မြို့ပြမှာ နေ ပေမယ့် တောထဲရောက်သလို ခံစားချက်ပေးစွမ်းနိုင်တဲ့ Vertical Forest

Image:IG/filippo.fiore22 & boscoverticalemilano

အခုနောက်ပိုင်းမှာတော့ အဆောက်အအုံတွေ ဆောက်တဲ့ အခါမျိုးတွေမှာ သစ်ပင်လေးတွေ စိုက်ဖို့ အတွက် နေရာ လေး တွေ ကိုပါ ချန် ထားပြီး ဆောက်လုပ်လာ ကြပါတယ်။အီတလီနိုင်ငံ Milan မှာရှိတဲ့ Bosco Verticale  အဆောက်အအုံ အိမ်ယာ တစ်ခု မှာတော့ ထူးခြား တဲ့ ပုံစံ မျိုးနဲ့ ဖန်တီးထားတာပါ။အထပ်မြင့် အဆောက်အအုံမှာနေပေမယ့် သစ်ပင်ပန်းမန်တွေကြားမှာ နေ နေ ရသလို ခံစားချက် မျိုး ကို ရရှိ စေမှာပါ။အဲ့ဒီအိမ်ယာမှာတော့ Tower နှစ်ခု ပါရှိကာ တစ်ခုက မီတာ ၈၀ နဲ့ နောက်တစ်ခုက တော့ ၁၁၂ မီတာ ရှိပါတယ်။ မတ် စောက် တဲ့ ဒေါင်လိုက် တိုက်ကြီး မှာ ထားရှိတဲ့ သစ်ပင်တွေ မို့ သူ့ကိုတော့  vertical forest ဆိုပြီး တော့လည်း ခေါ် ကြပါတယ်။ဒီအ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။

Boeri Studio  မှာရှိတဲ့ ဗီသုကာ အဖွဲ့က နေ ဒီဇိုင်း ဖန်တီးထားတာပါ။သစ်ပင်တွေ အတွက် နေအိမ် ဖြစ်သလို လူသားတွေနဲ့ ကျေးငှက် တွေ အတွက် လည်း အိမ်ဖြစ်ရမယ်..ဆိုတဲ့ စိတ်ကူးနဲ့ ဖန်တီး ခဲ့တာပါ။၂၀၁၄ အောက်တိုဘာ တုန်းက ဆောက် လုပ် ပြီးစီး ခဲ့တာပါ။ဆောက် ထားတဲ့ Tower နှစ်ခု မှာ ဆိုရင် သစ်ပင် စုစုပေါင်း (၉၀၀)ကျော်ရှိပါတယ်။အပင် ၅၅၀ နဲ့ ၃၅၀ လောက်က တော့ ပထမ နဲ့ ဒုတိယ Tower တို့မှာ ရှိတာပါ။အထပ် ၁၁ ထပ် မှာတော့ ရုံးခန်းအ ဆောက်အအုံ ရှိပြီး  သူ့အပြင်ဘက်မှာတော့ အပင် မရှိပါဘူး။

သာမန် မြင်တွေ့ နေကျနေကာ တဲ့ အရာ မျိုးတွေ နဲ့ မတူပဲ သစ်ပင်တွေကို ဒိုင်းတစ်ခု လို ဖန်တီး ပေးထားတာ ကြောင့် နေ ရောင် ကို ကာပြီး ဖြစ်သလို ပတ်ဝန်းကျင် အတွက် လည်း ကောင်းပါတယ်။တစ်ချိန်တည်းမှာပဲ သစ်ပင်တွေ ကြောင့် အောက်စီဂျင်ကို ပို ထုတ် ပေး နိုင်သလို ကာဗွန်ဒိုင် အောက်ဆိုဒ် နဲ့ တခြား micro အမှုန် တွေကို လည်း စုပ်ယူ ပေးနိုင်ပါတယ်။

အပင်တွေ ၀န်းရံ နေတဲ့ Bosco Verticale မှာ နေထိုင်ရတဲ့ ခံစားချက်ကို အဲ့ဒီမှာေ နထိုင် တဲ့ Simona Pizzi ဆိုသူက အခုလို ပြော ပြ ခဲ့ပါတယ်။” Bosco Verticale  စ ဖွင့်တည်းက ဒီမှာေ နလာတာပါ။လူနေ ထူထပ်တဲ့ Milan မြို့ လယ် မှာ နေ နေရတယ်လို့ တောင် မခံ စား ရဘူး။တကယ့် သစ်ပင် အစစ်တွေနဲ့ အခုလို ၀န်းရံ ခံထားရ တော့ နေ့စဉ်ဘ၀ အပေါ် ကောင်းတဲ့ အကျိုး သက်ရောက်မှု တွေ ခံစား ရတယ်၊နွေရာသီဆိုရင်လည်း အပင်တွေ ကြောင့် အရမ်းမပူဘူး၊အပင်တွေ က microclim ate လေး တစ်ခုကို ဖန်တီးပေးထားသလိုပဲ၊ ဆောင်း ရာသီ ကျ တော့လည်း Heating ကို လျှော့ သုံးတယ်၊နွေကျ တော့ လည်း အဲကွန်း၊Air Cooler ကို လျှော့ သုံးတယ်၊သိပ် သုံး စရာ မလိုဘူး..” လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Filippo Fiore (@filippo.fiore22)

ဒီလို မျိုး လူတွေ လည်း နေထိုင်လို့ရ၊သစ်ပင်တွေ လည်း စိုက်ပျိုးလို့ရတဲ့ အဆောက်အအုံ မျိုးက ဒါပထမဆုံး တော့ မဟုတ်ပါဘူး။အရင် တုန်း ကလည်း Edificio Santalaia အပါအ၀င် အခုလို ပုံစံ အဆောက်အအုံ မျိုးတွေ အများကြီး ရှိခဲ့ဖူးပါတယ်။ Edificio Santalaia က တော့ ကိုလံဘီယာ နိုင်ငံ Bogota မြို့ လယ် မှာ တည်ရှိတာ ဖြစ်ပြီး အပင်တွေနဲ့ ဖုံးလွှမ်း နေတဲ့ အဆောက်အအုံပါ။နောက်တစ်ခု က တော့ တရုတ်နိုင်ငံ Chengdu မြို့က Qiyi City Forest Garden ဆိုတဲ့ လူနေအဆောက်အအုံပါ။

Bosco Verticale  အဆောက်အအုံကို ဘယ်လို ထိန်းသိမ်းလဲ ဆိုရင်တော့ သူ့မှာ ဥယျာဉ်မှူးတွေရှိပါတယ်။ပုံမှန်ဥယျာဉ်မှူးတွေ လို တော့ မြေ ပြင်မှာ လုပ်ရတဲ့ ဥယျာဉ်မှူးမျိုး မဟုတ်ပဲ အထပ်မြင့်ကြီးတွေ အထိ တက်ပြီး လုပ်ရတာပါ။တစ်နှစ်ကို တစ်ခါ ပုံမှန် ဒီ အပင် တွေကို ထိန်းသိမ်း စောင့် ရှောက်ရေး လုပ်ပါတယ်။တောင်တက်တဲ့ နည်းလမ်း တွေကို သုံးပြီး အပင်တွေ အတွက် လိုအပ်တာ တွေကို ပြု လုပ် ပေးတာပါ။

 

View this post on Instagram

 

A post shared by sem pagnoni (@sempagnoni)

ရေက တော့ ဆည်မြောင်းစနစ် လိုမျိုးကို ဗဟို ပြု ရေပေးတာ ဖြစ်ပြီး အပင်တွေကို တော့ ဒစ်ဂျစ်တယ်နဲ့ automated system တို့ကို အသုံးပြု ပြီး စောင့်ကြည့်တာပါ။ဆောက်လုပ်ရေး လုပ်ငန်းတွေ ပြီးစီးချိန်က စလို့ နှစ်အနည်း ငယ် အတွင်းမှာပဲ Bosco Verticale   က လူတွေ တင် မဟုတ်ပဲ အကောင်လေးတွေ ရဲ့ ခိုနားရာပါ ဖြစ်လာခဲ့ပါတယ်။ငှက်၊လိပ်ပြာ အပါအ၀င် အင်းဆက် အကောင် ပေါင်း ၁၆၀၀ ကျော် နေထိုင် ကျက်စား နေကြပါပြီ။

READ
Billie Eilish က unfollow လုပ်လိုက်လို့ ၁၅ မိနစ်စာဗီဒီယိုတင်ပြီးတောင်းပန်ခဲ့သူ

#SHWEMOM

SHARE