၂၅-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဟာဇက် ဟာ ဒီနေ့ည ကစားမယ့် Bate အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရခဲ့တာကြောင့် ဒီပွဲကို ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ ချယ်လ်ဆီးနည်းပြ ဆာရီက အတည်ပြုပေးခဲ့ပြီးယူရိုပါလိဂ် ပြိုင်ပွဲဟာ ချယ်လ်ဆီးအတွက် ကြီးမားတဲ့ ပြဿနာ မဟုတ်ဘူးလို့ဆာရီက ဆိုပါတယ်။ ဟာဇက် ဟာ ချယ်လ်ဆီးအသင်းရဲ့ ဒီနှစ် ယူရိုပါလိဂ်ပွဲစဉ်တွေမှာ ပါဝင်ကစားပေးဖို့ ပျက်ကွက်ခဲ့ပြီးဗီဒီယိုတန်အသင်းနဲ့ ပွဲစဉ်တစ်ပွဲမှာသာ လူစားဝင်ကစားသမားအဖြစ်ကစားပေးခဲ့ပါတယ်။

ဘန်ဇီမာ ။       ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဘန်ဇီမာ ဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားစာရင်း (ခြေစစ်ပွဲသွင်းဂိုးများမပါ) မှာ မန်ယူအသင်းတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဘန်ဇီမာ ဟာ ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူစာရင်းမှာ သွင်းဂိုး (၅၆) ဂိုးနဲ့ မန်ယူတိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းနဲ့အတူ စတုတ္ထနေရာမှာ ပူးတွဲရပ်တည်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ သွင်းဂိုး (၅၇) ဂိုးနဲ့ တစ်ဦးတည်း ရပ်တည်နိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်ရဲ့ ဂိုးအများဆုံး သွင်းထားသူများစာရင်းမှာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုက သွင်းဂိုး (၁၂၀)နဲ့ နံပတ်(၁)၊ မက်ဆီက သွင်းဂိုး (၁၀၅) ဂိုးနဲ့ နံပတ်(၂)၊ ရီးယဲလ်တိုက်စစ်မှူးဟောင်းရာအူးလ် က သွင်းဂိုး (၇၁) ဂိုးနဲ့ နံပတ် (၃) နေရာတွေမှာ အသီးသီး ရပ်တည်နေခဲ့ကြပါတယ်။

READ
မန်စီးတီးနဲ့အတူ အသင်းဂျာစီဝတ်ပြီး အောင်ပွဲခံတဲ့ မန်ဂလာ ဝေဖန်ခံနေရ
(AP Photo/Paul White)

ဗန်ပါစီ ။                   ။ နယ်သာလန်အသင်းတိုက်စစ်မှူး ဗန်ပါစီ က (၂၀၁၈) ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘောလုံးသမားဘ၀ကနေ အနားယူဖို့ စဉ်းစားနေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာ ဖီယင်နုအသင်းအတွက် ကစားပေးနေပြီး သွင်းဂိုးတွေ သွင်းယူပေးနေတဲ့ ဗန်ပါစီက သူ့ရဲ့ အသက်အရွယ်ဟာ ဘောလုံးကစားခြင်းကနေ အနားယူရမယ့် အရွယ်ရောက်ပြီလို့ တွေးမိကြောင်း ၀န်ခံလိုက်ပါတယ်။ လက်ရှိမှာ အသက် (၃၅)နှစ်ရှိပြီဖြစ်တဲ့ ဗန်ပါစီဟာ ဒီရာသီ အစမှာမှ ဖီယင်နု အသင်းဆီကိုပြောင်းရွှေ့ ကစားပေးခဲ့တာဖြစ်ပြီး အသင်းအတွက် (၁၆) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး(၉) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Twitter

ဘယ်လာမီ ။    ။ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော်တိုက်စစ်မှူးတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဘယ်လာမီ က မန်ယူအသင်းအနေနဲ့ အသင်းရဲ့တိုက်စစ်မှူး လူကာကူ ကို အရေးပါတဲ့ပွဲစဉ်တွေမှာ အသုံးပြုဖို့ မသင့်တော်တော့ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘယ်လာမီက လူကာကူဟာ အသင်းဖော်တွေနဲ့ တွဲဖက်ကစားဖို့ထက် တစ်ဦးတည်းစွမ်းဆောင်နိုင်ဖို့ကိုသာ ပိုမိုအာရုံစိုက်လေ့ရှိပြီး သူ့ကြောင့် အသင်းရဲ့ ကစားပုံ ထိခိုက်လာနိုင်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

READ
၁၄-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အာဆင်နယ်  ။           ။ အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲစဉ်အတွက် ခံစစ်ကစားသမားတွေဖြစ်တဲ့ ကိုလာစီနက်နဲ့ မွန်ရီယယ်တို့နှစ်ယောက်ကို ဆုံးရှုံးရဦးမှာပါ။ အခြားနောက်ခံကစားသမားတစ်ဦးဖြစ်တဲ့ ဆိုကရက်တစ်ကတော့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပြီး ဂိုးသမား ပီတာချက် လည်း ပွဲထွက်ဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ အသင်းနည်းပြ အမ်မရီကတော့ စပို့တင်းနဲ့ ပွဲစဉ်မှာ ခံစစ်ကစားသမား (၃) ယောက်တည်းကစားတဲ့ ကစားကွက်မျိုးကို အသုံးပြုကောင်း ပြုနိုင်တယ်လို့ လေသံပစ်ထားပါတယ်။

Twitter

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ အီတလီရဲ့ ပီယာလိုလက်သစ်လို့ သတ်မှတ်ခြင်းခံနေရတဲ့ ဘရက်စီယာအသင်း ကွင်းလယ်ကစားသမားလေးကို ဂျူဗင်တပ်စ်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ တိုနာလီ ဟာ သူ့ရဲ့ခြေစွမ်းကြောင့် အသင်းကြီးတွေရဲ့  စိတ်ဝင်စားမှုကို ခံနေရပြီး လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတာပါ။ လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးကလည်း တိုနယ်လီ ကိုခေါ်ယူချင်နေတဲ့ အသင်းထဲမှာ ပါဝင်လာခဲ့ပြီး ပေါင် သန်း (၂၀) လောက်အထိ အသုံးပြုသွားဖို့ စီစဉ်နေပါတယ်။

Linn

Source : TheSun , Dailymail , Mirror

 

SHARE