Facebookမှာ ဗီဒီယိုဖြင့်Chatနိုင်တော့မည်

Video Chat နယ်ပယ်မှာ ပြိုင်ဆိုင်မှုပြင်းထန်လာပါပြီ။ Google ရဲ့ Google Duo၊ Skype, Apple Facetimeတို့ကို
ယှဉ်ပြိုင်ဖို့ Facebookကလည်း Video Chatနယ်ပယ်ထဲဝင်ရောက်လာခဲ့ပါပြီ။ နောက်ဆုံးထွက်ရှိထားတဲ့ Messenger App ပေါ်မှာ ဗီဒီယိုFeatureကို ထည့်သွင်းပေးခဲ့ပါတယ်။

အသုံးပြုသူတွေအနေနဲ့ မျက်နှာချင်းဆိုင်စကားပြောသလို ပြောနိုင်တော့မှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ပြစ
ရာရှိတဲ့ အခိုက်အတန့်မျိုးမှာလည်း အလွယ်တကူ ပြနိုင်တော့မှာဖြစ်ပါတယ်။ တစ်ခါတစ်လေ သင့်အနေနဲ့ သင်ဝယ်မယ့်
ရှုးဖိနပ်အပေါ် သင့်သူငယ်ချင်းရဲ့ အမြင်ကိုမေးချင်တာမျိုးလည်းရှိုနိင်ပါတယ်။ သူငယ်ချင်းဘေးနားမှာမရှိပေမယ့် ဒီဗီဒီယို
Feature ကြောင့် သူငယ်ချင်းကို ပြသနိုင်တော့မှာဖြစ်ပါတယ်။

Google Duoလို့ခေါ်တဲ့ ဗီဒီယို appထွက်လာပြီး ၂ပတ်အကြာမှာ Facebookကလည်း စခဲ့တာဖြစ်ပါတယ်။ Google
Duoကတော့ အီးမေးလ်နဲ့ဝင်ရောက်နိုင်ပြီး Google Duo ရှိတဲ့သူတိုင်းကို ဗီဒီယိုနဲ့ စကားပြောနိုင်မှာဖြစ်ပါတယ်။ Google Duo ရော Facebok Instant Videoရောဟာ Android နဲ့ iOSပေါ်မှာ အလုပ်လုပ်နိုင်ပြီး Facebtime
ကတော့ Apple ပစ္စည်းများပေါ်မှာအလုပ်လုပ်နိုင်ပါတယ်။

READ
Canon ကနေ ထွက်ရှိလာတော့မယ့် အသေးဆုံး၊ အပေါ့ပါးဆုံး ကင်မရာလေးအကြောင်း

Facebook အနေနဲ့ Skypeထက်ပိုရိုးရှင်းအောင်လုပ်ထားတာလည်း တွေ့ရပါတယ်။ Instant Videoကိုသုံးချင်တယ်
ဆိုရင်တော့

၁) သင်နဲ့ သင့်သူငယ်ချင်းမှာ နောက်ဆုံးအပ်ဒိတ် Facebook Messenger ရှိဖို့လိုပါတယ်

၂) Messenger ထဲမှာပြောနေတဲ့ စကားဝိုင်းမှာ ညာဘက်အပေါ်ဒေါင့်က ဗီဒီယိုပုံစံဟာလေးကို နှိပ်လိုက်ပါ။ ပြီးရင်တော့
စပြီး ဗီဒီယိုနဲ့ပြောနိုင်ပါပြီ။

၃) အသံကတော့ အလိုလျောက်ပိတ်ထားပါတယ်။ ဖွင့်ချင်ရင်အလွယ်တကူဖွင့်နိုင်ပါတယ်။

၎) ဗီဒီယိုဟာ စကားပြေနေတဲ့ အပေါ်ဘက်လေးနားမှာပေါ်လာမှာဖြစ်ပြီး စာလည်း ဆက်လက်ရိုက်နိုင်မှာဖြစ်ပါတယ်။

၅) သင့်သူငယ်ချင်းကလည်း သင့်ကိုဗီဒီယိုနဲ့ ပြန်ချက်ချင်ရင် ပြန်ချက်လို့ရပါတယ်

Source:mirror

ထူးထူး (Shwemom)

SHARE