သေကြောင်းကြံစည်မှုတွေကို ကာကွယ်ပေးနိုင်မယ့် AI စနစ်ကို Facebook အဆင့်မြှင့်နေ

Facebook ဟာ သေကြောင်းကြံစည်မှုကို ဖြစ်စေမယ့် အကြောင်းအရာတွေကို အလိုအလျောက်ကာကွယ်ပေးမယ့် စနစ်ကို အဆင့်ထပ်မံတိုးမြှင့်လိုက်ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က Facebook ဟာ လူ့မှတ်ဥာဏ်တုကို အသုံးပြုပြီး Post တွေ၊ ဗွီဒီယိုတွေနဲ့ Facebook LIVE ထုတ်လွှင့်မှုတွေမှာ သေကြောင်းကြံစည်မယ့် အကြောင်းအရာတွေ ပါဝင်ခြင်းရှိ၊ မရှိ သုံးသပ်လေ့လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Facebook ဟာ အဲဒီနည်းပညာကိုအသုံးပြုပြီး အဓိကဦးစားပေးရမယ့် Post တွေကို သုံးသပ်တယ်လို့လည်း သိရပါတယ်။

Photo source: Internet

ပြီးခဲ့တဲ့ မတ်လတုန်းက Facebook ဟာ AI စနစ်ကို အခြေခံပြီး အမေရိကန်နိုင်ငံတွင်းမှာ သေကြောင်းကြံစည်မှုကို ရည်ရွယ်တဲ့စာတွေပါဝင်တဲ့ Post တွေကို စတင်စမ်းသပ်လေ့လာခဲ့ပါတယ်။

အခုနောက်ဆုံးတိုးမြှင့်လိုက်တဲ့ AI စနစ်ဟာ တခြားနိုင်ငံတွေထက် လုံခြုံရေးကန့်သတ်မှုပိုများတဲ့ EU နိုင်ငံတွေကလွဲပြီး တကမ္ဘာလုံးမှာရှိတဲ့ ဗွီဒီယိုနဲ့ စာသား Post တွေကို အလိုအလျောက် ဆန်းစစ်လေ့လာတဲ့စနစ်တွေပါဝင်လာပါတယ်။

Photo source: Internet

Blog တစ်ခုမှာတော့ Post တွေကို AI စနစ်က ဘယ်လို ခွဲခြမ်းလေ့လာသလိုဆိုတာနဲ့ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေမယ့် အကြောင်းအရာတွေ ပါဝင်ခြင်းရှိ၊ မရှိ ဘယ်လိုခွဲခြားတယ်ဆိုတာကို ရှင်းပြထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ Facebook AI ဟာ Post တွေက စကားလုံးအသုံးအနှုန်းတွေ၊ စကားစပ်တွေကိုတင် ခွဲခြမ်းလေ့လာတာ မဟုတ်ဘဲ comment တွေကို ဆန်းစစ်ပြီး “Are You OK?”၊ “Can I help you?” တို့လိုမျိုး စကားတွေပါခဲ့ရင်လည်း ဒီပို့စ်ကို သေကြောင်းကြံစည်မှုနဲ့ ဆက်နွယ်မှုရှိနိုင်ဖို့ ပိုပြီး အခွင့်အလမ်းရှိနိုင်တယ်လို့ ယူဆတယ်လို့ သိရပါတယ်။

READ
သင့်ဖုန်းမှာ App တွေကို "Dark Mode" ထားသုံးတဲ့အခါ ရလာမယ့် အကျိုးကျေးဇူးများ
Photo source: Internet

အဲဒီလိုယူဆတဲ့ Post တစ်ခုအတွက် ဝင်ရောက်ဆွေးနွေးဖို့ လိုအပ်လာတဲ့အခါ  Facebook ဟာ အဲဒီ post ကို ပထမဆုံးတုံ့ပြန်တဲ့သူတွေနဲ့ ဆက်သွယ်ပြီး အကူအညီပေးဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဒါ့အပြင် Post ပိုင်ရှင်ထံကို Facebook Messenger မှတဆင့်ဆက်သွယ်မှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံရဲ့ လူမှုကူညီမှုအသင်းအဖွဲ့တွေဆီ ဆက်သွယ်ဖို့ link တွေကိုပါ ပေးပို့သွားမှာဖြစ်ပါတယ်။

အဆိုပါ အလိုအလျောက် လေ့လာဆန်းစစ်တဲ့ AI စနစ်ကို ယခုနှစ်အစပိုင်းမှာ စတင်ခဲ့ပြီး အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေတော့ ရှိနေပါသေးတယ်လို့ ထုတ်လုပ်မှုစီမံရေးဌာနက ဒုတိယဥက္ကဌ Guy Rosen က ပြောကြားခဲ့ပါသေးတယ်။

Photo source: Internet

“ပြီးခဲ့တဲ့ လမှာ ရရှိခဲ့တဲ့ လေ့လာဆန်းစစ်မှု သတင်းပေးပို့ချက်တွေအရ ကျွန်တော်တို့ဟာ စစ်ဆေးမှုပေါင်း (၁၀၀)ကို ပထမဆုံး တုံ့ပြန်သူတွေနဲ့ ပူးပေါင်းစစ်ဆေးခဲ့ပါတယ်” လို့ Rosen က ပြောကြားခဲ့ပါတယ်။

READ
CES နည်းပညာပြပွဲမှာ ပြသခဲ့သော အတိတ်က နည်းပညာပစ္စည်းများ

ဒီစစ်ဆေးမှုတွေထဲမှာ Facebook အသုံးပြုသူတွေကိုယ်တိုင်က စိုးရိမ်တကြီးပေးပို့ကြတဲ့ report တွေ မပါဝင်သေးဘူးလို့ သိရပါတယ်။ အသုံးပြုသူတွေအနေနဲ့လည်း တကယ်လို့ မိမိရဲ့ သူငယ်ချင်းတွေထဲမှာ ကိုယ့်ကိုယ်ကို ထိခိုက်အောင်လုပ်မယ့်အရေးအသားတွေ တွေ့ခဲ့ရင် Facebook ကို တိုက်ရိုက်ဆက်သွယ်အကြောင်းကြားနိုင်ပြီး Facebook ကနေ လုပ်ထုံးလုပ်နည်းတွေအတိုင်း အမြန်ဆုံးအကူအညီပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

SiThu (Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE