လက်ရှိလူမှုဘဝမှာတော့ Face mask တွေဟာ လူသားတွေအတွက် မရှိမဖြစ်ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ အခုအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 10 ကူးစက်ရောဂါကြီးကလည်း ဘယ်အချိန်မှာ ပြီးဆုံးနိုင်မှန်းမသိတဲ့ အခြေအနေကြောင့် လူတွေ အပြင်ထွက်မယ်ဆိုတာနဲ့ Face mask တွေကို မဖြစ်မနေ တပ်ဆင်သွားလာကြရပါတယ်။ ဒီလို Face mask တွေထဲကမှ သာမန် Mask တွေနဲ့ မတူပဲ ဒီဇိုင်းလှတဲ့အပြင် ရိုးရိုး Face mask တွေထက် ဈေးကြီးတဲ့ Face mask တစ်ချို့အကြောင်း ပြောပြချင်ပါတယ်။
Off White
https://www.instagram.com/p/B_Ndy4Vjgot/?utm_source=ig_embed
Off White ချည်သား Mask တွေကတော့ တော်တော်လှပတဲ့ ဒီဇိုင်းရှိတဲ့ Face mask တွေ လို့ပဲ ပြောရပါမယ်။ ဈေးကတော့ အနည်း ဆုံး ဒေါ်လာ ၂၀၀ ကစပြီး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ အရောင်ကတော့ အနက်ရောင်ကိုပဲ အခြေခံပြီး ချုပ်ထားတဲ့အပြင် ဒီဇိုင်းနေရာမှာတော့ သူတို့ရဲ့ Brand logo ကိုပဲ အသုံးများလေ့ ရှိပါတယ်။
Supreme
Supreme ကတော့ လူငယ်တွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ Street Wear Brand တစ်ခုဖြစ်တဲ့အပြင် အဝတ်အစားတွေသာမက လူ့အသုံးအဆောင်ပစ္စည်းတော်တော်များများကိုလည်း သူတို့ရဲ့ Brand တံဆိပ်နဲ့ ထုတ်လုပ်လေ့ ရှိပါတယ်။ Supreme Mask တွေကတော့ Retain ဈေးက ဒေါ်လာ ၁၂၀ ဝန်းကျင်ခန့်ပဲ ရှိပေမယ့် Resell site တွေမှာတော့ Supreme Face mask တစ်ခုကို အမေရိကန်ဒေါ်လာ ၅၀၀ ကျော်လောက်နဲ့ ပြန်ရောင်းချနေကြောင်း သိရပါတယ်။
BAPE
Bathing Apes ကတော့ ဒီဘက်ခေတ်လူငယ်တွေအကြိုက် Street Wear Brand တစ်ခု ဖြစ်ပြီး သူ့ရဲ့ ဒီဇိုင်းကိုက စစ်ရောင်ကာလာတွေပေါ်မှာ အခြေခံပြီး ဒီဇိုင်းထွင်ထားတာ ဖြစ်ပါတယ်။ BAPE Face mask တွေကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၄၀ မှ ၄၀၀ ကြားရှိပါတယ်။
Maison Modulare
အကယ်လို့ Branded Face mask တစ်ခုကို ဒေါ်လာ ၁၀၀ ဝန်းကျင်နဲ့ပဲ လိုချင်တယ်ဆိုရင်တော့ ဒီ Maison Modulare Face mask က အကောင်းဆုံးပါပဲ။ ပေးရတဲ့ ဈေးနဲ့တန်အောင် Mask မှာ အသုံးပြုထားတဲ့ ချည်သားက နူးညံတဲ့ အပြင် ဒီဇိုင်းကလည်း ဖက်ရှင်ကျတာဖြစ်တဲ့အတွက်ကြောင့်လူကြိုက်များတဲ့ Face mask တစ်ခုပါပဲ။
Pyi Hein Kyaw