ စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်ကို ခေါ်ယူဖို့ ကြိုးစားနေဆဲပဲလို့ ESPN က ဖော်ပြပါတယ်။ အင်တာ ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာကတည်းက မိုဒရစ်ကိုခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပြီး အပြောင်းအရွှေ့ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်သွားခဲ့တာပါ။ အဲဒီနောက်မှာတော့ မိုဒရစ်က ရီးယဲလ်အသင်းမှာပဲ ကစားသမားဘ၀ အဆုံးသတ်ဖို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကို နောက်ဆုတ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် အင်တာမီလန်အသင်း ဘုတ်အဖွဲ့ကတော့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ကြောင်း အသင်း အားကစားဒါရိုက်တာ ကိုယ်တိုင်က ပြောဆိုသွားခဲ့တာပါ။

READ
၁၀-၁၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရမ်ဆေး ။        ။ အာဆင်နယ်အသင်းကနေ ထွက်ခွာမယ့် ရမ်ဆေးသာ ဂျူဗင်တပ်စ်ကိုရောက်လာခဲ့ရင် အသင်းရဲ့ ဂန္ဓ၀င်ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဂျူဗင်တပ်စ်ကွင်းလယ်လူဟောင်း ပီယာလိုက မှတ်ချက်ပေးလိုက်ပါတယ်။ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၅၁)ပွဲမှာ ဂိုး(၆၀) သွင်းယူထားခဲ့တဲ့ ရမ်ဆေးဟာ ဒီရာသီကုန်ဆုံးရင်အသင်းကနေ ထွက်ခွာမှာဖြစ်ပြီး ဘယ်အသင်းကိုပြောင်းရွှေ့မလဲဆိုတာကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ ပီယာလို က ရမ်ဆေးဟာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဘောလုံးပေးပို့မှုတွေကို အကောင်းဆုံး ပြုလုပ်နိုင်တဲ့သူဖြစ်တာမို့ ဂျူဗင်တပ်စ်အတွက် အရေးပါတဲ့ ကစားသမားဖြစ်လာမယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဟယ်ရီကိန်း ။   ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက လာမယ့်ဇန်န၀ါရီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ကစားသမားသစ်ခေါ်ယူဖို့မလိုသေးဘူးလို့ သုံးသပ်လိုက်ပါတယ်။ စပါးအသင်းဟာ လက်ရှိလူစာရင်းနဲ့အတူ ပုံစံကောင်းတွေ ပြသနေပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့်(၂) နေရာအထိရောက်ရှိလာခဲ့တာပါ။ ဟယ်ရီကိန်းက စပါးအသင်းရဲ့ ကစားသမားတွေဟာ အကောင်းဆုံး ပုံစံမှာရှိနေကြသလို အသင်းလိုက်စုစည်းမှုမှာလည်း အကောင်းဆုံးဖြစ်နေတာကြောင့် ကစားသမားသစ်ခေါ်ဖို့မလိုသေးဘူးလို့ ထင်မိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
(၁-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Jon Super)

ရီးယဲလ် ။        ။ PSG အသင်းအနေနဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းတွေကို ကိုက်ညီဖို့ ယူရိုသန်း(၉၀) လိုအပ်နေဆဲဖြစ်တယ်လို့ AS သတင်းစာက ရေးသားသွားခဲ့ပြီး PSG ဟာ နေမာနဲ့ ဘက်ပီတို့ နှစ်ဦးထဲက တစ်ဦးကို ရီးယဲလ်ဆီရောင်းထုတ်သွားဖို့ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ PSG ဟာ ဘဏ္ဍာရေးစည်းမျဉ်းသစ်ရဲ့ ငွေကြေးပမာဏကို ကျော်လွန်ပြီး သုံးစွဲခဲ့တဲ့ အနေအထားကြောင့် UEFA နဲ့ ထိပ်တိုက်ရင်ဆိုင်နေခဲ့ရပြီး အသင်းရဲ့ အဓိက ကစားသမားအချို့ကိုရောင်းချရဖွယ်ရှိနေတာပါ။ AS သတင်းစာရဲ့ သုံးသပ်ချက်အရတော့ ရီးယဲလ်ကို အရောက်နိုင်ဆုံး ကစားသမားဟာ တိုက်စစ်မှူး နေမာပဲဖြစ်ပြီး ဘက်ပီ ကိုတော့ PSG က ထိန်းသိမ်းထားဖွယ်ရှိတယ်လို့ သိရပါတယ်။

Linn

Source : TheSun , AS , Goal

SHARE