အီဘိုလာသံသယရှိသူတစ်ဦး တွေ့ရှိခဲ့တာကြောင့် အလုပ်များခဲ့ရတဲ့ ဒန်ဗာဆေးရုံ

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်က ဒန်ဗာမြို့ဆေးရုံတစ်ရုံမှာ အီဘိုလာကူးစက်ရောဂါသံသယရှိသူ လူနာတစ်ဦးကို တွေ့ခဲ့ကြောင်းသိရပါတယ်။ အီဘိုလာသံသယရှိသူကိုတော့ ပြင်ပလူနာတွေနဲ့ မထိတွေ့ရအောင် သီးသန့်ခွဲခြားထားလိုက်ပြီး တာဝန်ရှိသူတွေဟာ ရောဂါပိုးအန္တရာယ်ကာကွယ်နိုင်တဲ့ ၀တ်စုံတွေကိုဝတ်ဆင်ပြီး စီမံကိုင်တွယ်ခဲ့ကြပါတယ်။

Dillion M.Thomas/CBS Denver

တာဝန်ရှိသူတွေရဲ့ အဆိုအရ မကြာသေးခင်ကမှ အီဘိုလာရောဂါဖြစ်ပွားမှုတွေရှိခဲ့တဲ့ ကွန်ဂိုဒီမိုကရက်တစ်နိုင်ငံသို့ သွားရောက်ပြီး ပြန်လာတဲ့ လူနာတစ်ယောက်ဆီမှ အီဘိုလာလို့ ယူဆရတဲ့ ရောဂါလက္ခဏာတွေကို တွေ့ရှိခဲ့ကြောင်း ဆိုပါတယ်။ အဆိုပါလူနာကိုတော့ သီးသန့်အဆောက်အဦးထဲမှာ ခွဲထားလိုက်ပြီး ယင်းလူနာရဲ့ အခြေအနေကိုဆက်လက်ကြည့်ရှုနေဆဲဖြစ်ပါတယ်။ အရေးပေါ်သူနာပြုဝန်ထမ်းတွေအနေနဲ့လည်း ရောဂါပိုးမကူးစက်နိုင်တဲ့ အကာအကွယ်တွေကို ၀တ်ဆင်ပြီး အဆောက်အဦးထဲ ၀င်ထွက်နေတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

Dillion M.Thomas/CBS Denver

အီဘိုလာသံသယရှိသူလူနာ ရောက်ရှိပြီးနောက်ပိုင်းမှာ ဆေးရုံဆေးပေးခန်းလက်ခံမှုတွေကို ခေတ္တခဏမျှပိတ်ထားခဲ့ပြီး အရေးပေါ်လူနာတွေကို ဆေးရုံဆီခေါ်မလာဘဲ တခြားဆေးရုံတွေဆီ လက်ပြောင်းကုသမှုခံယူတာတွေကို လုပ်ဆောင်စေခဲ့ပါတယ်။ ဆေးရုံက တရားဝင်ထုတ်ပြန်ချက်တစ်ခုမှာတော့ လူနာမှာ အီဘိုလာလို့ယူဆနိုင်တဲ့ လက္ခဏာတွေ တွေ့ရပေမယ့် အီဘိုလာရောဂါလို့လည်း တထစ်ချ အတည်မပြုနိုင်သေးကြောင်း ပြောဆိုခဲ့ပါတယ်။

READ
အမျိုးသမီးတွေ တင်ပါးလှပကျန်းမာစေတဲ့ လေ့ကျင့်ခန်း(၅)ခု
Google

ဆေးရုံကတော့ ဆေးရုံလူနာတွေ၊ ၀န်ထမ်းတွေနဲ့ ဆေးရုံလာဧည့်တွေကို မကြောက်ရွံ့ဖို့နဲ့ အီဘိုလာ သံသယရှိသူကို ကောင်းမွန်စွာ ကိုင်တွယ်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အီဘိုလာဗိုင်းရပ်စ်ဟာ အသက်အန္တရာယ်ကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နိုင်တဲ့ ကူးစက်ပိုးဖြစ်ပြီး ကိုယ်ခန္ဓာကထွက်တဲ့ အရည်တွေကနေ တဆင့် တိုက်ရိုက်အလျင်အမြန် ကူးစက်ပြန့်နှံ့နိုင်ပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က အာဖရိကအလယ်ပိုင်း ကွန်ဂိုမှာ အီဘိုလာရောဂါဖြစ်ပွားတုန်းကလည်း လူ(၃၃)ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE