လှပပြီး ကော့ပျံနေတဲ့ ဦးချိုကြီးတွေကိုပိုင်ဆိုင်ထားတဲ့ စကော့တလန်တောင်တန်းဒေသ နွား

facebook/Hamish and Kyloe

အခုတလော အွန်လိုင်းပေါ်မှာ စကော့တလန်ဒေသက ကော့ပျံနေတဲ့ဦးချိုကြီးတွေကိုပိုင်ဆိုင်ထားတဲ့ ဧရာမနွားကြီးတစ်ကောင်ရဲ့ ဗီဒီယိုဖိုင်ကို လူကြည့်များနေပါတယ်။ နွားကြီးဟာ ပေါင်၂၀၀၀ဝန်းကျင်ခန့်ရှိပြီး အရွယ်ရောက်ပြီးတဲ့အမျိုးသား ၈-၉ ယောက်စာ အလေးချိန်လောက်ရှိကြောင်း boredpanda အရ သိရပါတယ်။

facebook/Hamish and Kyloe

နွားကြီးရဲ့ပိုင်ရှင်ကတော့ ဗာဂျီးနီးယားပြည်နယ် Bedford မှာနေထိုင်တဲ့ လယ်သမားကြီး Marc Stewart ပဲဖြစ်ပါတယ်။ လယ်သမားကြီး Marc က စကော့တလန်တောင်တန်းဒေသနွားမျိုးတွေဟာ သိမ်မွေ့တဲ့နွားမျိုးဖြစ်ရုံတင်မကဘဲ ဉာဏ်လည်းကောင်းကြောင်း ၄င်းဗီဒီယိုထဲမှာရှင်းပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ ၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ နွား Hamish ဟာ သူ့ရဲ့ပိုင်ရှင် Marc နားမှာ အေးဆေးသက်သာစွာနဲ့နေနေတာပါ။ Marc ကတော့ Hamish ရဲ့အမွှေးတွေကို ဖြီးသင်ပေးနေတာဖြစ်ပါတယ်။

facebook/Hamish and Kyloe

ရုတ်တရက်ကြည့်လိုက်ရင်တော့ နွားကြီးရဲ့အရွယ်အစားနဲ့ သူ့ရဲ့ဦးချိုကြီးတွေက ကြောက်ရွံ့ထိတ်လန့်စရာပါ။ ဒါပေမဲ့ Marc ကတော့ Hamish ရဲ့ ဦးချိုတွေက သူ့ကိုထိုးမိတာမျိုးမဖြစ်ဖူးတဲ့အကြောင်းနဲ့ တကယ်လို့ထိုးမိတယ်ဆိုရင်လည်း Hamish တမင်လုပ်မှပဲဖြစ်လိမ့်မယ်ဆိုပြီး ပြောထားပါသေးတယ်။

READ
(၂၀၂၀) ခုနှစ်မှာ တွေ့မြင်ရမယ့် လပြည့်လ၊ စူပါမွန်းများနဲ့ အပြာရောင်လများအကြောင်း

အောက်မှာတော့ သခင်နားမှာ ငြိမ်ဝပ်စွာရှိနေတဲ့ နွားကြီး Hamish ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဒီဗီဒီယိုလေးကတော့ Marc က တောင်တန်းဒေသနွားတွေရဲ့ ဦးချိုဟာ ဘယ်လောက်တောင် ရှုပ်ထွေးတဲ့စနစ်ရှိတယ်ဆိုတာကို ရှင်းပြထားတာဖြစ်ပါတယ်။

ShweMom

SHARE