ဘူတာစင်္ကြန်ပေါ်က စပျစ်သီးတွေနဲ့ ထုတ်လုပ်ထားတဲ့ ဂျပန်နိုင်ငံက ရထားဘူတာဝိုင်

IG/elitherev

ဆာကေးနဲ့ ဆိုဂျူကို အဓိကထားပြီး သောက်သုံးနေကြတဲ့ ပရိသတ်တွေကြားမှာ ဂျပန်နိုင်ငံက ရထားဘူတာမှာ ထုတ်လုပ်တဲ့ ဝိုင်က မျက်စိကျစရာ ဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံက စိတ်ဝင်စားစရာ ဝိုင်တွေကို ထုတ်လုပ်နေတာ နှစ်ပေါင်းအတော်ကြာပါပြီ။ ဒါပေမယ့် အခုတစ်ခါမှာတော့ ရထားဘူတာပလတ်ဖောင်းမှာ ရှိနေတဲ့ စပျစ်ခြံကနေ ထုတ်လုပ်တဲ့ ဝိုင်တွေက ပိုပြီးစိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတော့တယ်။

 

Shiojiri Station Merlot လို့ အမည်ရတဲ့ ဒီရထားဘူတာဝိုင်ကို ဂျပန်နိုင်ငံရဲ့ ဝိုင်ထုတ်လုပ်ရာ ဒေသအဖြစ် ကျော်ကြားတဲ့ Shiojiri မြို့မှာ ထုတ်လုပ်တာ ဖြစ်ပါတယ်။ ဒီဝိုင် ထုတ်လုပ်ရာ စပျစ်ခြံက မြင်တွေ့ဖူးတဲ့ စပျစ်ခြံပုံစံတွေကနေ ကွဲထွက်နေခဲ့ပါတယ်။ သူ့ရဲ့ စပျစ်ခြံကတော့ Shiojiri ဘူတာ စင်္ကြန်နံပါတ် ၃ နဲ့ ၄ မှာ တည်ရှိနေတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by 002usako (@002usa)

၁၉၈၈ ခုနှစ်တည်းက ပလတ်ဖောင်းပေါ်မျာ စပျစ်ကို စတင် စိုက်ခဲ့ကြတာ ဖြစ်ပြီး သူတို့မြို့ရဲ့ အထင်ကရ ဝိုင် ထုတ်လုပ်ဖို့အတွက် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် မီးရထားဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ မြို့ရဲ့ ခရီးသွားလုပ်ငန်း အဖွဲ့အစည်းတွေ အပြင် ဒေသခံ စပျစ်စိုက်ပျိုးတဲ့ တောင်သူတွေရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ စပျစ်စိုက်ပျိုးပြီး ဝိုင်တွေ ထုတ်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆောင်းဦးမှာ ရိတ်သိမ်းပြီး Red Merlot နဲ့ White Niagara grapes ဝိုင်တွေကို ထုတ်လုပ်ခဲ့ကြပါတယ်။

READ
ဆိုရှယ်မီဒီယာမှာ လူကြိုက်များနေတဲ့ ဂျပန်နိုင်ငံက နောက်ဆုံးပေါ် လမ်းပြဆိုင်းဘုတ်

ရထားဘူတာမှာ ဝိုင်တွေကို အရသာခံလို့ ရတယ်ဆိုတာက ခရီးသွားတွေနဲ့ လူအများကြားမှာ လုံးဝ အာရုံစူးစိုက်မှု အပြည့် ရရှိခဲ့ကြပါတယ်။ နာမည်ကျော်လောက်အောင်ကိုပဲ သူတို့က ဝိုင်ရဲ့ အရည်အသွေးကိုလည်း ထိန်းသိမ်းသလို ဝိုင်ထုတ်လုပ်မှုကလည်း အနည်းငယ်ပါပဲ။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှာ ဝိုင်ပုလင်း ၁၂၀ ကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ တစ်ပုလင်းကို တန်ဖိုးငွေ ယန်း ၄၀၀၀ ကနေ ယန်း ၈၀၀၀ အထိ ရှိပါတယ်။

 

 

View this post on Instagram

 

A post shared by Koichiro Tanaka (@tanaka0516)

တကယ်တော့ ဝိုင်သောက်တဲ့ ပရိသတ်တွေအတွက် ရထားဘူတာစိုက်ခင်းထဲက ထွက်တဲ့ ဝိုင်တွေဆိုတာ တကယ်ပဲ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့ပါတယ်။ အရသာနဲ့ အရောင်အဆင်းကောင်းမွန်တဲ့ စပျစ်တွေ ထွက်ရှိဖို့အတွက် ရထားဘူတာ ပလက်ဖောင်းကိုလည်း အဆင့်မြှင့်တင်ခဲ့ပြီး အလင်းရောင်ရအောင်လည်း လုပ်ထားခဲ့ပါတယ်။

READ
ConorMcGregor နဲ့ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ရင်ဆိုင်ဖို့ အတည်ပြုလိုက်ပြီဖြစ်တဲ့ Pacquiao

ဝိုင်ကို ပုံစံနှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး ဝက်သစ်ချပင် မဟုတ်တဲ စည်ပိုင်းတွေရယ်၊ ဂျပန်နိုင်ငံရဲ့ ဈေးကြီးပြီး ရှားပါးတဲ့ ဝက်သစ်ချသားစည်းပိုင်းထဲမှာ စိမ်ထားတဲ့ ဝိုင်တွေဆိုပြီး နှစ်မျိုး ထွက်ရှိတာ ဖြစ်ပါတယ်။

ဝိုင်ချစ်သူ ပရိသတ်တွေကတော့ ဒီဝိုင်က တခြားသော ဂျပန်နိုင်ငံက ဝိုင်တွေနဲ့ မတူတဲ့ အရသာရှိတယ်လို့ ဆိုကြပါတယ်။ ချိစ့်၊ အသားကင်၊ တူနာငါး၊ ချောကလက်ခါး၊ ဘယ်ရီသီး စတဲ့ အရာတွေနဲ့လည်း လိုက်ဖက်ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံ ရောက်ခဲ့ရင် မဖြစ်မနေ သွားရောက် မြည်းစမ်းကြည့်သင့်ပါတယ်နော်။

Kham

SHARE