ကမ္ဘာကျော် ဆယ်လီတွေ အားပေးကြမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများ

©(AP Photo/David J. Phillip)

သူလို ကိုယ်လို သာမန်ပြည်သူတွေ၊ ဘောလုံးပရိသတ်တွေပဲ ကမ္ဘာ့ဖလားကို အားပေးကြတာ မဟုတ်ပါဘူး။ အနုပညာ အလုပ်တွေနဲ့ မအားမလပ်ဖြစ်နေတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ မော်ဒယ်တွေလို ဆယ်လီတွေလည်း အားလပ်ချိန်ရှာပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အားပေးလေ့ရှိပါတယ်။ တစ်ချို့ဆယ်လီတွေကတော့ အိမ်မှာပဲ ရုပ်သံကနေတစ်ဆင့် အားပေးကြပေမယ့် ၀ါသနာကြီးလွန်းပြီး အားလပ်ချိန်နဲ့ တိုက်ဆိုင်နေတဲ့ တစ်ချို့ဆယ်လီတွေကတော့ ဘောလုံးကွင်းထဲအထိပါ လာရောက်အားပေးတာကို တွေ့ရမှာပါ။ ဘယ်သူတွေလည်းဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်နော်။

ဘရာဇီးလ်အသင်းနဲ့ စူပါမော်ဒယ်လ်တစ်သိုက်

ကမ္ဘာ့ဖလားမှာ အအောင်မြင်ဆုံးနဲ့ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ဘရာဇီးလ်ဘောလုံးအသင်းကတော့ ထူးထူးခြားခြား မော်ဒယ်တွေ အများဆုံးကြိုက်နှစ်သက်ပြီး အားပေးကြတဲ့ ဘောလုံးအသင်းပါ။ ဘရာဇီးလ်ရဲ့ အအောင်မြင်ဆုံး စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Gisele Bündchen ကတော့ ဘရာဇီးလ်အသင်းကို ကိုယ်ရော စိတ်ပါနှစ်ပြီး ကွင်းထဲမှာကော အိမ်မှာပါ အားပေးလေ့ရှိသူလည်း ဖြစ်ပါတယ်။

©(AP Photo/Natacha Pisarenko)

Gisele နဲ့ ခေတ်ပြိုင်လို့ ပြောရမယ့် အခြားဘရာဇီးလ်စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Alessandra Ambrosio ကလည်း ဘရာဇီးလ်အသင်းကို သည်းသည်းလှုပ် အားပေးတတ်သူတစ်ဦးပါ။

https://www.instagram.com/p/BjdJA6Kn-p4/?hl=en&taken-by=alessandraambrosiobrasil

ဒါ့အပြင် အင်္ဂလန်နိုင်ငံရဲ့ ကမ္ဘာကျော် စူပါမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ Kate Moss ကလည်း ဘရာဇီးလ်အသင်းကို အားပေးသူတစ်ဦးပါ။ ဘောလုံးကွင်းထဲမှာ ဘောလုံးပွဲတွေကို မကြည့်ဖူးပေမယ့် ရုပ်သံကနေ အမြဲကြည့်ရှုလေ့ရှိပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ မိခင်နိုင်ငံကိုယ်စားပြု အင်္ဂလန်အသင်းထက် ဘရာဇီးလ်အသင်းကို အားပေးတယ်လို့ ၀န်ခံထားသူလည်း ဖြစ်ပါတယ်။

လူမည်းအမျိုးသမီးတွေထဲမှာမှ အကျော်ကြားဆုံး စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ အင်္ဂလန်နိုင်ငံသူ Naomi Campbell ကလည်း ဘောလုံးပွဲတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်သူတစ်ဦးပါ။ သူမကတော့ မိခင်နိုင်ငံ အင်္ဂလန်အသင်းနဲ့ ဘရာဇီးလ်အသင်းကို အားပေးတယ်လို့ သိရပါတယ်။

READ
ကမ္ဘာ့ဖလားပွဲကို ဘောလုံးကွင်းထဲအထိ လာရောက်အားပေးခဲ့တဲ့ ဆယ်လီ အချောအလှများ

https://www.instagram.com/p/Bj-SUK4ADSy/?hl=en&taken-by=iamnaomicampbell

Hugh Jackman

Marvel စူပါဟီးရိုး Wolverine ဇာတ်ကောင်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ သြစတြေးလျလူမျိုး သရုပ်ဆောင် Hugh Jackman ကလည်း မိခင်နိုင်ငံ သြစတြေးလျအသင်းကို အားပေးသူတစ်ဦးပါ။ သူကတော့ ဘောလုံးကွင်းထဲ သွားရောက်အားပေးလေ့မရှိပေမယ့် မိခင်နိုင်ငံအသင်းရဲ့ ပွဲတိုင်းနီးပါးလောက်ကို ရုပ်သံကနေ အမြဲလိုလို ကြည့်ရှုလေ့ရှိတယ်လို့ သိရပါတယ်။

Photo credit: the awesome @wattsupphoto

A post shared by Hugh Jackman (@thehughjackman) on

John Travolta

သြစတြေးလျလူမျိုး ကမ္ဘာကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ John Travolta ကလည်း ဘောလုံး ပရိသတ်တစ်ဦးပါ။ သူကတော့ မိခင်နိုင်ငံသြစတြေးလျအသင်းရဲ့ ပွဲတွေကို အချိန်အားရင်အားသလို ဘောလုံးကွင်းထဲအထိ လိုက်ပါအားပေးလေ့ရှိပြီး လက်ရွေးစင် ဘောလုံးသမားတွေနဲ့ အ၀တ်လဲခန်းထဲအထိ ၀င်ရောက် တွေ့ဆုံလေ့ရှိသူဖြစ်ပါတယ်။

©(AP Photo/Rob Griffith)

Leonardo DiCaprio

အမျိုးသမီးတွေရဲ့ အသည်းစွဲ ကမ္ဘာကျော် တိုက်တင်းနစ်ရုပ်ရှင်ဇာတ်ကားရဲ့ မင်းသား Leonardo DiCaprio ကတော့ ဘရာဇီးလ်အသင်းရဲ့ အမာခံ ပရိသတ်ပါ။ ဘရာဇီးလ်အသင်းရဲ့ ပွဲတွေမှာ ရုပ်ဖျက်ပြီး ဘောလုံးကွင်းထဲအထိ သွားရောက် ကြည့်ရှုလေ့ရှိတယ်လို့ ၀န်ခံထားပါတယ်။

©(AP Photo/Christophe Ena)

Sofía Vergara

နာမည်ကျော် မော်ဒယ်လ်နဲ့ ရုပ်ရှင်သရုပ်ဆောင် Sofía Vergara ကတော့ မိခင်နိုင်ငံကိုယ်စားပြု ကိုလံဘီယာအသင်းရဲ့ ပွဲစဉ်တိုင်းကို နေအိမ်မှာ ရုပ်သံကနေတစ်ဆင့် အမြဲတမ်းကြည့်ရှုလေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။

https://www.instagram.com/p/BhvBORdAqCV/?hl=en&taken-by=sofiavergara

Daniel Craig

ပရိသတ်အကြိုက် ဂျိမ်းစ်ဘွန်းမင်းသားဖြစ်တဲ့ Daniel Craig ကလည်း အင်္ဂလိပ်လူမျိုးပီပီ ဘောလုံးအားကစားနည်းကို အရူးအမူး အားပေးတတ်သူတစ်ဦး ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အမာခံပရိသတ်တစ်ဦးဖြစ်သူ Daniel Craig ဟာ ဒီတစ်ခေါက် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရုရှားမြေအထိသွားပြီး အင်္ဂလန်အသင်းကို အားပေးမယ်လို့လည်း အတိအလင်း ကြေညာထားပါတယ်။

A post shared by Daniel Craig (@danielcraigofficialfans) on

Shakira

(၂၀၁၀)ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Waka Waka”ကို သီဆိုခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ ကိုလံဘီယာ အဆိုတော် Shakira ကလည်း ဘောလုံးနဲ့ ရေစက်ဆုံနိုင်လွန်းပါတယ်။ ဘောလုံးပွဲတွေကို အရူးအမူး အားပေးတတ်တဲ့ Shakira ဟာ စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကမ္ဘာကျော်နောက်တန်း ကစားသမား Pique နဲ့ အကြောင်းပါပြီး အိမ်ထောင်ကျခဲ့သူပါ။ ဒါပေမယ့် ဘောလုံးပွဲနဲ့ ပတ်သက်လာရင်တော့ ခင်ပွန်းဖြစ်သူ ပါဝင်ကစားတဲ့ စပိန်အသင်းထက် ကိုလံဘီယာအသင်းကို ဦးစားပေးပြီး အားပေးတယ်လို့ ၀န်ခံထားပါတယ်။

READ
ဒီနှစ်ကမ္ဘာ့ဖလားအတွက် မသိလိုက်ရင် ခေတ်နောက်ကျမယ့် အချိန်လေးများ
©(AP Photo/Themba Hadebe)

Rihanna

အဆိုတော် Rihanna ကတော့ ကာရေဘီယန်ဒေသက ဘာဘေဒိုးစ်နိုင်ငံသူပါ။ အမေရိကန်နိုင်ငံမှာ အခြေချ နေထိုင်သူဖြစ်လို့ အမေရိကန်နိုင်ငံသား အများစုလို ဘောလုံးအားကစားနည်းကို မနှစ်သက်ဘူးလို့ ထင်ရင် မှားသွားပါလိမ့်မယ်။ Rihanna က ဘောလုံးပွဲတွေကို ကွင်းထဲအထိ သွားရောက် ကြည့်ရှုတတ်သူဖြစ်ပြီး သူမအကြိုက်ဆုံး အသင်းတွေကတော့ ဂျာမနီနဲ့ ဘရာဇီးလ်အသင်းတွေပါ။

ဒါကတော့ ကမ္ဘာကျော် ဆယ်လီအချို့ရဲ့ သူတို့အားပေးတဲ့ အသင်းတွေကို ဖော်ပြပေးထားတာပါ။ သေချာတာကတော့ မကြာခင် ကြည့်ရှုရတော့မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း သူတို့နှစ်သက်တဲ့ အသင်းတွေကို အားပေးဦးမှာပဲ ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ ဆယ်လီတွေအပြင် ဘောလုံးသမားတွေရဲ့ ဇနီးမယား အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်လ်မမတွေကလည်း ဘောလုံးကွင်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အားပေးကြဦးမှာပါ။ အဲဒီလို ကွင်းထဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးတဲ့ ပရိသတ်တွေကိုလည်း ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။ ကဲ ပရိသတ်တွေကကော ဘယ်အသင်းတွေကို အားပေးမှာလဲ?

SHARE