၅-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက မန်ယူအသင်းနည်းပြ မော်ရင်ဟို ဟာ ကလေးဆိုးကြီးတစ်ယောက်နဲ့တူတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒါဟာ အာစင်ဝင်းဂါးမရှိတော့ပေမယ့်လည်း မော်ရင်ဟိုနဲ့ စကားလုံးစစ်ပွဲ ဆင်နွှဲမယ့်နည်းပြတစ်ယောက် ရှိနေပြီဖြစ်ကြောင်း အသိပေးလိုက်တာဖြစ်ပြီး ဒီညကစားမယ့် မန်ယူနဲ့အာဆင်နယ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ အမ်မရီ က ပြောလိုက်တာပါ။ အမ်မရီက မော်ရင်ဟို ဟာ အသင်းရဲ့ ရလဒ်ပိုင်းမတည်ငြိမ်မှုအပေါ် ကလေးဆိုးကြီးတစ်ယောက်လို ပြုလုပ်နေတာဖြစ်ပြီး သူ့ရဲ့စိတ်ခံစားမှု ပြင်းထန်ခြင်းက အသင်းသားတွေအပေါ် သက်ရောက်မှုရှိစေတယ်လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနိုက အာဆင်နယ်အသင်းကစားသမားတွေဟာ စပါးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ ချန်ပီယံဆုဖလားရသလို အောင်ပွဲခံနေကြတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အ၀တ်လဲခန်းထဲမှာ အသင်းသားတွေ အောင်ပွဲခံနေကြတဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေခဲ့ပြီးနောက်ပိုချက်တီနိုက အခုလို ပြောဆိုလိုက်တာပါ။ ပိုချက်တီနို က အာဆင်နယ်အသင်းဟာ စပါးအသင်းကို အဓိက ပြိုင်ဖက်အဖြစ် သတ်မှတ်ထားတာကြောင့် အခုလို အကြီးအကျယ် အောင်ပွဲခံနေကြတာဖြစ်ပြီး စပါးအနေနဲ့ ပြီးခဲ့တဲ့ (၂) ရာသီဆက် အာဆင်နယ်အသင်းရဲ့အထက်မှာ ရပ်တည်နိုင်ခဲ့ခြင်းကို မကျေမနပ်ဖြစ်နေတာဖြစ်နိုင်တယ်လို့ ဆိုခဲ့ပါတယ်။

READ
၎-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

ဗယ်လ်ဗာဒီ ။    ။ ဘာစီလိုနာအသင်းနည်းပြ ဗယ်လ်ဗာဒီ က ဘလွန်းဒီအောဆု ရရှိခဲ့တဲ့ မိုဒရစ်အတွက် ဂုဏ်ယူကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပြီး မက်ဆီတစ်ယောက် အဆင့်(၅)နေရာသာ ရရှိခဲ့ခြင်းကိုတော့ ရယ်ချင်မိကြောင်း ဆိုလိုက်ပါတယ်။ ဗယ်လ်ဗာဒီ က ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီရဲ့ စွမ်းဆောင်ရည်နဲ့ သူ့ရဲ့အရှေ့မှာ ရပ်တည်နေတဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို နှိုင်းယှဉ်သွားခဲ့ပြီး မက်ဆီဟာ ဘယ်သူနဲ့မဆို ယှဉ်နိုင်စွမ်းရှိတဲ့ ကစားသမားဖြစ်တယ်လို့ ဖွင့်ဟလိုက်တာပါ။ ဗယ်လ်ဗာဒီ က ဘလွန်းဒီအောဆုအတွက် ဆုရွေးချယ်သူတွေဟာ ဒီ့ထက်ပိုပြီး စဉ်းစားကြဖို့ လိုပြီလို့လည်း တိုက်တွန်းလိုက်ပါသေးတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ ဘာစီလိုနာအသင်းကွင်းလယ်ကစားသမား ဒင်းနစ်ဆွာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး အေစီမီလန်အသင်းနဲ့ အပြိုင်ဖြစ်နေတယ်လို့  စပိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၄)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ဒီရာသီမှာလည်း (၂) ပွဲသာ ပါဝင်ကစားပေးထားရတာပါ။ ချယ်လ်ဆီးဟာ ဒင်းနစ်ဆွာရက်ဇ်ကို လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်တယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

READ
၁၈-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
ESPN

အနော်တိုဗစ် ။  ။ ၀က်စ်ဟမ်းအသင်းရဲ့ တိုက်စစ်မှူး အနော်တိုဗစ်ဟာ ကာဒစ်ဖ်ကို (၃-၁)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိသွားခဲ့ပြီး အနည်းဆုံး (၄) ပတ်လောက် နားရဖို့ရှိနေပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန် (၃၈) မိနစ်မှာတင်ပဲ လူစားလဲခဲ့ရတဲ့ အနော်တိုဗစ်ကြောင့် နည်းပြ ပယ်လီဂရီနီ အနေနဲ့ တိုက်စစ်ပိုင်းအခက်အခဲတွေ ရင်ဆိုင်ရနိုင်ချေရှိပြီး လူးကပ်စ်ပီရက်ဇ်နဲ့ ချီချာရီတို တို့က အဓိက ပွဲထွက် ကစားသမားတွေ ဖြစ်လာဖို့ရှိနေပါတယ်။

ဘက်ပီ ။         ။ PSG အသင်းတိုက်စစ်မှူး ဘက်ပီ က PSG အသင်းကို လာရောက်ကစားစေချင်တဲ့ ကစားသမားတစ်ယောက်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီ ကစားသမားကတော့ အေဂျက်ဇ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ပဲ ဖြစ်ပြီး ဘက်ပီက သူ့အနေနဲ့ ဒီဂျောင်ရောက်လာရင် အသင်းရဲ့ကွင်းလယ်က ပိုအလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုလိုက်တာပါ။ ဒီဂျောင်ကို မန်စီးတီးအသင်းက ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဘက်ပီရဲ့ မှတ်ချက်စကားကြောင့် မန်စီးတီးဟာ အပြောင်းအရွှေ့ကိစ္စတွေအတွက် ဆွေးနွေးမှုတွေကို ပိုပြီးလျှင်လျှင်မြန်မြန်လုပ်ရဖို့ရှိနေပါတော့တယ်။

PA

Linn

Source : Dailymail , Marca , Goal

SHARE