မိသားစုတစ်စုရဲ့ စပိန်ခရီးစဉ်ကဓာတ်ပုံတွေထဲမှာ လိုက်ပါနှောင့်ယှက်ခဲ့တဲ့ သရဲ

မိခင်တစ်ဦးဟာ သူတို့မိသားစုစပိန်နိုင်ငံကို ခရီးသွားတုန်းက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံနှစ်ပုံမှာ သရဲတစ်ကောင်ဟာ လိုက်လံနှောင့်ယှက်နေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ အသက်(၄၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ထရေစီအက်ဒွပ်စန် ဆိုသူ မိခင်အမျိုးသမီးက မိသားစုဓာတ်ပုံတွေထဲမှာ တစ္ဆေဆန်ဆန် အရာတွေကိုတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့တည်းခိုခဲ့တဲ့နေရာက ဆာလျူးဆိုတဲ့ ကမ်းခြေအပန်းဖြေစခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာဆိုရင် ဘယ်ကလာမှန်းမသိတဲ့ လက်တစ်ဖက်ဟာ သူမရဲ့သမီးဖြစ်သူမက်ဒီဆင်နဲ့ အနောက်မှာရှိနေပါတယ်။ နောက်တစ်ပုံမှာတော့ ဓာတ်ပုံရဲ့နောက်ခံမှာ လူလိုလိုအရိပ်တစ်ခုရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ထရေစီက “ကျွန်မတို့မိသားစု အဲဒီကိုခရီးသွားတဲ့အခါတုန်းကတော့ ဘာမှမမြင်မိကြပါဘူး။ ဒါပေမယ့် ထူးဆန်းတဲ့အရာတွေတော့ ဖြစ်ခဲ့ကြပါတယ်။ ကျွန်မညီမက ခရီးသွားဓာတ်ပုံတွေကို လိုင်းပေါ်တင်ဖို့ကြည့်တဲ့အခါ ပုံတစ်ပုံမှာတော့ သမီးရဲ့နောက်မှာ လက်အပိုတစ်ချောင်းကို တွေ့ရတယ်။ သမီးက လက်သည်းရှည်နဲ့လေ။ ဒါပေမယ့် လက်အပိုမှာ တော့လက်သည်းရှည်မရှိဘူး။ တော်တော်လေးထူးဆန်းပါတယ်။”

“ပုံထဲကလိုမျိုးလို လက်အနေအထားကိုဘယ်သူမှမလုပ်နိုင်ဘူး။” လို့ပြောပြပါတယ်။ ဒါ့အပြင် အခြားထူးဆန်းတဲ့အရာတွေလည်း အားလပ်ရက်ခရီးစဉ်အတွင်းဖြစ်ပျက်ခဲ့ပုံတွေကို ထရေစီကပြောပြခဲ့ပါတယ်။ သူတို့တည်းခိုရာအဆောင်ကတံခါးဘဲလ်ကလည်းခဏခဏမြည်တတ်တဲ့အပြင် အပြင်ထွက်ကြည့်တဲ့အခါမှာတော့တစ်ယောက်မှမရှိကြောင်းဆိုခဲ့ပါတယ်။

READ
ရှေးဟောင်းရဲတိုက်တစ်ခုထဲမှာ အလွန်ထူးဆန်းတဲ့အရာကိုရိုက်ကူးမိခဲ့တဲ့ Drone ဗီဒီယို
TRACEY EDWARDSON

ထရေစီက သူတို့ငှားနေတဲ့အဆောင်ဟာ အထပ်မြင့်တိုက်ခန်းဖြစ်ပြီး ကြောင်လိမ်လှေကားထစ်တွေနဲ့ဖြစ်တာကြောင့် အပြင်မှာတစ်ယောက်မှမတွေ့တာ ထူးဆန်းကြောင်းလည်း ပြောပြခဲ့ပါတယ်။ ထရေစီက သူမအနေနဲ့ ထိုအိမ်မှာသရဲရှိတယ်လို့ယုံကြည်ကြောင်းလည်း ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

Ref: TheSun

SHARE