မကြာမီFacebookမှာ Live Videoတွေတင်နိုင်တော့မည်

မကြာတော့တဲ့ ကာလမှာ Facebook User တွေအနေနဲ့ မိမိတို့ကိုယ်ပိုင် Timeline မှာ Live Videos stream တွေ တင်
နိုင်တော့မှာ ဖြစ်ကြောင်း FB တည်ထောင်သူ Mark Zuckerberg က သူရဲ့ Timeline မှာ ကြေငြာခဲ့ကြောင်း metro သ
တင်းစာက ကိုးကား ဖော်ပြခဲ့ပါတယ်။ Facebook မှာ ပြီးခဲ့တဲ့နှစ်က ထည့်သွင်းခဲ့တဲ့ streaming tool ဟာ သုံးစွဲသူ အ
မြောက်အများ ရှိခဲ့ပြီး အထူးသဖြင့် အမေရိကန်လူထုကြားမှာ ကျယ်ပြန့်စွာ အသုံးပြုခဲ့ပါတယ်။ အခုအချိန်မှာတော့ Facebook က အသုံးပြုသူတွေအတွက် အပြင်အဆင်အသစ်တွေကို ထုတ်ပြန်လိုက်ပြီး အဲဒီ အရာတွေထဲမှာ ဗွီဒီယိုတွေ
တိုက်ရိုက် ရိုက်ကူးတင်နိုင်နိုင်မယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိသုံးနေတဲ့ Messenger icon
နေရာမှာ Video icon နဲ့ အစားထိုးသွားမှာ ဖြစ်ပြီး အဲဒီနည်းလမ်းကနေ တစ်ဆင့ှ်ဗွီဒီယိုတွေ အလွယ်တစ်ကူ Share လို့
ရအောင် ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဗွီဒီယိုကိုလည်း ကာလာကြိုက်သလို ချိန်လို့ရမယ့် Setting ပါ ပါဝင်မှာ ဖြစ်
ပြီး အဖြူ/အမည်းကိုလည်း စိတ်ကြိုက်အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

READ
လျှပ်စစ်ဓာတ်အားသုံး အင်ဂျင်တွေရဲ့စွမ်းအားကိုပြလိုက်တဲ့ E.ON ရဲ့ ကြော်ငြာ

Live Video လွှင့်တင်မှုကို လိုသလို ဆွဲနိုင်ဆန့်နိုင်ပြီး မှတ်ချက်စကားတွေကိုလည်း လက်ခံရရှိနိုင်သလို Replay အနေနဲ့
လည်း ပြန်လည် ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ ဒါအပြင် အသုံးပြုသူတွေအနေနဲ့ ဗွီဒီယိုအသစ် ရှာဖွေဖို့အတွက် Location နဲ့ သူငယ်ချင်းအသစ်တွေ ဖိတ်ခေါ်ခြင်းကနေ တစ်ဆင့် ထပ်မံ ရရှိနိုင်မှာပါ။ အောက်ခြေမှာလည်း သူငယ်ချင်း
တွေ ဗွီဒီယိုကို လာကြည့်ဖို့ ဖိတ်နိုင်တဲ့ Button ပါရှိမှာပါ။ ဒီ feature ကို iOS နဲ့ Android စနစ်ပါဝင်တဲ့ မည်သည့်ဖုန်းမှာမဆို အသုံးပြုသွားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

shwemom post photo (1)

source : metro.co.uk

SHARE