လူရမ်းကားတစ်စုရဲ့ ၀ိုင်းဝန်းတိုက်ခိုက်တာကို ခံခဲ့ရပြီး ခေါင်းတစ်ခြမ်းဆုံးရှုံးခဲ့ရသူ

Loong Jamlong လို့ အမည်ရတဲ့ ထိုင်းလူမျိုး အိမ်ထောင်သည် အမျိုးသားတစ်ယောက်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်က အမျိုးသားအုပ်စုတစ်စုရဲ့ ရန်ရှာတိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဦးခေါင်းတစ်ခြမ်း ဆုံးရှုံးခဲ့ပါတယ်။ အခင်းဖြစ်တဲ့ ကာလအတွင်းမှာ Loong ဟာ စကားလည်း မပြောနိုင်သလို၊ ဘယ်ဘက်လက်မောင်းလည်း လှုပ်မရခဲ့ပါဘူး။

ဒီနောက်ပိုင်းမှာတော့ Loong ဟာ အလုပ်လည်း မလုပ်နိုင်တော့လို့ မိသားစုရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။ လက်ရှိအချိန်
မှာတော့ သူဟာ စေတနာရှင်တွေရဲ့ အကူအညီနဲ့ အသက်ရှင်နေထိုင်နေရပြီး၊ ခက်ခဲတဲ့ ဘ၀ကို ရုန်းကန်နေရပါတယ်။ သူရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက်လည်း အိမ်ကို ရောင်းချ အသုံးပြုခဲ့ရလို့ နေစရာလည်း မရှိပါဘူး။

Loong ဟာ အိမ်ကိုအပြန် လမ်းမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး၊ တိုက်ခိုက်သူတွေက သေပြီဆိုပြီး ထားရစ်ခဲ့တာ ဖြစ်ပါ
တယ်။ ဦးနှောက်နဲ့ အာရုံကြောကို ထိခိုက်သွားလို့ အခုအခါမှာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့သလို၊ ဘယ်
ဘက်လက်က သုံးမရလောက်အောင်ကို ခံစားနေခဲ့ရပါတယ်။

READ
ခရီးသည်ယူလာတဲ့ Power Bank ပေါက်ကွဲလို့ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့ လေယာဉ်

Loong ဟာ အသက် 41 နှစ်အရွယ်သာ ရှိသေးပြီး၊ မှတ်ဉာဏ်ကတော့ ပုံမှန်အတိုင်းပါဘဲ။ သူက ” ညပိုင်းကြီးမှာပေါ့ .. လူတစ်စုက ကျွန်တော့်ကို တိုက်ခိုက်တယ် … ခေါင်းကို ရိုက်ခွဲခံရတယ် … အခုတော့ ကောင်းနေပါပြီ “လို့ ဆိုပါတယ်။ သူဟာ အခုအခါမှာ တောထဲမှာ တဲထိုးနေပြီး၊ ရေအတွက် Chao Praya မြစ်ရေကိုသာ သောက်သုံးနေရပါတယ်။

သူဟာ အစားအစာတွက် တောင်းခံနေတာကို လုပ်အားပေး စေတနာရှင်အဖွဲ့က တွေ့ရှိခဲ့ပြီး၊ Bangkok’s Community Rescue Foundation အဖွဲ့နဲ့လည်း ဆက်လက် ချိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါအဖွဲ့က Loong ကို ဆက်လက် ကူညီိသွားမှာဖြစ်ပြီး အစိုးရ ထောက်ပံ့စာရိတ် ရရှိဖို့လည်း ကြိုးစားပေးသွားမယ်လို့ သိရပါတယ်။

READ
နိုင်ငံတကာအာကာသစခန်းဆီ ခရီးသည်(၃)ဦးကို ပို့ဆောင်တော့မယ့် SpaceX ကုမ္ပဏီ

လင်းဇော်ကို (Shwemom)

source : daillymail.co.uk

SHARE