သားလေး ရက်တစ်ရာပြည့်အမှတ်တရ ဓာတ်ပုံတွေရိုက်ခဲ့တဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

မင်းသမီးချော သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်း မိသားစုအတွက် အချိန်အပြည့်ပေးတော့မယ်လို့ ဆုံးဖြတ်ကာ ၀ါသနာပါတဲ့ အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပေမယ့် ပရိသတ်တွေနဲ့တော့ လူမှုကွန်ရက်မှာ အဆက်မပြတ်အောင်နေလေ့ရှိသူပဲဖြစ်ပါတယ်။ သူမရဲ့သားဦးလေးရဲ့ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေလေ့ရှိပြီး သားလေးကိုပါ ပရိသတ်တွေက အချစ်ပိုခဲ့ပါတယ်။

သူမရဲ့သားဦးလေး က အခုဆိုရင် ရက်တစ်ရာပြည့်သွားပြီဖြစ်ပါတယ်။ သားဦးလေး ရက်တစ်ရာပြည့်အထိမ်းအမှတ်အနေနဲ့လည်း လိုအပ်တဲ့နေရာတွေမှာ အလှူတွေကို ပြုလုပ်ခဲ့ပါသေးတယ်။ ဒါအပြင် သားလေးရဲ့ရက်တစ်ရာပြည့်အမှတ်တရာ မိသားစုပုံရိပ်တွေကို My Dream Studio မှ ရိုက်ကူးပေးခဲ့တာပဲဖြစ်ပါတယ်။

source : Thinzar Nwe Win

SHARE