အမျိုးသမီးပြိုင်ကားမောင်းသမား Samantha Tan အကြောင်း သင်မသိသေးတဲ့ အချက်များ

[email protected] samanthaatan

ပြိုင်ကားမောင်းတဲ့ လူတော်တော်များများကို ကြည့်လိုက်ရင် အမျိုးသားတွေချည်းပါပဲ။ ဒါပေမယ့် ပြိုင်ကားတစ်စီးရဲ့ စတီယာရင်နောက်မှာရှိမယ့် အမျိုးသမီးတစ်ယောက်ရဲ့ပုံကို မျက်လုံးထဲ ပုံဖော်ကြည့်ပါ။ တော်တော်လေးကို ရင်ခုန်ဖို့ကောင်းပြီး ဆွဲဆောင်မှု ရှိတာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် ဒီနေ့မှာတော့ Shwemom ပရိသတ်ကြီးကို နာမည်ကျော် အမျိုးသမီး ပြိုင်ကားမောင်းသမား Samantha Tan ၊ တစ်နည်းအားဖြင့် BMW ကားပြိုင်ပွဲတွေရဲ့ ဘုရင်မတစ်ယောက်အကြောင်းကို ပြောပြပေးသွားချင်ပါတယ်။

 

 

View this post on Instagram

 

A post shared by Samantha Tan (@samanthaatan)

၁။ Smantha ဟာ ကလေးဘဝကတည်းက ကားမောင်းရတာကို အရမ်းနှစ်ခြိုက်ခဲ့သူပါ

Samantha ဟာ အသက် ၅ နှစ်အရွယ်ကတည်းက သူ့ရဲ့ ဖခင်ဖြစ်သူ ဝယ်ပေးခဲ့တဲ့ ကလေးစီး ဂျစ်ကားလေူကို တော်တော်ကြိုက်နှစ်သက်ခဲ့ပြီး အဲဒီအရွယ်ကတည်းက ကားမောင်းရတာကို တော်တော်လေး စိတ်ဝင်စားပြီး နှစ်ခြိုက်ခဲ့တာ ဖြစ်ပါတယ်။ Samantha ရဲ့ ဖခင်ဟာ Samantha အသက် ၁၂ နှစ်မှာကတည်းက Road car မောင်းနည်းတွေကို သင်ပေးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

၂။ Samantha ရဲ့ သွေးဟာ မလေးရှားတစ်ဝက်၊ ဖိလစ်ပိုင်တစ်ဝက် ဖြစ်ပါတယ်

Samantha ကို ရုတ်တရက် ကြည့်လိုက်ရင် တရုတ်မလေးတစ်ယောက်လို့ ထင်ရပေမယ့် Samantha ရဲ့ ဖခင်ဟာ ဖိလစ်ပိုင်တစ်ယောက်ဖြစ်ပြီး မိခင်ဖြစ်သူကတော့ မလေးရှားနိုင်ငံသူတစ်ယောက် ဖြစ်ပါတယ်။ Samantha ရဲ့ မိဘနှစ်ပါးဟာ လက်ထပ်ပြီးတဲ့ အချိန်မှာတော့ Canada နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး နိုင်ငံသားခံယူခဲ့တာ ဖြစ်ပါတယ်။

READ
ကိုရီးယားအနုပညာလောကကို လှုပ်ခတ်စေခဲ့တဲ့ Sex ကိစ္စအရှုပ်တော်ပုံ(၂)

 

 

View this post on Instagram

 

A post shared by Samantha Tan (@samanthaatan)

၃။ Samantha ဟာ အသက် ၁၆ နှစ်ကတည်းက ပြိုင်ကားမောင်းလာခဲ့တာ ဖြစ်ပါတယ်

Samantha ဟာ အသက် ၁၄ နှစ်မှာ Canada နိုင်ငံ၊ Quebec မြို့ရှိ Circuit Mont Tremblant မှာ အသက်ငယ်ဆုံး အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်မှာတော့ Manual မောင်းနည်းကို ဖခင်ဖြစ်သူက သင်ကြားပေးခဲ့ပြီး မောင်းတတ်သွားတဲ့ အချိန်မှာတော့ Samantha ကို BMW 1M တစ်စီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ Samantha ဟာ National AutoSport Association က ကားပြိုင်ပွဲတွေ၊ Canadian Touring Car Championship ပြိုင်ပွဲတွေမှာ တောက်လျှောက် ဝင်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

၎။ Samantha ရဲ့ မိခင်ဟာ Samantha ပြိုင်ကားမောင်းတာကို ဒီနေ့အထိ ကန့်ကွက်နေတုန်းပါ

READ
အကိုက်အခဲပျောက်ဆေးတွေ အသောက်လွန်ပြီး ရုတ်တရက်သေဆုံးသွားတဲ့ Juice Wrld

Samantha ရဲ့ ဖခင်ဖြစ်သူဟာ သူ့သမီးပြိုင်ကားမောင်းတာကို အရမ်းသဘောကျသလောက် Samantha ရဲ့ မိခင်ဖြစ်သူကတော့ လုံးဝသဘောမကျခဲ့ပါဘူး။ ဒီလိုမျိုး သဘောမကျတာကလည်း Samantha တစ်ယောက် ကားမောင်းပြိုင်နေတဲ့အချိန် တစ်ခြားကားတစ်စီးနဲ့ တိုက်မိတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ပြီး Samantha အတွက် လုံးဝစိတ်မချခဲ့တာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Samantha Tan (@samanthaatan)

၅။ Samantha ဟာ ကိုယ်ပိုင်ပြိုင်ကားမောင်းအဖွဲ့တစ်ဖွဲ့ကို တည်ထောင်ခဲ့သူ တစ်ယောက်ပါ

Samantha ဟာ BMW ပြိုင်ကားမောင်းပွဲတွေမှာ အောင်မြင်မှုရရှိပြီးနောက် ၂၀၁၇ ခုနှစ်မှာတော့ ST( Samantha Tan) လို့ အမည်ရတဲ့ BMW ပြိုင်ကားမောင်းအဖွဲ့တစ်ဖွဲ့ကို ကိုယ်တိုင်တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ Samantha ရဲ့ ST အဖွဲ့ဟာ 2019/2020 Pirelli GT4 America SprintX W & Silver Championships နဲ့ Dubai 24H ကားမောင်ပြိုင်ပွဲတွေမှာ ချန်ပီယံဆုရရှိခဲ့တဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by Samantha Tan (@samanthaatan)

Pyi Hein Kyaw

SHARE