ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်း (၃)ခု

Image:freepik.com/fongbeerredhot

ဆံပင်ကျွတ်ခြင်းကတော့ အသက်အရွယ် လူကြီးလူငယ်မရွေးကြုံ ရနိုင်တဲ့ ပြဿနာ တစ်ခုပါ။ဆံပင် ကျွတ် ရတဲ့အ ကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။တစ်ချို့က တော့ ဆံပင်ကို လုံလောက် တဲ့ Haircare တွေ မလုပ်တာ၊ဦး ရေ ပြား ပြဿနာ၊မှီဝဲ နေရတဲ့ ဆေးဝါးတွေ၊စိတ်ဖိစီးမှု ပြဿနာ တွေ ကြောင့် ဆံပင် ကျွတ်တာ မျိုး တွေ ဖြစ်တာ ပါ။အဲ့ဒီအထဲကမှ ဆံပင် တွေ ဆိုးဆိုးရွားရွား ကျွတ်ရတဲ့ အဓိက အ ကြောင်းအရင်း (၃) ခုကို pinkvilla မှာ အခုလို ဖော်ပြထားပါတယ်။

ဦးရေပြား ပြဿနာ

Image:freepik.com/odua

ဆံပင် ကျွတ်ခြင်းကို ဆိုးဆိုးရွားရွား ဖြစ်စေနိုင်တဲ့ အဓိက ကတော့ ဦး ရေပြားပြဿနာ ပါ။ဦးရေ ပြား ဆိုတာက ဆံပင် အမြစ် တွေကုပ် တွယ် ရှင်သန် ရတဲ့ နေရာပါ။ဦးရေပြားက ခြောက်သွေ့ နေတာ၊မသန့်ရှင်းပဲ ညစ်ပတ် နေတာ၊ဗောက်ထ နေတာ မျိုးတွေ က ဆံပင်တွေ ဆိုးဆိုးရွားရွား ကျွတ် ထွက် စေပါတယ်။လူတော်တော် များများ ဆံပင် ကျွတ်ရတဲ့ အဓိက အ ကြောင်းအရင်းက တော့ ဗောက်ပြဿနာ ကြောင့်ပါ။ဗက်တီးရီး ယား တွေ ပေါက် ဖွား ရှင်သန် နေတဲ့ ဦးရေပြား တစ်ခု ပေါ်မှာ ဆံပင် တွေ ကျန်းမာ သန်စွမ်း စွာ ရှင်သန်ဖို့ ဆိုတာ မဖြစ်နိုင် ပါဘူး။ညစ် ပတ် နေတဲ့ ဦးရေ ပြားက မွေးညင်းပေါက် တွေကို ပိတ်ဆို့ သွားစေပါတယ်။ဒါ ကြောင့် ဆံပင် ကျွတ် တဲ့ ပြဿနာနဲ့ ကြုံ ရပြီဆိုရင် ဦးရေပြားက သန့်ရှင်းမှု ရှိရဲ့ လားဆိုတဲ့ အချက်ကို အရင် ပြန် သုံးသပ် ကြည့်ပါ။

READ
မျက်နှာပေါ်က အမွှေးအမျှင်တွေကို သဘာဝနည်းဖြင့် ဖယ်ရှားနည်း

အပူတွေ အလွန်အကျွံ ပေးတာ

Image:freepik.com/odua

အပူပေးပစ္စည်းတွေ နဲ့ ဆံပင်ကို ထိ တွေ့ ပါ များရင်လည်း ဆံပင်တွေ ကျွတ် ထွက် ကုန်ပါတယ်။အပူဆိုတာက တော့ ဆံပင် တွေ နဲ့ လုံးဝ မတည့်တဲ့ အရာ လို့ တောင် ပြော လို့ ရပါတယ်။ဆံပင်ကို ခြောက် အောင် လေမှုတ်တာ၊ဆံပင်ကို ဖြောင့်တာ၊ကောက်တာ၊အပူနဲ့ ပုံသွင်းတာ တွေ ကို ဆံသားတွေ ကို ကျွတ် ထွက် ကုန် စေပါတယ်။ဒ့ါအပြင် အပူပေး ပစ္စည်းတွေနဲ့ ထိ တွေ့ ပါ များရင် ဦးရေပြားပါ ခြောက်သွေ့ လာ စေနိုင်ပါတယ်။ဒါ့အပြင် ဆံပင် အတွက် လိုအပ် တဲ့ Moisture နဲ့ ရေဓါတ်ကိုပါ ဆုံးရှုံးစေပါတယ်။Dry Cell တွေ က တော့ ဆံပင် မွေးညှင်းပေါက်တွေကို ထိခိုက် စေကာ ဆံပင်ကျွတ် ခြင်းကို ဖြစ်ပေါ် စေတာပါ။

READ
အမျိုးသားတွေ သဘောကျတဲ့ အမျိုးသမီးတို့ရဲ့ ဆံပင်စတိုင်များ

ဟော်မုန်းနဲ့ တခြား အကြောင်းအရာများ

Image:freepik.com/user20061941

ဟော်မုန်း ကိစ္စ ကလည်း ဆံပင် နဲ့ ဦးရေပြားအ ပေါ်မှာပါ သက်ရောက်မှု ရှိစေပါတယ်။ဟော်မုန်းပြောင်းလဲမှု၊ဟော်မုန်း မညီ မျှ မှု တွေ က ဆံပင် တွေ ကို အလွန်အ ကျွံ ကျွတ် ထွက် စေပါတယ်။ဟော်မုန်း တစ်ခုတည်းကြောင့် တော့ မဟုတ်ပါဘူး။ကိုယ်ရဲ့ နေ့စဉ် နေထိုင်စား သောက်မှု ပုံစံ ကလည်း ဆံပင် အတွက် သက် ရောက်မှု ရှိစေပါတယ်။စီးကရက်တွေ သောက်တာ၊ကိုယ်မှီဝဲ နေတဲ့ေ ဆးဝါး တွေ ကြောင့်လည်း ဆံပင်တွေ ကို ကျွတ် ထွက် စေပါတယ်။

#SHWEMOM

SHARE