ပိုဒေါ့စကီးရောင်းချတဲ့ အသားကင်ကိုအားပေးဖို့ ငါးနာရီကြာ စောင့်ဆိုင်းခဲ့တဲ့ ပရိသတ်များ

ကမ္ဘာဖလားကြီးကို ဂျာမန်အသင်းနဲ့အတူ ရယူနိုင်ခဲ့တဲ့ အသက် (၃၂)အရွယ် အာဆင်နယ်ကစားသမားဟောင်း ပိုဒေါ့စကီးဟာ လက်ရှိအချိန်မှာ Vissel Kobe အသင်းမှာ ကစားနေဆဲပါဘဲ။ ကစားသမားဘဝက အနားယူဖို့ နီးစပ်နေပြီဖြစ်တဲ့ ပိုဒေါ့စကီးဟာ သူလက်ရှိကစားနေတဲ့ ဂျပန်မှာပင် အခြေစိုက်ပြီး စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနီးမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်နေပါပြီ။

REX

ပိုဒေါ့စကီးဟာ သူ့ရဲ့ လုပ်ငန်းတွေထဲက တစ်ခုဖြစ်တဲ့ တံစို့ထိုးအသားကင်ဆိုင်တစ်ခုကို ဂျပန် Kobe မှာ စတင်ဖွင့်လှစ်ခဲ့ပြီ၊ ယင်းနောက် တူရကီမှာ ဆိုင်ခွဲ၊ ယင်းနောက် သူ တော်တော်ကြာအောင် ကြင်လည်ခဲ့တဲ့ ဂျာမနိနိုင်ငံ၊ ကိုလုံးမြို့မှာလည်း ပြီးခဲ့တဲ့ စနေနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။

REX
REX

ဆိုင်နာမည်ကတော့ MANGAL Doner ဖြစ်ပြီး၊ သူ့ဆိုင်ကနေ ရောင်းချတဲ့ အသားကင်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး အသားကင်တွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပရိသတ်သောင်းနဲ့ချီဟာ ပိုဒေါ့စကီးရဲ့ဆိုင်သစ်ကို အားပေးဖို့ အချိန်ငါးနာရီကြာသည်အထိ စောင့်ဆိုင်းအားပေးခဲ့သလို၊ ရုပ်သံဌာနအသီးသီးကလည်း သတင်းတွေ လာရောက်ယူခဲ့ကြပါတယ်။

READ
ကိုရီးယား-တရုတ် ကင်မ်ချီတိုက်ပွဲကြောင့် ဂင်းနစ်စံချိန်တင်ပြီး အမြတ်ထွက်ခဲ့တဲ့ YouTuber
REX

ပိုဒေါ့စကီးဟာ ပိုလန်နိုင်ငံဖွားဆိုပေမယ့် ကိုလုံးမြို့က ကိုလုံးအသင်းမှာ ပရိုကစားသမားဘဝ စတင်ခဲ့သူပါ။ ဒါကြောင့် ကိုလုံးမြို့ခံပရိသတ်ဟာ သူ့ကို လေးစားချစ်ခင်ကြပြီး၊ ဂျာမနီအသင်းနဲ့အတူ ကမ္ဘာ့ဖလားကြီး ယူဆောင်ခဲ့ပြီးနောက်ပိုင်းမှာတော့ တစ်မြို့လုံးက သူ့ကို သူရဲကောင်းတစ်ယောက်လို အားပေးခဲ့ကြပါတယ်။ အခုအသားကင်ဆိုင်ရဲ့ လူတိုးအားကို ကြည့်တာနဲ့ ကိုလုံးပရိသတ်က သူ့ကို ဘယ်လောက်ချစ်တယ်ဆိုတာ မြင်သာစေမှာပါ။

REX

ဆိုင်ဖွင့်လှစ်ပွဲမှာ သူကိုယ်တိုင် အသားကင်တွေ ဓားနဲ့လှီးရောင်းချပေးခဲ့ပြီး ပရိသတ်ကလည်း လက်မလည်နိုင်အောင် အားပေးခဲ့ကြပါတယ်။ ယင်းနောက် ရာနဲ့ချီတဲ့လူအုပ်ကြီးကိုလည်း အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပြီး၊ ဆိုင်သစ်ဖွင့်လှစ်မှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပိုဒေါ့စကီးဟာ Vissel Kobe အသင်းမှာ (၁၂)ပွဲကစားပြီး (၅)ဂိုးသွင်းယူပေးထားတဲ့ တိုက်စစ်မှူးဖြစ်ပါတယ်။

REX

နတ်စည်ေတာ် (Shwemom)

source : mirror.co.uk

SHARE