အိမ်သာခွက်ထဲက ခလောက်မြွေ(၁)ကောင်ကိုတွေ့ရာကနေ အိမ်ထဲမှာပါ မြွေအများအပြားရှိနေ

အမေရိကန် တက္ကဆက်ကို ပြောင်းရွှေ့လာတာ မကြာသေးတဲ့ မိသားစုတစ်စုဟာ အိမ်အောက်ထပ် မြေအောက်ခန်းနဲ့ အဆောက်ဦရဲ့ အချို့နေရာတွေမှာ အဆိပ်ပြင်းထန်လှတဲ့ ခလောက်မြေ ဒါဇင်နဲ့ချီပြီး တွေ့ရှိခဲ့လို့ စိုးရိမ် ထိတ်လန့်နေပါတယ်။

ခလောက်မြွေဆိုတာ အဆိပ်အပြင်းထန်ဆုံး မြွေတွေထဲမှာ ပါဝင်ပြီး၊ အကိုက်ခံရပါက မိနစ်ပိုင်းအတွင်း သေဆုံးစေနိုင်ပါတယ်။ အခုလည်း အရွယ်ရောက်ပြီး ခလောက်မြွေတစ်ကောင်ကို အိမ်သာခွက်ထဲကနေ စတင်တွေ့ရှိခဲ့ရာက မိသားစု မြွေရှာခဲ့ကြပါတယ်။

ရှာဖွေရှင်းနဲ့ မြေအောက်ခန်းမှာ အထွေးကြီးလိုက် ဖြစ်နေတဲ့ မြွေမိသားစု 13 ကောင်ကို တွေ့ခဲ့ရပြန်ပါတယ်။ ပြီးနောက် အရွယ်ရောက်ပြီးသား မြွေ 5 ကောင် အပြင် မြွေပေါက် 5 ကောင်ကို အဆောက်ဦရဲ့ အောက်ခြေဘက် ကပ်လျှက်နေရာမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ဟာ တက္ကဆက်ပြည်နယ် Buffalo Gap အနီးမှာတည်ရှိတဲ့ Jones မြို့နယ်မှာ ဖြစ်ခဲ့တာပါ။ ဒီမှတ်တမ်းဓာတ်ပုံတွေကို မြွေဆိုးတွေ သွားရောက် ဖယ်ရှားပေးခဲ့တဲ့ ကုမ္မဏီက လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့တာ ဖြစ်ပြီး၊ Big Country Snake Removal လို့တောင် အမည်ပေးခဲ့ပါတယ်။

READ
သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကို အော်ဟစ်ပြီး မောင်းထုတ်ခဲ့တဲ့ အမျိုးသား

မြွေဖယ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကုမ္မဏီဝန်ထမ်းက “ ကျွန်တော် ရောက်သွားတော့ မြွေတစ်ကောင် အိမ်သာခွက်ထဲကနေ တက်လာတာကို တွေ့ရတယ် … ဒါကြောင့် အောက်မှာ မိလ္လာပိုက်ပေါက်နေလို့ ပိတ်ပေးခဲ့ရသေးတယ် ”လို့ ရေးသားခဲ့ပါတယ်။

၎င်းက ဆက်လက်ပြီး “ အဲဒီနောက် မြေအောက်ခန်းထဲကို သံသယရှိလို့ ဆင်းရှာတယ် … ကြက်သီးထဖွယ် မြွေ 13 ကောင်ကို အထွေးကြီးလိုက် တွေ့ခဲ့ရပါတယ် … နောက်ထပ် အိမ်အခြေမှာ မြွေ 5 ကောင် .. ပြီးတော့ မြွေပေါက် 5 ကောင်ကို ကျွန်တော်တို့ ဖယ်ရှားပေးခဲ့ပါတယ် .. ” ရေးသားခဲ့ပါတယ်။

လင်းဇော်ကို (Shwemom)

Source : mirror.co.uk

SHARE