စိတ်ကူးယဉ်အတွေးထဲက သတ္တ၀ါတွေကို ဖိုတိုရှော့အစွမ်းနဲ့ ဖန်တီးထားတဲ့ ပြင်သစ်ဒီဇိုင်နာ

ဖိုတိုရှော့ဟာ ပြင်ပလောကမှာ မဖြစ်နိုင်တဲ့အရာတွေကို ဒီဇိုင်းပညာသုံးပြီး ဖန်တီးပြနိုင်ဖို့ အကူအညီပေးပါတယ်။ စိတ်ကူးဥာဏ် ကွန့်မြူးအားကောင်းတဲ့ ဒီဇိုင်းပညာရှင်တွေဆိုရင် ကိုယ့်စိတ်ကူးထဲကအရာတွေကို တခြားလူတွေလည်းတွေ့မြင်နားလည်လာအောင် ဖိုတိုရှော့နဲ့ ချပြလို့ရပါတယ်။

ဒီဇိုင်းပညာနဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေရှိနေပေမယ့် ဒီဇိုင်နာအများစုက ဘောင်ထဲကဖောက်ထွက်ပြီး အသစ်အသစ်တွေ တီထွင်ဖန်တီးနိုင်ဖို့မှာ အခက်အခဲရှိကြပါတယ်။ ဒီထဲကမှ ပြင်သစ်က Julien Tabet ဆိုတဲ့အသက်(၂၀)အရွယ် ဒီဂျစ်တယ်ဒီဇိုင်းပညာရှင်လေးဟာ တိရစ္ဆာန်လေးတွေရဲ့ ဓာတ်ပုံတွေကိုအသုံးပြုပြီး စိတ်ကူးယဉ်လောကထဲမှာသာရှိနိုင်တဲ့ သတ္တ၀ါတွေကိုဖန်တီးခဲ့ပါတယ်။ အောက်မှာတော့ အသက်ငယ်ပေမယ့် ချီးကျူးဖွယ်ရာ သူ့ရဲ့ ဖိုတိုရှော့လက်ရာစွမ်းတွေကို တွေ့ရမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Source: boredpanda

SHARE