၃-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

မက်ဆီ ။         ။ အာဂျင်တီးနားအသင်း အသင်းခေါင်းဆောင် မက်ဆီက ဘရာဇီးအသင်းနဲ့ ကစားခဲ့တဲ့ ကိုပါအမေရိကပြိုင်ပွဲရဲ့ဒိုင်လူကြီးဆုံးဖြတ်ချက်တွေကို ဝေဖန်လိုက်ပါတယ်။ မက်ဆီက ဒီပွဲကိုတာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် ရော့ဘီ ဇမ်ဘရာနိုရဲ့ဆုံးဖြတ်ချက်တွေဟာ မျှတမှု မရှိကြောင်းနဲ့ အဂွီရိုကို ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ဘောဟာ ကျိန်းသေပေါက်ပင်နယ်တီပေးရမယ့် ဖြစ်ရပ်တစ်ခုလို့ ပွဲအပြီးအင်တာဗျူးမှာဖြေဆိုသွားခဲ့တာပါ။

ကော်တင်ဟို ။   ။ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ကော်တင်ဟို ကို အသင်းကနေ ရောင်းချဖို့ ဘာစီလိုနာအသင်းတာဝန်ရှိသူတွေက အတည်ပြုလိုက်ပြီလို့ Marca သတင်းစာက ဖော်ပြပါတယ်။ ဘာစီလိုနာဟာ ကော်တင်ဟိုကိုရောင်းချလို့ရတဲ့ ငွေကြေးကို နေမာ ၊ ဂရစ်ဇ်မန်းတို့ကိုခေါ်ယူရာမှာ ထည့်သွင်းအသုံးပြုဖို့ရှိနေပြီး ကော်တင်ဟို အနေနဲ့ အသင်းဟောင်း လီဗာပူးလ်ဆီ ပြန်လည်ရောက်ရှိဖို့ အခြေအနေကောင်းတွေရှိနေခဲ့တာပါ။

(AP Photo/Eugenio Savio)

ဂျာဂီယယ်ကာ   ။         ။ အဲဗာတန်အသင်းကနေ ထွက်ခွာလာခဲ့ပြီဖြစ်တဲ့ နောက်ခံလူ ဂျာဂီယယ်ကာ ဟာ ဘန်လေအသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။ အသက် (၃၆)နှစ်အရွယ် နောက်ခံလူကို ဘန်လေအသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘန်လေနည်းပြ ရှောင်ဒိုက် က အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းဖို့အတွက် ခြေစွမ်း စမ်းသပ်မှုတွေ ပြုလုပ်နေခဲ့တာပါ။

အက်သလက် ။ ။ အက်သလက်တီကိုအသင်းဟာ နောက်ခံလူ ဂိုဒင်ရဲ့နေရာကို အစားထိုးဖို့အတွက် ပေါ်တိုနောက်ခံလူ ဖိလစ်ပီ ကို ပေါင်(၁၇)သန်းနဲ့ ခေါ်ယူလိုက်ပါပြီ။ အသက် (၃၀)အရွယ် ကစားသမားကို အက်သလက်က (၃)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပြီး အသင်းရဲ့တွစ်တာကနေ တရားဝင် ကြေညာသွားခဲ့ပါတယ်။

READ
၂၄-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

မန်ယူ ။ ။ မန်ယူအသင်းဟာ ဒီတစ်ပတ်အတွင်း ကစားသမားသစ်နှစ်ဦးကို ထပ်မံခေါ်ယူသွားဖို့ သေချာသလောက်ဖြစ်နေပြီလို့ Mirror က ဖော်ပြပါတယ်။ လက်စတာအသင်းနောက်ခံလူ မက်ဂွိုင်းယားဟာ မန်ယူအသင်းကိုရောက်ရှိလာနိုင်တဲ့ အနီးစပ်ဆုံး ကစားသမားဖြစ်နေပြီး ရီးယဲလ်တောင်ပံကစားသမား ဂါရက်ဘေးလ်ဟာလည်း ပေါ့ဂ်ဘာနဲ့အလဲအထပ်လုပ်ပြီးရောက်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဒါဘီ ။  ။ PSV အသင်းနဲ့ ဖီနာဘာချီအသင်းတို့ရဲ့ မန်နေဂျာဟောင်း ကိုကူးဟာ လမ်းပတ်ရဲ့နေရာကို အစားထိုးဖို့ ဒါဘီအသင်းဆီရောက်ရှိလာတော့မှာဖြစ်ပြီး လာမယ့် (၄၈)နာရီအတွင်း စာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ကိုကူးအတွက်တော့ အင်္ဂလန်ကလပ်အသင်းကို ပထမဆုံးအကြိမ်ကိုင်တွယ်ရတဲ့ အတွေ့အကြုံ ဖြစ်လာဖို့ရှိနေပြီး အသက် (၄၈)နှစ်အရွယ် နည်းပြဟာ တစ်နှစ်လစာ ပေါင် (၂)သန်းနဲ့သဘောတူညီမှုရရှိခဲ့တယ် လို့ Sky Sports က ဖော်ပြပါတယ်။

READ
၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ယာယာတိုရေး ။ ။ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက အိုလံပီယာကော့စ်အသင်းမှာ သွားရောက်ကစားခဲ့ပြီး (၃)လအကြာမှာပဲ အသင်းကနေ ထွက်ခဲ့ရတဲ့ ယာယာတိုရေးဟာ တရုတ်ဒုတိယတန်းကလပ်အသင်းဆီ သွားရောက်ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ တရုတ်ဒုတိယတန်းကလပ်အသင်း ကွင်ဒို ဟောင်ဟိုင် အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ကြောင်း ယာယာတိုရေးက သူ့ရဲ့တွစ်တာအကောင့်ကနေ ပရိသတ်တွေဆီ အသိပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE